နာမည်ကြီး ဟသာင်္တမုန့်ဟင်းခါး ချက်နည်းတွင် လျို့ဝှက်ချက် နှစ်ခု

နာမည်ကြီး  ဟသာင်္တမုန့်ဟင်းခါး ချက်နည်းတွင် 
လျို့ဝှက်ချက် နှစ်ခု


(၁)ကုလားပဲပြုတ်သည့်အခါ
 ဆီ နနွင်းမု့န့် ချင်း ထောင်းပြီးထည့်ပါ ။
 ဆားလုံးဝမထည့်ရ။
 ပဲနူးသည့်အခါတွင် ဆားထည့်ပါ။
 ပဲနံ့မရတော့ပါ။ ဆိမ့်သည့်အရသာ ဖြစ်ပါလိမ့်မည်။

(၂)ငါးပြုတ်လျှင် စပါးလင် အရင်းပိုင်းများထောင်းပြီးအိုး၏အောက်မှာထားပြီး ငါးကိုတင်ပါ ငံပြာရည် 
ငရုတ်သီး အပွခြောက် ၃ .တောင့်
ထန်းလျက်ညို ၂ ခဲ ထည့်ကာပြုတ်ပါ။

ငါးများနူးလာရင်ဆယ်၍ အအေးခံပါ 
ငါးပြုတ်ရည်ကိုစကာနှင့်စစ်ပြီးပြန်တည်ထားပါ။
ကြက် သွန်နီ ကြက်သွန်ဖြူ ဂျင်း ထောင်းကာဆီသတ်ပါ။ ငရုတ်သီး အရောင်တင်မုန့်နနွင်းမုန့်ထည့်ကာ
အနံမွေးလာရင်
ငါးပြုတ်နွှင်ထားတာတည့်လိုက်ပါ။
ငါးဆီသတ်ရင် ခြောက်မသွားစေရပါ။
ငါးကြော်လိုမဖြစ်စေရ။
အရောင်ညီလာလျှင်ငါးဆီသတ်ထဲသို့..
ငါးပြုတ်ရေအနည်းငယ်ထည့်ရမယ် ။
ငါးမွှေအိအိလေးဖြစ်ပါစေ အဲတာက အဓိက

ပဲပြုတ်ရည်နဲ့ ငါးပြုတ်ရည်ကို အိုးတစ်ခုထဲပေါင်းထည့်ပီး
ပြုတ်ထားတဲ့ ကုလားပဲဆန်ကို ထောင်းပီး ထည့်မွှေပေးပါ။
ငါးဆီသတ်ကိုပါ တခါတည်း ထည့်မွှေပေးပါ။

ဟင်းရည်ဆူလာရင်
,ကြက်သွန်နီဥ,ငရုတ်ကောင်းမှုန့် ထည့်မွှေပါ။
ငံပြာရည်,ဟင်းခပ်မှုန့် လိုသလိုထည့်ပီး အရသာစပ်ပါ။
ဆန်လှော်မုန့် ရေကျဲဲကျဲဖျော်ထည့်ပေးနော် .
,ကြက်သွန်နီဥလေးများ နူးရင်ရပါပြီ။

အရသာကောင်းလွန်းသော ဟသ်ာတ မုန့်ဟင်းခါး ကို မိသားစု ပျော်ရွင်စွာသုံးဆောင်နိုင်ကြပါစေနော်
Credit to original
C. R d

Post a Comment

Previous Post Next Post

Comments