ကျွန်မက ဘယ်လိုမိန်းမမျိုးလဲ ဆိုရင် မာနကြီးတယ် တန်ဖိုးမမဲ့ဘူး . . .

ကျွန်မက ဘယ်လိုမိန်းမမျိုးလဲ ဆိုရင် 
မာနကြီးတယ် တန်ဖိုးမမဲ့ဘူး .  .  .  


တစ်ချို့လူတွေက ပြောကြတယ် 
မာနကြီးတိုင်းလဲ မကောင်းဘူးတဲ့ .  .  .

အခုခေတ်မှာ အချစ်လို့ ခေါင်းစဉ်တတ်ပြီး 
တန်ဖိုးမဲ့သွားတဲ့ မိန်းကလေးတွေ ဘယ်လောက်တောင် ရှိနေပြီးလဲ .  .  .

ဒီ မိန်းမက လွယ်လိုက်တာလို့ ယောကျာ်းတွေရဲ့ ပါးစပ်ဖျားမှာ အပြောမခံရဖို့ အတွက် မာနရှိဖို့ 
သိပ်လိုအပ်တာပေါ့ .  .  .

ဒီ မိန်းမက ငါမရှိရင်မဖြစ်ပါဘူး 
သူ နေနိုင်မှာ မဟုတ်ဘူးဆိုပြီး ယောကျာ်းတန်မဲ့ သက်သက်မဲ့ အနိုင်လိုချင်တဲ့ လူတွေရဲ့ လက်ထဲမှာ ကစားစရာမဖြစ်ဖို့ မာနထားရမယ်လေ .  .  .

အပြောချိုတိုင်းလည်း ဘဝပုံပေးဖို့ထိ မယုံနဲ့
လက်ဆောင်တွေ ထားစရာမရှိအောင် ဝယ်ပေးတိုင်းလဲ အချစ်လို့ ထစ်ထစ်ချ မသတ်မှတ်နဲ့.  .  .

တစ်ချို့လူတွေက ရဖို့ရှိလို့ အရင်ထုတ်တာ ။

ချစ်တိုင်းလဲ စုံလုံးကန်း မပေးဆပ်နဲ့ 
ကိုယ်မှ လှပတဲ့ အနာဂတ်တွေ ရှိသေးတယ် 
ဘဝကအချစ်တစ်ခုထဲနဲ့ မပြည့်စုံနိုင်သေးဘူး .  .  . ။

#credit

Post a Comment

أحدث أقدم

Comments