ဆရာ မပြရင်ငပိဖုတ်တောင်နည်းမကျဘူးဆိုတာတကယ်မှန်ပါတယ် ၊ကြက်သားကြော်တယ်ဆိုတာဘာမှထူးဆန်းတာလဲမဟုတ်,ခက်ခဲတာလဲမဟုတ်ဘူးဆိုပေမယ့်
ခုလိုပုံကျပန်းကျမွမွချိုချိုအိအိလေးဖြစ်ဖို့တော့စကေးလိုပါတယ်၊စားချက်အဖွဲ့ကြီးနဲ့တွေ့မှခုလိုပုံလေးကြော်တတ်တာမို့ပြန်မျှဝေတာပါရှင်
အရေးကြီးဆုံးက၆၀သားအရွယ်ဗမာကြက်နုနုလေးရဖို့ပါ၊ကျမတို့နယ်မှာတော့ဗမာကြက်ကစျေးကြီးပေမယ့်ရှားရှားပါးပါးမဟုတ်ပါဘူး၊အချိန်မရွေးဝယ်လို့ရသလိုကြက်နီမနဲ့လဲညာရောင်းလေ့မရှိပါဘူး၊ခြေထောက်နှုတ်သီးအမဲနဲ့ဗမာကြက်ရှိသလိုခြေထောက်အဝါရောင်လဲရှိပါတယ်၊တကောင်လုံးကို၄ပိုင်းဘဲပိုင်းပြီးရေဆေးသန့်စင်ပါတယ်၊ ပြီးရင်ချိုငန်အရသာသွင်းပါမယ်၊နနွမ်းအနည်းငယ်ထည့်နယ်ပြီး၁နာရီလောက်နှပ်ထားပါတယ်၊ဒယ်ပိုင်းမှာရေအနည်းငယ်ထည့်ပြီးဆူလာရင်ကြက်သားတုံးများထည့်ပါ၊အဖုံးအုပ်ပြီးရေခန်းတဲ့အထိတည်ပါမယ်၊ပြီးလျှင်ဆီပူအိုးတည်ပါမယ်၊ပဲဆီကိုဘဲသုံးပါတယ်၊ဆီများများလေးတော့ထည့်ရပါမယ်နော်၊ဆီကျက်လျှင်ကြက်သား၃တုံးလောက်ဆီ မီးအနည်းငယ်ပြင်းပြင်းလေးနဲ့ကြော်ပါမယ်၊နီရဲလာလျှင်တဖက်လှန်ကြော်ပါ၊ကြက်သားတုံးမှဆီမြှုပ်လေးများမပျောက်ခင်စားပါကအရသာအကောင်းဆုံးမို့ကျမကတော့ထမင်းပွဲပြင်ခါနီးမှကြော်ပါတယ်၊ကြက်သားအရည်ခွံနီကြွပ်ပြီးအတွင်းသားနူးအိကာ သားတော်မောင်တွေစကားနဲ့ပြောရရင်အရမ်းjuicyဖြစ်ပါတယ်၊အရသာအကောင်းဆုံးတွေကိုသာပေးချင်တာကမိသားစုအပေါ်ထားတဲ့ကျမတို့အိမ်ရှင်မတွေရဲ့စေတနာမေတ္တာတွေဘဲမဟုတ်ပါလားရှင်🤗
Credit

إرسال تعليق