""ကြာဇံဟင်းချက်နည်း""
ဒီ ကြာဇံချက် ချက်နည်းကို အကြိမ်
ပေါင်းမြောက်များစွာ ချက်နည်းအမျိုးမျိုးနဲ့တင်ခဲ့ပေးပြီး သားပါ..
ဒါပေမဲ့ တချို့ ကြာဇံချက်ကမချိုဘူး..ဘာလို့မချို တာလည်း
တချို့က ကြက်သားကိုအစိမ်းလိုက်
တုံးတစ်ခုတ်ထစ်ပြီးတစ်ခါတည်းတန်းပြီးဆီသတ်ချက်
လိုက်တဲ့အတွက်ကြောင့်ပဲ..အဲ့ဒီလိုမျိုးချက်ရင် ဟင်း
အချိုက သိသိသာသာ ပေါ့သွားပါတယ်.. မယုံရင် နောက်
တစ်ခါထပ်ချက်ရင် ကြက်သားကို ပြုတ်ပြီးမှ ဆီသတ်ချက် ကြည့်ပါ
သေချာ မချက်တတ်တဲ့သူတွေအတွက်
ရေးပေးမဲ့အချက်လေးတွေကို သေချာမှတ်ထားပေးပါ 😍
""အနံအရသာနှင့်ပြည့်စုံတဲ့ ကြာဇံချက်တစ်ခွက်ချက်မယ်""
================================
ကြက်သားကြက်ရိုးကို အရင်ဆုံး ပြုတ်မဲ့အိုးထဲထည့်ပါ ဆား ကြက်သားမူန့်နဲ့နယ်ပေးပါ..ပြီးရင်ရေတန်းမထည့်
သေးဘဲ သူ့ရေနဲ့သူခမ်းအောင် အရင်ဆုံးလုံးပေးပါ..
အဲ့ဒီလိုလုပ်တာဟာ ကြက်ညှီနံ့ကို သိသိသာသာ သက်
သာစေတယ် .ကြက်သားတွေတင်းပြီးရေခမ်းမွှေးလာပြီ
ဆိုရင် ရေမြုပ်အောင်ထည့်ပါ..ရေပွက်ပွက်ဆူရင် ချင်း
ပြား အနည်းငယ်ထည့် ငံပြာရည်ထည့်ပါ..ပြီးမှ ကြက်ရိုး
ကြက်သားတွေ အချိုရည်ထွက်သည်ထိပြုတ်ပေးပါ.
အသားတွေဆယ်ပါ .အအေးခံပြီးအသားမျှင်ပါ .အရိုးတွေ
အိုးထဲပြန်ထည့်ပြီး အရိုးပြုတ်ရည်ကို ဆက်တည်ထားပါ
ဒီအဆင့်တွေကို သေချာမှတ်ပြီး တဆင့်ခြင်းမလွဲအောင်
မှတ်ထားပါ...
အရိုးပြုတ်နေစဉ်မှာ မိူခြောက်ကို ရေစိမ်ထားပါ.သဲစင်
အောင်ခါပြီးအနေတော်ညှပ်ထားပါ.ပဲပြားလိပ်ကိုရေမစိမ်
ပါဘူး.ကြော်ပြီးမှထည့်ပါ..
ယိုးဒယား ကြာဇံနဲ့ချက်မည်ဆိုလျှင် ထည့်ခါနီး ဆယ်မိနစ်
အလိုမှရေစိမ်ပါ..ဗမာကြာဇံဖြင့်ချက်မည်ဆိုပါက. ရေမစိမ်
ခင် ရေနွေးပူပူဖြင့်တစ်ချက်အမြန်ဖြောပြီးဆေးချပါ..သိသိ
သာသာကြာဇံအနံ့ထွက်သာကိုသိသာပါတယ် ပြီးမှ ရေကို
နာရီဝက် မကစောစိမ်ပေးပါ..ရလျှင် သဲခါချပြီးမှ ကြာဇံ
ကိုအနေတော် ညှပ်ပေးပြီးရေစစ်ထားပါ..အရမ်းသေးသေးတွေမညှပ်ပါနဲ့ ချက်လိုက်လျှင်အကုန်ပြတ်ထွက်ကုန်
တတ်တယ်..
ကြက်သားဆီသတ်မည်ဆိုလျှင်
••••••••••••••••••••••••
ကြက်သွန်နီကိုလေးစိတ်စိတ်ပါ ပြီးရင်အမွှာလိုက်ပြန်ခွာထား ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ..နှစ်မျိုးလုံး
ကို လုံးဝမထောင်းပါဘူး..ထောင်းပြီးဆီသတ်လျှင် ဟင်း
ရည်အိုးကြာကြာတည်လျှင် ညှီးနံ ရသွားပါတယ်..
ဆီအိုးပူရင် အရင်ဆုံး ပဲပြားလိပ်တွေကိုကြွပ်အောင်ကြော်
ပါ ကြွပ်ရင်ဆယ်ထား.. ပိုတဲ့ဆီမှာ ကြက်နီဖြူဆီသတ်
မွှေးရင် အရောင်အတွက် အရောင်တင်မူန့် တစ်မျိုးတည်း
ဇွန်းဖျားလောက်ပဲခပ်ထည့်ပါမယ် .အများကြီးမထည့်ပါနဲ့
နနွင်းမှုန့် ကို လုံးဝမထည့်ပါဘူး..အရောင်တင်မူန့်. နည်း
နည်းလေးပဲခပ်ထားတဲ့အရောင်က အရမ်းမနီပဲ ကြည်ကြည်လေးနဲ့လှပါတယ်...
ပြီးမှ အသားမျှင်ထားတဲ့ကြက်သားတွေကိုထည့်ပါ..မိူ
ခြောက်ရေစိမ်ထားတာထည့်ပါ.ခဏလောက်မွှေပြီးရင်
အရိုးပြုတ်ရည်ကို အနည်းငယ်ခပ်ထည့်ပြီး ဆီပြန်ရေခမ်း
သည်ထိ မွှေးနေအောင်ဆီသတ်ထားပါ..ဒါဆိုရင် ကြက်ဆီ
သတ်ရပီ..
ကြာဇံ ချက် ချက်တော့မည်ဆိုရင်..
•••••••••••••••••••••••••••
ပွက်ပွက်ဆူ နေသောအရိုးပြုတ်ရည်အိုးထဲကို ကြက်ဆီ
သတ်ကိုထည့်ပါ.ပဲပြားခြောက်ကြော်ထည့်ပါ .ကြက်သွန်
နီဥအသေးလေးတွေထည့်ပါ..ပွက်ပါစေ .အရည်ကျရင်
ကြာဇံခပ်ပါ..ငုံးဥပြုတ် /ဘဲ/ကြက်ဥပြုတ်ထည့်ပါ..
အရသာအတွက် ငံပြာရည်အကောင်းစားကိုသာသုံးပါ
ကြက်သားမူန့် ဆား သကြား သင့်တင်မျှတစွာထည့်ပါ..
သကြားအနည်းငယ်ထည့်ပေးခြင်းအားဖြင့် အချိုအရသာ
ပိုလေးပြီးပိုကောင်းပါတယ်..ငရုတ်ကောင်းအနည်းငယ်
ခပ်ပါ..အားလုံးအနေတော်ဆိုရင် အရသာရှိပြီးမွှေးရနံ့
နဲ့ပြည့်စုံတဲ့ ကြာဇံချက်တစ်ခွက်ကိုရရှိမှာပါ..
ကြက်သားကို အစိမ်းလိုက်ဆီသတ်ပြီးချက်တာက ကြက်
ရိုးပြုတ်ရည်ရဲ့အချိုရည်ကို မရတဲ့အတွက် အချိုပေါ့တာ
ပါ..ပြုတ်ချက်နဲ့ အစိမ်းချက် ..ထည့်ရတဲ့ ကြက်သား
ပမာဏ ခြင်းတူရင်တောင်မှ အရသာကွာသွားတာ ဒါ
ကြောင့်ပါ..စာရှည်သွားပြီ..စေတနာများစွာဖြင့်.
Credit.လှိုင်လှိုင်

Post a Comment