ချဉ်ပေါင်ကြော်
ထမင်းမြိန်စေတဲ့ ချဉ်ပေါင်ကြော် တစ်ပွဲ
ချဉ်ပေါင်ကြော်ကိုတော့ တော်တော်များများ ကြိုက်ကြပြီး ထမင်းစားတဲ့ အခါမှာ အရံဟင်း အဖြစ်သုံးလေ့ ရှိပါတယ်။ ချဉ်ပေါင်ကြော်တဲ့ အခါမှာ မျစ်၊ ငရုပ်သီးထောင့်၊ မိမိကြိုက်တဲ့ ဟာလေးတွေကို ထည့်ကြော်လို့ ရပါတယ်။ အစိုကြော် ရှိသလို အခြောက်ကြော်လည်း ရှိပါတယ်။
ချဉ်ပေါင်ကြော်ဟာ ထမင်းမြိန်စေတဲ့ ဟင်းတစ်ပွဲ ဆိုလည်း မှားမယ် မထင်ပါဘူး။ ချဉ်တဲ့ အရသာ ရှိတယ်ဆိုပေမယ့် စားရသူ အဖို့တော့ လျာထဲမှာ လွန်စွာ နှစ်သက်စေပါလိမ့်မယ်။ ခရီးသွားတဲ့ အခါ ကြာရှည်ခံ အစားအစာ တစ်ခု အဖြစ်လည်း သုံးလေ့ ရှိပါတယ်။
ရှေးယခင်ကတည်းက နာမည်ကြော် အစားအသောက် တစ်မျိုး ဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာစေတဲ့ ဟင်းတစ်မျိုးပါ။ ဒါကြောင့် ချဉ်ပေါင်ကြော် တစ်ပွဲကတော့ ထမင်းမြိန်စေရုံ မကဘဲ အသုံးစရိတ်ကိုပါ ချွေတာရာ ရောက်ပါလိမ့်မယ်။

إرسال تعليق