ငွေရှိလာတဲ့ အခါ…
*******************
ငွေရှိလာတဲ့ အခါ…
ရုပ်ဆိုးကြီးတွေက ရုပ်ချောလာမှာ ဖြစ်ပြီး
အသံဆိုးကြီးတွေကလည်း…
အသံကောင်းလာကြလိမ့်မယ်။
ငွေရှိလာတဲ့ အခါ...
အထင်သေးသွားကြသူတွေက
လာပေါင်းသင်းကြမှာ ဖြစ်ပြီး
နှိမ့်ချခဲ့သူတွေကတော့…
ဆွေမျိုး လာတော်ချင်ကြလိမ့်မယ်။
ငွေရှိလာတဲ့ အခါ...
မခေါ်မပြောခဲ့ကြသူတွေက
ခဏခဏ လာဖိတ်ခံရမှာ ဖြစ်ပြီး
ဂရုတစိုက် ကဲ့ရဲ့ခဲ့ကြသူတွေကတော့…
အရင်က အကြောင်းတွေကို မေ့ပစ်ကြဖို့ လာပြောကြလိမ့်မယ်။
ငွေရှိလာတဲ့ အခါ...
တစ်ချိန်က မပေါင်းသင်းချင်ကြသူတွေက
ဆွေမျိုးတော်စပ်ကြောင်း လာရှင်းပြကြမှာ ဖြစ်ပြီး
အနားမှာ ရှိနေကြသူတွေကလည်း…
ဘုရင်တစ်ပါးလို ကိုးကွယ်လာကြလိမ့်မယ်။
ငွေရှိလာတဲ့ အခါ...
ဆင်းရဲချိန်တုန်းက
တိရစ္ဆာန်လို ဆက်ဆံခဲ့ကြသူတွေက
လက်ဆောင်တွေခဏခဏ လာပို့ကြမှာ ဖြစ်ပြီး
အိမ်ကိုလည်း မကြာခဏ အလည်လာရောက်ဖို့
နာပူအောင်ဖိတ်ကြား လာကြလိမ့်မယ်။
ဒီလိုနဲ့
ငွေက ဆရာကြီးကို ဖြစ်လို့နေရဲ့။
©® Knowledges
❀ စာပေချစ်သူအပေါင်း ရွှင်လန်းချမ့်မြေ့ကြပါစေ🙏 ❀
#Credit_to_the_Original_Uploader

إرسال تعليق