ဥပေက္ခာနဲ့ တန်ဖိုး....
သင်..အကောင်းဆုံးတွေ လုပ်ပေးခဲ့တာတောင်မှ
ကိုယ့်ကို အကောင်းမမြင်တဲ့ သူကို
ဥပေက္ခာဆိုတဲ့ အရာသာ ပေးခဲ့လိုက်ပါ...
ကိုယ်လောက် ဘယ်သူမှကောင်းဖို့မလွယ်အောင်
အစွမ်းကုန်ကောင်းခဲ့တာကို တန်ဖိုးမထားဘူးဆိုရင်
ဝမ်းနည်းနေမယ့်အစား မေ့ပျောက်နိုင်အောင်ကြိုးစားပါ...
ကိုယ်လောက် သူ့အပေါ် အကောင်းဆုံး
နားလည်ပေးပြီး တန်ဖိုးထားခဲ့တာတောင်မှ
တန်ဖိုးမထားတတ်ဘူးဆိုရင် ဖက်တွယ်မနေသင့်ပါ...
တခါတလေမှာ ကိုယ်က ဘယ်လောက်ပဲ
ကောင်းတာတွေးပေးပေး တန်ဖိုးသိသူနဲ့သာ
တန်ဖိုးမြင့်မားလာတာမျိုးပါ...
တစ်ခါတစ်လေ ကျတော့လဲ
သူတောင်းစားဆိုတာ နန်းတော်မှာမပျော်တတ်သလို
ဝက်မြှီးဆိုတာကလည်း မရရအောင်ဖြောင့်နေလို့
ရတဲ့ နေရာမျိုးမဟုတ်ဘူးလေ။
သင်.....အကောင်းဆုံး ၊ အတတ်နိုင်ဆုံး
တန်ဖိုးထားပြီး နားလည်မှုတွေ ပေးနေပါလျက်နဲ့
တန်ဖိုးမထားသူကို " ဥပေက္ခာ" ပြုနိုင်အောင်ကြိုးစားပါ။
တကယ်၍
မပြတ်သာနိုင်ခဲ့ဘူး ဆိုရင် သေချာပါတယ်
သင့်တန်ဖိုးလည်း အလကား ဖြစ်သွားနိုင်သလို
နာကျင်မှုကလည်း အဆမတန်ပါပဲ။
#Credit

Post a Comment