ဝက်လက်စွပ်ပြုတ်🐷

🐷ဝက်လက်စွပ်ပြုတ်🐷
-------------------

လိုအပ်သောပစ္စည်းများ


ဝက်လက်                     ၁ချောင်း (၅၀သားခန့်)
ဆား                             အနည်းငယ်
သကြား                        ၁ဇွန်း(သေး)
နာနတ်ပွင့်                     ၁ပွင့်
ခရုဆီ                           ၁ဇွန်း(သေး)
ပဲငံပြာရည်အနောက်     အနည်းငယ်
ငရုတ်ကောင်း               အနည်းငယ်
နှမ်းဆီမွှေး                    အနည်းငယ်
ကြက်သွန်မိတ်              ၃ပင်
ထိုက်ဝမ်မုန့်ညှင်း          ၂ပင်
မုန့်ညှင်းစိမ်း                 ၂ပင်
ကြက်သွန်ဖြူ               ၄မွှာ
ဂျင်း                            ၂ပြား

● ဝက်လက်ကို အတုံးကြီးကြီးတုံး အမွှေးအမျှင်များသေချာသန့်စင်ရေဆေး၍ ရေစစ်ထားပြီး ဆား ငရုတ်ကောင်း ပဲငံပြာရည် ဇွန်းသေး ၁ ဝက်ထည့်နယ်
ထားပါ။
● ဆီဇွန်းသေး ၁ဇွန်းခန့်ထည့်ပြီး သကြားထည့်မွှေကာ နယ်ထားသော ဝက်လက်ထည့်၍ ၃မိနစ်ခန့်မွှေ၍ချပါ။
● pressure cookerထဲသို့ ကြက်သွန်ဖြူ ဂျင်း ဓားပြား
ရိုက် ခရုဆီ နာနတ်ပွင့် ပဲငံပြာရည် ဇွန်းသေး ၁ ဝက် ငရုတ်
ကောင်းစေ့ ၃စေ့ခန့်ထည့်၍ ဆူအောင်တည်ပါ။ ဆူလာလျှင် ဝက်လက်ကို ဆီစစ်၍ အိုးထဲထည့် ၍ မိနစ် ၄၀/၄၅ မိနစ်ခန့် တည်ပါ။ 
ရလျှင် ထိုင်ဝမ်မုန့်ညှင်း၊မုန့်ညှင်းစိမ်း၊ နှမ်းဆီမွှေးထည့်၍ချပါ။ 
ကြက်သွန်မြိတ်ပါးပါးနှင့် ငရုတ်ကောင်းထည့်လိုက်ပါက မွှေးပျံအရသာရှိလှတဲ့ ဝက်လက်စွပ်ပြုတ်ကို သုံးဆောင်နိုင်ပါပြီရှင် 
(ချဉ်စပ်ကြိုက်ပါက ငရုတ်သီးစိမ်းနှင့် သံပုရာသီး ထည့်၍ သုံးဆောင်နိုင်ပါတယ်ရှင်) 

Source #Internet

Post a Comment

Previous Post Next Post

Comments