လောကမှာ ဘယ်တော့မှ ကျေးဇူးမတင်တတ်တဲ့ လူတန်းစားဆိုတာ ရှိတယ်။

လောကမှာ
ဘယ်တော့မှ ကျေးဇူးမတင်တတ်တဲ့
လူတန်းစားဆိုတာ ရှိတယ်။


ကိုယ်က ကိုယ့်မှာရှိတဲ့
ငါးထောင် အကုန်ပေးခဲ့တယ်။
ဒါပေမယ့် သူဌေးတစ်ယောက်က
တစ်သောင်း ပေးတာကို
ကျေးဇူးတင်မဆုံးဘူး အဲ့လိုလူတန်းစား  ....

ကိုယ်ပေးခဲ့တဲ့ ငါးထောင်ဟာ
နောက်နေ့အတွက်
သုံးစရာမရှိတော့တာတောင် 
ရှိတာအကုန်ပေးခဲ့ပေမယ့်
သူဌေးပေးခဲ့တဲ့ တစ်သောင်းဟာ
လက်ဖက်ရည်ဖိုးသာသာပဲရှိတယ်ဆိုတာ သူမသိခဲ့ဘူး
သိလဲ သိပ်မခံစားတတ်တဲ့ လူစားမျိုး  .....

ကိုယ်ပေးခဲ့တဲ့ အချိန်ဟာ
မအားမလပ်တဲ့ကြားက
အပြေးအလွား သွားရတာဖြစ်ပြီး
သူများတွေ ပေးတဲ့အချိန်ဟာ
သူတို့အလုပ်ချိန်တွေ သင်တန်းတွေ
မိသားစုကိစ္စတွေအားလုံးပြီးမှ
ပေးကြတာဖြစ်တယ်။

ဒါပေမယ့် ပိုအချိန်ပေးတဲ့သူကိုသာ
ကျေးဇူးတင်ကြတယ်။
အခက်အခဲတွေကြားက လာရတဲ့သူကို
အသိအမှတ် မပြုကြဘူး  ...

ဒီလိုပါပဲ  ....
လူတစ်ချို့မှာ တစ်စုံတစ်ယောက်ကို 
ဘာလုပ်လုပ် သိပ်ကျေးဇူးတင်
သိပ်ချီးမွမ်းကြပြီး
နောက်လူတစ်ယောက်ကိုတော့
ဘာလုပ်လုပ် ကျေးဇူးတင်လေ့မရှိ
စာရင်းထဲ သိပ်ထည့်လေ့မရှိတဲ့ စရိုက်မျိုးတွေ
ရှိတတ်ကြပါတယ်  ....

ပေးဆပ်ထားတဲ့ ပမာဏကိုသာ
ဆုံးဖြတ်ကြပြီး
အားစိုက်ရတဲ့ ပမာဏကိုတော့
သိပ်မမြင်ကြပါဘူး ထည့်တွက်လေ့မရှိပါဘူး။

ကိုယ့်ရှေ့မှာ ကိုယ့်ကိုနှိမ်ချင်တာနဲ့
ကိုယ့်ထက်ပိုအဆင်ပြေသူတွေ
ရာထူးပိုကြီးသူတွေ
နာမည်ပိုကြီးသူတွေ အကြောင်း
ရေပက်မဝင်ပြောဆိုကြပြီး
သူတို့အဖို့ ကိုယ်မရှိလည်းရတယ်
ကိုယ်မပါလည်းဖြစ်တယ်ဆိုတဲ့ သဘောတွေကို
ပါးနပ်စွာပြကြပါတယ်။

" ဟုတ်ကဲ့ ... မိတ်ဆွေ ''

သင့်တန်ဖိုးဟာ
နည်းသည်ဖြစ်စေ များသည်ဖြစ်စေ
အဲဒီတန်ဖိုးကို အသိအမှတ်မပြုတဲ့
အသိုင်းအဝိုင်းတစ်ခု
သင့်မှာ ရှိနေပြီဆိုရင်တော့  ....

အရင်လို ပေါပေါပဲပဲ
ကူညီနေတာတွေ
အားအားယားယား 
အချိန်ပေးနေတာတွေ
နှစ်နှစ်ကာကာ
ခင်မင်နေတာတွေကိုလျှော့လိုက်ပါ ။

ဘာလုပ်မလဲ   ....?

ကိုယ်ရှိနေခြင်းကို တန်ဖိုးမထား
ကိုယ့်လုပ်အားတွေကို မေလးစား
ကိုယ့်အချိန်တွေကို
အသိအမှတ် မပြုတဲ့သူတွေကို
စိတ်ထဲထည့်ပြီး ခင်မင်နေရတာ
မိတ်ဆွေရင်းလို့သတ်မှတ်ပြီး
ပေါင်းသင်းနေရတာ .....
ရှိနေတဲ့ကိုယ့်ရဲ့တန်ဖိုးကိုထပ်မချပါနဲ့....

ကိုယ်မရှိလည်း အဆင်ပြေတယ်ဆိုတဲ့
အသိုင်းအဝိုင်းကို ထားခဲ့လိုက်ပါ...
ကိုယ့်ကိုမလိုဘူးဆိုတဲ့ ပတ်ဝန်းကျင်ကို
ကျောခိုင်းခဲ့ပါ...
ကိုယ်မရှိမှ ကိုယ့်တန်ဖိုးသိမယ့်
မိတ်ဆွေတွေကို လက်တွဲဖြုတ်ခဲ့ပါ  .....

ဘဝမှာနေရမယ့်အချိန်
အရမ်းနည်းတာမို့ သင့်ကိုလိုအပ်တဲ့
သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့
သင်ရှိနေဖို့လိုအပ်တဲ့ ပတ်ဝန်းကျင်မှာသာ
သင်ရှိနေသင့်တာပေါ့  ....

အမေကျော်ဒွေးတော်လွမ်းတတ်တဲ့  မိတ်ဆွေတွေ
ငါးစိမ်းမြင် ငါးကင်ပစ်တတ်တဲ့  သူငယ်ချင်းတွေ
သူတို့တွေကို မျက်နှာလုပ်ပြီးနေရမယ့်အစား  ....

#သင့်ကိုတန်ဖိုးထားလေးစားတဲ့
#အသိုင်းအဝိုင်းမှာပဲ__ရှင်သန်သင့်တယ်။

ဒါကြောင့်... 
အခုပဲ  သူတို့ကို ထားခဲ့လိုကၸါ ။

#စာပေချစ်သူများအားလုံးကိုအစဉ်လေးစားလျှက်

မေတ္တာဖြင့် ပြန်လည်မျှဝေထားပါသည်။💙#T.L

Credit.

Post a Comment

أحدث أقدم

Comments