သူမရှိလို့ မဖြစ်ဘူးဆိုတဲ့ ဇာတ်မျောထဲမှာ
တဖြည်းဖြည်း လုံးပါးပါးခဲ့ရတယ်
အရင်ကလို အတူ အပြင်ကို အလည်ထွက်ရင်း
မုန့်စားဖို့ဆိုတာ အဝေးကြီး ..
ဖုန်းတောင် သူကိုင်ချင်စိတ်ရှိမှ ကိုင်တော့တာ
ဖုန်းကိုင်တဲ့အခါမှာလည်း " ဘာအရေးကြီးလို့လဲ "
" ဘာပြောစရာရှိလို့လဲ "
" မအားဘူး " ဆိုတဲ့ ကိုယ့်အပေါ် စိတ်မရှည်တော့တဲ့
လေသံကိုပဲ ကြားရတယ် ..
ဒါလည်း မစွန့်လွှတ်နိုင်ဘူး ။
အရူးထပြီး ဖုန်းတွေ ပိတ်တယ်
စက်ပြန်ဖွင့်တဲ့အခါ သူခေါ်ထားတာမျိုး ၊
သူစာပို့ထားတာမျိုး ကို မျှော်လင့်ထားပေမယ့်
လုံးဝ မတွေ့ခဲ့ရဘူး ..
မျှော်လင့်ရင်းနဲ့ ပင်ပန်းလာမျိုး တကယ်ရှိတယ်နော်
ကိုယ့်စိတ်အခြေအနေရ သူ့ကို
အသဲအသန် လိုအပ်တဲ့ ညကပေါ့ ..
ကိုယ်ဖုန်းတွေ တောက်လျှောက်ခေါ်နေခဲ့ပေမယ့်
သူက ဖုန်းမအားခဲ့ပါဘူး
အချိန်အားဖြင့် ည ၁၀ နာရီဝန်းကျင်ပေါ့
ဘယ်နခေါက်မှန်း မသိဘဲ ဆက်တိုက်ခေါ်နေခဲ့မိတယ် နောက်ဆုံးမှာ ဖုန်းဝင်သွားတယ် ..
သူဖုန်းကိုင်ကိုင်ချင်း မေးမိတာက
" ဘယ်သူနဲ့ ပြောနေတာလဲ "
" အလုပ်ကိစ္စ ပြောနေတာကွ ၊ မယုံသင်္ကာတွေ ဖြစ်နေရင် ငါ့ကို လာမပတ်သက်နဲ့ စိတ်ရှုပ်တယ် "
သူပြောချင်တာ ပြောပြီး ဖုန်းချသွားတယ် ။
ကိုယ့်အပေါ် စိတ်မရှိတော့တဲ့လူတစ်ယောက်ကို
တွယ်ကပ်နေရတာလောက် ဆိုးဝါးတဲ့ နာကျင်မှု
မရှိဘူး ထင်တာပါပဲ ။
နောက်နေ့ တဖြည်းဖြည်းချင်း လက်ခံလာနိုင်တယ် ..
" သူက ငါ့ကို မလိုအပ်ဘူး ၊
သူလိုချင်တာ ငါ မဟုတ်ဘူး ၊
ငါ့ရဲ့ ပတ်သက်မှုတွေက သူ့အတွက်
စိတ်ရှုပ်စရာတွေပဲ ၊ ငါဆင်ခြင်ရမယ် "
နောက်နေ့ကစပြီး သူ့ဆီ ဖုန်းမခေါ်မိအောင်
ကြိုးစားတယ် ။ စာမပို့မိအောင်နေတယ်
ဒီလိုနဲ့ တရက် နှစ်ရက် ကိုယ် နေနိုင်လာတယ်
အသံကြားချင်လွန်းလို့ ရူးမတတ်ဖြစ်ခဲ့ရတဲ့နေ့မှာ
recordings တွေနားထောင်ပြီး ငိုတယ်
ဒီလောက်တော့ ကိုယ်ငိုကြွေးခွင့်ရှိပါတယ်လေ
ရက်ကနေ တပတ် ၊ တပတ်ကလေ တလ
အကြာမှာ ကိုယ် ပျော်ရွှင်အောင် နေတတ်လာပြီ
သူ့ကို မလိုအပ်တော့သလို ခံစားမိလာပြီ ။
" ငါတော်တယ် ၊ ငါက နေနိုင်သွားပြီ
ငါ့အတွက် ဝမ်းသာပါတယ် " လို့ တွေးတတ်လာပြီ ။
တရက်တော့ သူ့ဆီက ဖုန်းဝင်လာတယ် ။ တည်တည်ငြိမ်ငြိမ်ပဲ ဖုန်းပြန်ဖြေလိုက်တယ် ။
" ကိုယ် မအားသေးလို့ နောက်မှ ခေါ်လိုက် "
သူ့ဘက်က စာတွေ ဆက်တိုက်ပို့နေခဲ့တယ်
ကိုယ်ဖွင့်မဖတ်ကြည့်ဘူး
ပြန်စိတ်ပါသွားမှာ စိုးလို့မဟုတ်ဘူးနော်
ကိုယ်ချစ်ရတဲ့လူတစ်ယောက်ဆီက
ဥပက္ခာ ပြုခံရတာဟာ ဘယ်လောက်အထိ
နာကျင်ရတဲ့ ခံစားချက်ဆိုတာ သူ့ကို သိသွားစေချင်ရုံပါ
အဲလောက်အထိ ကိုယ် အသဲမာ နိုင်သွားတယ် ။
စ ပြီး နှုတ်ဆက်သွားသူတိုင်း နောင်တ ရကြတာ
ဘာကြောင့်များလဲနော်
ကိုယ်က နာကျင်နေရတယ် ။ အသဲကွဲနေရတယ်
အလွန်ဆုံး (3) လပေါ့ ။ (3) လကြာတဲ့ အခါ
ခံစားချက်တွေ အနည်းငယ် အနည်ထိုင်လာလိမ့်မယ်
နေရတာ အဆင်ပြေလာလိမ့်မယ်
အဲဒီအခါ သူတို့လည်း ပြန်ဆက်သွယ်လာကြလိမ့်မယ်
ကိုယ်နဲ့ လမ်းခွဲပြီး (3) လ အတွင်းမှာ
ကိုယ့်လောက် သူ့အပေါ် ချစ်ပေးတဲ့သူ မျိုး ရှာ မတွေ့တာ ၊
ကိုယ့်လောက် နားလည်ပေးမယ့်သူမျိုး မရှိတာ
သူသိရှိ နားလည် သဘောပေါက်သွားလို့ ဖြစ်မယ် ။
အသုံးချလို့ရမှန်းသိလို့ နောက်တကြိမ် ပြန်ချဉ်းကပ်တာ
သူ့စိတ်တိုင်းကျ နေခွင့်ရတဲ့ ကာလတချို့ကို ပြန်လိုချင်တာ
တိတိကျကျ ပြောရရင် ကိုယ့်ဆီ အနိုင်ယူ ဗိုလ်ကျချင်နေတာ .. သိတယ်မလား လူတွေက အလျှော့ပေးတတ်မှန်းသိရင် အနိုင်ယူချင်တယ် ၊ ချစ်ပေးနိုင်တာ သိရင် အခွင့်ကောင်းယူချင်တယ် ။
" တစ်ယောက်ထဲပဲနေတော့မယ် " လို့
အေးအေးဆေးဆေးပဲပြောပြီး နှုတ်ဆက်လိုက်တယ် ။
ဒဏ်ရာတွေကို ဒဏ်ရာတွေလို
သိပြီးတဲ့နောက်ပိုင်းမှာ
ဒဏ်ရာပေးမယ့်သူတွေရဲ့ အဝေးမှာပဲ
ရှင်သန်ချင်တော့တယ် ..
ထပ်ပြီး ရင်ကွဲနာမဖြစ်ဖို့အရေး ဒို့အရေးပဲ မဟုတ်လား .. ။
#သက်ထားခင်(THK)
#နာကျင်ရတာများရင်စွန့်လွှတ်နိုင်သွားတယ်
#အသဲကွဲရင်ဖတ်ဖို့စာ

إرسال تعليق