လွယ်လွယ်ကူကူနည်းလမ်း နဲ့ အိမ်မှာလုပ်စားနိုင်စေဖို့ အညာမုန့်ပြားသလက် လုပ်နည်း ❤️❤️

လွယ်လွယ်ကူကူနည်းလမ်း နဲ့ အိမ်မှာလုပ်စားနိုင်စေဖို့ အညာမုန့်ပြားသလက် လုပ်နည်း ❤️❤️❤️


1.မွှေးဆန်မှုန့် အစိမ်းထုပ် - 4.5 ထုပ်
2.ဆိုဒါ - တဇွန်းနဲ့ တဝက် ( teaspoon)
3.ရေ - 1500 ml
4.ဆား - တဇွန်း ( teaspoon)
5.ကြက်ဥ - နှစ်လုံး ( မုန့်လုပ်ခါနီးမှ ခေါက်ပြီး.ထည့်ရန်) 

အမှတ် 1 မှ 4 ကိုရောစပ်ပြီး မုန့်မလုပ်ခင် 4-5 နာရီလောက်ကြို ပြီးစပ်ထားပါ
မုန့်လုပ်ခါနီးမှ ကြက်ဥ နှစ်လုံး ခေါက်ထည့်ပါ

ကြက်သွန်မိတ် တွေကိုညှပ်ပြီး ပဲပြုတ်နှင့်ရောပါ
နှမ်း နဲ့ ဆားကို လိုသလောက်ရောထောင်းပါ

အိမ်မှာရှိတဲ့ရိုးရိုးဒယ်အိုးကို ဆီလေးတွေသုတ်သုတ်ပြီး လုပ်စားလို့ရပါနော်

#မုန့်ပြားသလက်

Post a Comment

Previous Post Next Post

Comments