ကိုယ်ချစ်သလို ပြန်ချစ်မယ့် လူမျိုးနဲ့ပဲ ဆုံချင်ပါတယ်။

ကိုယ်ချစ်သလို ပြန်ချစ်မယ့် လူမျိုးနဲ့ပဲ
ဆုံချင်ပါတယ်။


အချစ်တွေ၊ရင်ခုန်သံတွေ ထပ်တူကျတဲ့ လူမျိုး။
အချစ်ဆိုတာ အရာအရာ perfect ဖြစ်
နေတာမျိုး မဟုတ်ပါ။မပြည့်စုံတဲ့ကြားက 
အားနည်းချက်ကိုယ်စီနဲ့ တစ်ဦးကို တစ်ဦး
ထွေးပွေ့ရင်း ချစ်ရတာပါ။

အရမ်းချစ်ပြလိုက်လို့ တန်ဖိုးမဲ့တယ်လို့
မထင်ဘဲ အရင်ကထက် ပိုတန်ဖိုးထားပြီး
ချစ်ပေးတာမျိုး လိုချင်ပါတယ်။
ကိုယ့်အတွက်တော့ အချစ်ဓာတ်ဟာ
လိုအပ်ပါတယ်။

ကိုယ်ရော သူရှိမှ ဖြစ်သလို သူရော
ကိုယ်ရှိမှ ဖြစ်မယ်ဆိုတဲ့သူမျိုးပေါ့။
ကိုယ့်မျက်နှာကို မြင်တာနဲ့ တန်းပြုံးမဲ့
လူမျိုး။ကိုယ့်အသံကို ကြားတာနဲ့ 
ပျော်ရွှင်သွားတာမျိုး။

အဆင်မပြေမှုတွေ ကြုံရတဲ့အခါ
"ကိုယ်ရှိတယ်နော်"ဆိုတဲ့ စကားတစ်ခွန်းနဲ့
တင် အရာအာလုံးကို ရင်ဆိုင်ရဲတဲ့ အင်အား
ရှိပြန်တယ်။တစ်ယောက်အတွက် 
တစ်ယောက်ရှိနေပေးတာလည်း အတော်လေး
ကြည်နူးစရာကောင်းတဲ့ ပုံရိပ်တစ်ခုပါ။

ကိုယ့်အနားရှိရင် လွတ်လပ်ပေါ့ပါးသွား
သလို ကိုယ်ရော စိတ်လုံခြုမှု ခံစား
မိမယ်။သူရော ကိုယ့်အတွက် ကိုယ်ရော
သူ့အတွက်ပဲ ဖြစ်ချင်ပါတယ်။
နှစ်ယောက်လုံးရဲ့ အချစ်ကမ္ဘာထဲ မကြီးကျယ်
မခမ်းနာပေမဲ့ ချစ်ခြင်းမေတ္တာတွေ၊ပျော်ရွှင်ခြင်း
တွေ၊နွေးထွေးမှုတွေ၊သစ္စာတရားတွေ 
ပြည့်နေပါတယ်လေ...။

🌻🤍
#နူးနူးအောင်

Post a Comment

أحدث أقدم

Comments