အင်္ကျီတစ်ထည်ဝယ်ပြီးလို့
အဆင်မပြေတဲ့အခါ
ဂျောင်ထဲထိုးထားလို့ရတယ် ။
ဖုန်းတစ်လုံးဝယ်ပြီးလို့
အဆင်မပြေတဲ့အခါ
ထပ်လဲလို့ရတယ် ။
ဒါပေမယ့်လည်း
အချစ်က အင်္ကျီမဟုတ်ဘူး ။
ဖုန်းတစ်လုံးမဟုတ်ဘူး ။
ပြီးတော့
ကိုယ်တွေအသက်အရွယ်က
ချစ်တယ် ပြောပြီးမှ
အဆင်မပြေတဲ့အခါ
ဂျောင်ထဲထိုးထားလို့မရဘူး ။
ထပ်လဲဖို့ မလွယ်ကူတော့ဘူး ။
ကိုယ့်အတွက်ကတော့
ချစ်တယ် ဆိုတဲ့စကားလေးရဲ့နောက်မှာ
ကိုယ့်ဘဝရှိတယ် ။
သူ့ဘဝရှိတယ် ။
ကိုယ့်သူငယ်ချင်းတွေရှိတယ် ။
သူ့သူငယ်ချင်းတွေရှိတယ် ။
ကိုယ့်အသိုင်းအဝိုင်းရှိတယ် ။
သူ့အသိုင်းအဝိုင်းရှိတယ် ။
မတော်တဲ့ဖိနပ်ကိုသာ
ဒုက္ခခံပြီးစီးမိသလိုမျိုး
ချစ်တယ် ခေါင်းစဉ်အောက်က
မတော်တဲ့ ဘဝနှစ်ခုကို
ဒုက္ခခံပြီးပေါင်းစပ်မိတဲ့အခါ
တစ္ဘဝလုံး
နောင်တမိုးတွေရွာဖို့
ရာခိုင်နှုန်း ၈၀ ပါပဲ ။
တကယ်တော့
ချစ်တယ်ဆိုတာ
သူ့လက်ကိုဆွဲပြီး
သက်ဆုံးတိုင်
မခွဲခွာချင်တာ ။
ဒုက္ခ သုခ တွေကို
ရင်ဆိုင်ချင်တာ ။
နောက်ဆုံးထွက်သက်ကို
သူ့အနားမှာ ကုန်ဆုံးချင်တာ ။
လောကကြီးမှာ
ဆုံတွေ့ဖို့က ခက်ခဲတယ်ဆို
ခွဲခြာဖို့က ပိုခက်ခဲမှာပါ ။
အဲဒါကြောင့်
ကိုယ်ဟာ
မစွံတာ မဟုတ်ပါဘူး ။
ချစ်တယ် လို့
အလွယ်တကူမသုံးချင်တော့တာပါ ။
#မချိုနွယ်ဝင်း

إرسال تعليق