###ဒဏ်ရာတွေ မရှိမှ
ပျော်စရာတွေရှိတာ မဟုတ်ဘူး
နေတတ်တဲ့စိတ်ကသာ
နေပျော်တဲ့ဘဝကို ဖန်တီးပေးမှာပါ။
###လောကမှာ အရာအားလုံးက
အချိန်တန် တဲ့အခါ
တွေ့ဆုံခြင်းနဲ့အတူ ခွဲခွာခြင်းတွေနဲ့ အဆုံးသတ် သွားကြ ရတာပါပဲ။
###အချိန်တန်လာရင်
မခွဲ ချင်လည်း ခွဲရမယ်
မဝေးချင်ဘူး ဆိုလည်း
ဝေးကြရတာပါပဲ.... မမြဲတဲ့လောကကြီးမှာ
ပျော်စရာဆိုတာလည်း အခိုက်အတန့် တစ်ခုလေးပါ...။
###အစွဲမထားရင် ဒုက္ခ ဆိုတာ ကလည်း
အခိုက်အတန့် လေးပါပဲ။
###ဘဝဆိုတာကလည်း
ဘယ်လောက်ပဲ ပြည့်စုံနေပါစေ
အမြဲတမ်း မချိုမြိန်နေတတ်ပါဘူး
ဒါကြောင့် ကိုယ်ရတဲ့ဘဝလေးမှာနေတတ်အောင်ကြိုးစားရမှာပေါ့... ။
လေးစားစွာဖြင့်
#MayHsu(ရာမညမြေ)
#MayHsuyarmanyamyae
#မေဆုရာမညမြေအတွေးစာစုလေးများ

Post a Comment