နေ့စဉ်သုံး လျှပ်တစ်ပြက် အင်္ဂလိပ်ဝါကျတိုများ🗣(Don’t နဲ့ပြောမယ် )
တရက်ကို ဆယ်ကြောင်းစီ အပြောလေ့ကျင့်ကြမယ်နော်
Don't sit near me! = ငါ့နား လာမထိုင်နဲ့။
Don't sit up late! = အိပ်ရေးပျက်မခံပါနဲ့။
Don't sit idle! = အလကား ထိုင်မနေနဲ့။
Don't sleep too much! = အကြာကြီး မအိပ်နဲ့။
Don't smoke. = ဆေးလိပ် မသောက်နဲ့နော်။
Don't snatch it! = ဇိုးကနဲ ဇတ်ကနဲ မလုပ်နဲ့။
Don't speak dryly! = စကားကို မပြောချင် ပြောချင် မလုပ်ပါနဲ့။
Don't speak evil of anyone! = သူများ မကောင်းကြောင်း မပြောပါနဲ့။
Don't speak ill of others! = သူများ မကောင်းကြောင်း မပြောပါနဲ့။
Don't speak in anger! = ဒေါသနဲ့ မပြောပါနဲ့။
Don't speak Myanmar in the class! = အတန်းထဲမှာ မြန်မာစကား မပြောပါနဲ့။
Don't speak to me coaxingly! = ငါ့ကို လာချွဲပြီး ပြောမနေနဲ့။
Don't spend the time! = အချိန် မဖြုန်းနဲ့။
Don't spin your wheel! = မလိုအပ်ဘဲ အချိန်တွေ ဖြုန်းမနေနဲ့။
Don't spit! = တံတွေး မထွေးပါနဲ့။
Don't spit on the floor! = ကြမ်းပြင်ပေါ် တံတွေးမထွေးနဲ့။
Don't spoil anything! = ဘာကိုမှ မပျက်စီးပါစေနဲ့။
Don't spy at what others do! = သူတစ်ပါးလုပ်တာကို လိုက်မချောင်းနဲ့။
Don't stand on ceremony! = သိပ်ပြီး ကိန်းကြီး ခန်းကြီး လုပ်မနေနဲ့။
Don't stand on your dignity! = အထာကြီးနဲ့ဆရာကြီးလို မနေပါနဲ့။
Don't stay here! = ဒီမှာ မနေပါနဲ့။
Don't stay out in the sun for too long. = နေပူထဲ အကြာကြီး ထွက်မနေနဲ့။
Don't steal anything of others! = သူတစ်ပါးပစ္စည်း မခိုးဝှက်ပါနဲ့။
Don't suck your fingers. = မင်းလက်ကို မစုပ်ပါနဲ့။
Don't suspect me! = ငါ့ကို သံသယ မဖြစ်ပါနဲ့ကွာ။
Don't swear in front of the children! = ကလေးတွေရှေ့မှာ မဆဲပါနဲ့။
Don't swear it! = မကျိန်ဆဲပါနဲ့။
Don't sweat it! = စိတ်ပူမနေနဲ့။
Don't sweet talk! = မြှောက်ပင့်ပြီး မပြောပါနဲ့။
Don't switch off the light! = မီးမပိတ်ပါနဲ့။
Don't switch on the light! = မီး မဖွင့်ပါနဲ့။
Don't take a shot in the dark! = ရမ်းသမ်း မှန်းသမ်းပြီး စွတ်မလုပ်နဲ့။
Don't take an air! = ဟိတ်ဟန်လုပ်မနေနဲ့။
Don't take a rest! = အနားမယူပါနဲ့ဦး။
Don't take care! = ဂရုမစိုက်ပါနဲ့။
Don't take it amiss! = ဒါကို တစ်မျိုးမထင်ပါနဲ့။
Don't take it for granted! = သေချာပြီဆိုပြီး အပိုင်မတွက်ပါနဲ့။
Don't take it serious! = ဗွေ/အပြစ် မယူပါနဲ့ ဗျာ။
Don't take my nose in vain! = ငါ့နာမည်ကို အလွဲသုံးစား မလုပ်ပါနဲ့။
Don't take offence! = ဗွေမယူပါနဲ့ ဗျာ။
Don't take things lying down! = အရာရာ ခေါင်းငုံ့မခံနဲ့။
Don't take this the wrong way! = နားလည်မှုလွဲကာ အထင်မလွဲပါနဲ့။
Don't talk an an air! = ဟိတ်ဟန်လုပ် မပြောပါနဲ့။
Don't talk and do without knowledge! = မသ်ိ မတတ်ဘဲ မလုပ်/မပြောပါနဲ့။
Don't talk about that! = အဲ့ဒီ အကြောင်း မပြောစမ်းပါနဲ့ကွာ။
Don't talk back to me! = ငါ့ကို ပြန်ကာ လှန်ကာ မပြောနဲ့။
Don't talk back your parents! = မင်းမိဘတွေကို ပြန်မပြောနဲ့။
Don't talk during study hours! = စာသင်ချိန်မှာ စကားမပြောပါနဲ့။
Don't talk ill of other! = သူတစ်ပါးမကောင်းကြောင်း မပြောပါနဲ့။
Don't talk like that! = အဲ့ဒီလို မပြောပါနဲ့။
Don't talk on your cell phone while driving! = ကားမောင်းနေတုန်း ဖုန်းမပြောပါနဲ့။
Don't talk rot! = မဟုတ်တာ မပြောပါနဲ့။
Don't talk so loud! = အကျယ်ကြီး မအော်နဲ့။ စကား အကျယ်ကြီး မပြောပါနဲ့။
Don't talk so much! = စကားအများကြီး မပြောပါနဲ့။
Don't talk through your hat! = ပေါက်ကရတွေ လျှောက်မပြောစမ်းပါနဲ့။
Don't talk to strangers! = လူတစိမ်းတွေနဲ့ စကားသွားမပြောနဲ့။
Don't talk when the mouth is full! = ပါးစပ် ပလုတ်ပလောင်းနဲ့ စကားမပြောနဲ့။
Don't tease him. He is very toughy! = သူ့သွားမစ နဲ့ ။ ဆတ်ဆတ်ထိ မခံဘူး။
Don't tease me! = ငါ့ကို မစ ပါနဲ့။
Don't tell a lie! = လိမ်ညာစကား မပြောပါနဲ့။
Don't tell anybody! = ဘယ်သူ့မှ မပြောပါနဲ့နော်။
Don't tell anyone about this! = ဒီအကြောင်းကို ဘယ်သူ့မှ မပြောပါနဲ့ဗျာ။
Don't they have to sell the house? = သူတို့ အိမ်ရောင်းဖို့ မလိုဘူးလား။
Don't think anything! = ဘယ်လိုမှ မထင်ပါနဲ့ ဗျာ။
Don't think it! = ဒါက်ို မစဉ်းစားပါနဲ့။
Don't think of the past! = အတိတ်အကြောင်းကို တွေးမနေပါနဲ့။
Don't throw a fit! = ဒေါသ မထွက်ပါနဲ့ကွာ။
Don't tickle me! = ငါ့ကို ကလိမထိုးပါနဲ့ ဟ။
Don't touch me! = ငါ လာမထိနဲ့နော်။
Don't touch anything! =ဘာကိုမှ သွားမထိနဲ့။
Don't track me again! = ငါ့ကို နောက်တစ်ခါ မလှည့်စားပါနဲ့။
Don't tread them knowing it! = ဒါကို သူတို့သိမှာ မစိုးရိမ်ပါနဲ့။
Don't trust him! = သူ့ကို မယုံနဲ့ နော်။
@@
@
🗣🗣နေ့စဉ်သုံး လျှပ်တစ်ပြက် အင်္ဂလိပ်ဝါကျတိုများ(၂၂)🗣🗣
*********************************************
Don't try my patience! = ငါ့ကို စိတ်မရှည်အောင် မလုပ်နဲ့နော်။
Don't try to convince me of it! = ငါ့ကို အယုံသွင်းဖို့ မကြိုးစားပါနဲ့။
Don't try to deny it! = ဒါကို ငြင်းဖို့ မကြိုးစားပါနဲ့။
Don't try to find other's fault! = သူတစ်ပါး အပြစ်ရှာဖို့ မကြိုးစားပါနဲ့။
Don't try to hate anybody in your life. = သင့်ဘဝမှာ ဘယ်သူ့ကိုမှ မုန်းဖို့ မကြိုးစားပါနဲ့။
Don't try to make anybody annoyed in your life. = မင်းဘဝမှာ ဘယ်သူ့ကိုမှ နာကျည်းဖို့ မကြိုးစားပါနဲ့ကွာ။
Don't try too hard! = အသကုန်(အစွမ်းကုန်)မကြိုးစားပါနဲ့။
Don't turn the clock back! = ခေတ်နောက်ပြန် မဆွဲချင်ပါနဲ့ ဗျာ။
Don't wait for him! = သူ့ကို စောင့်မနေနဲ့။
Don't wait for me, if I'm late. = ငါ နောက်ကျခဲ့ရင် ငါ့ကို စောင့်မနေနဲ့။
Don't wash your dirty laundry in public! = လူများရှေ့မှာ အရှက်မခွဲပါနဲ့။
Don't waste the day! = အပျင်းကြီးမနေနဲ့။
Don't waste your breath! =လေကုန်ခံပြီး ပြောမနေနဲ့။
Don't waste your time! = အချိန်မဖြုန်းပါနဲ့။
Don't watch me covertly! = ငါ့ကို ခိုးကြောင် ခိုးဝှက် ချောင်းကြည့်မနေနဲ့။
Don't we attend the meeting? = ငါတို့ အစည်းအဝေး မတက်ကြဘူးလား။
Don't we go there? = ငါတို့ အဲ့ဒီကို မသွားကြဘူးလား။
Don't we have to wait until the teacher come? = ဆရာ မလာမချင်း ငါတို့စောင့်ဖို့ မလိုဘူးလား။
Don't we invite her? = ငါတို့ သူမကို မဖိတ်ကြတော့ဘူးလား။
Don't we make a plan to visit? = ငါတို့ သွားလည်ဖို့ မစီစဉ်ကြတော့ဘူးလား။
Don't we try best again? = ငါတို့ ထပ်မကြိုးစားကြတော့ဘူးလား။
Don't we wait for them? = ငါတို့ သူတို့ကို မစောင့်ကြတော့ဘူးလား။
Don't wear the longyi too short! = လုံခြည်ကို သိပ်တိုတို မဝတ်ပါနဲ့။
Don't wipe your nose with your clothes! = မင်းအင်္ကျီနဲ့ နှပ်မသုတ်ပါနဲ့။
Don't wish ill to anyone! = သူတစ်ပါးကို မကောင်းမကြံပါနဲ့။
Don't worry! = စိတ်မပူပါနဲ့။
Don't worry about it! = ဒီအတွက် စိတ်မပူပါနဲ့။
Don't worry about the cost! = ကုန်ကျစားရိတ်အတွက် စိတ်မပူပါနဲ့။
Don't worry,I've done this before. = မပူနဲ့ ၊ ဒါမျိုးက အတွေ့အကြုံရှိပြီးသား။
Don't worry. My lips are sealed! = စိတ်မပူပါနဲ့ ... ငါ နှုတ်လုံပါတယ်။
Don't worry your pretty little head! = စ်ိတ်မပူပါနဲ့။
Don't yan! = စကားမများနဲ့။
Don't you ask any question? = ခင်ဗျားက ဘာမေးခွန်းမှ မမေးတော့ဘူးလား။
Don't you believe it! = မင်း မယုံဘူးလား။ ဘယ်ကလာ.. ဟုတ်ရမှာလဲ။
Don't you believe me? = မင်း ငါ့ကို မယုံဘူးလား။
Don't you catch my voice? = မင်း ငါ့စကား နားမလည်ဘူးလား။
Don't you count me in? = မင်း ငါ့ကို ထည့်မတွက်တော့ဘူးလား။
Don't you dare! = ဒါမျိုး လာမလုပ်နဲ့။ လုပ်ရဲရင် လုပ်ကြည့်လေ။ ပြောရဲပြောကြည့်။
Don't you do that? = မင်း အဲ့ဒါကို မလုပ်ဘူးလား။
Don't you dream about me? = မင်း ကိုယ့်အကြောင်း အိပ်မက်မမက်ဘူးလား။
Don't you enjoy in Yangon? = နင် ရန်ကုန်မှာ မပျော်ဘူးလား။
Don't you favour me again? = မင်း ကိုယ့်ကို အခွင့်အရေး ထပ်မပေးတော့ဘူးလား။
Don't you force her to attend English speaking class? = သူမကို အင်္ဂလိပ်စာ စကားပြောသင်တန်း တက်ဖို့ အားမပေးဘူးလား။
Don't you force him to go abroad? = သူ နိုင်ငံခြားသွားဖို့ မင်း အားပေးတယ် မဟုတ်လား။
Don't you forget her yet? = မင်း ကောင်မလေးကို မမေ့သေးဘူးလား။
Don't you get knowledge? = ခင်ဗျား ဗဟုသုတ မရဘူးလား။
Don't you have a job? = မင်းမှာ အလုပ်မရှိဘူးလား။
Don't you have something to say? = မင်း ငါ့ကို ပြောစရာ တစ်ခုခု မရှိဘူးလား။
Don't you have to save money? = မင်း ပိုက်ဆံစုဖို့ မလိုဘူးလား။
Don't you know me? = ခင်ဗျား ကျွန်တော့်ကို မသ်ိဘူးလား။
Don't you know my name? = မင်း ငါ့နာမည် မသိဘူးလား။
🗣🗣နေ့စဉ်သုံး လျှပ်တစ်ပြက် အင်္ဂလိပ်ဝါကျတိုများ(၂၃)🗣🗣
**********************************************
Don't you leave now? = ခင်ဗျား အခုထိ ထွက်မသွားသေးဘူးလား။
Don't you like dancing? = မင်း က ရတာ မကြိုက်ဘူးလား။
Don't you like it? = ခင်ဗျား ဒါကို မကြိုက်ဘူးလား။
Don't you like singing a song? = နင် သီချင်းဆိုရတာ မကြိုက်ဘူးလား။
Don't you like teaching English? = ခင်ဗျား အင်္ဂလိပ်စာ သင်ရတာ မကြိုက်ဘူးလား။
Don't you like walking? = လမ်းလျှောက်ရတာ မကြိုက်ဘူးလား။
Don't you live in Yangon? = မင်း ရန်ကုန်မှာ မနေဘူးလား။
Don't you love me? = မင်း ကိုယ့်ကို မချစ်ဘူးလား။
Don't you love to play with us? = မင်း ငါတို့နဲ့ကစားရတာ မနှစ်သက်ဘူးလား။
Don't you love to stay with me? = မင်း ငါနဲ့အတူနေရတာက်ို မနှစ်သက်ဘူးလား။
Don't you make a journey? = ခင်ဗျား ခရီးရှည် မထွက်ဘူးလား။
Don't you make her shocked? = မင်း သူမကို အထိတ်တလန့်ဖြစ်အောင်မလုပ်လိုက်ဘူးလား။
Don't you make her study it? = ခင်ဗျား သူမကို အဲ့ဒါ မလေ့လာခိုင်းတော့ဘူးလား။
Don't you make him have a seat? = မင်း သူ့ကို မထိုင်ခိုင်းတော့ဘူးလား။
Don't you make them wonderful? = မင်း သူတို့ကို အံ့သြအောင် မလုပ်လိုက်ဘူးလား။
Don't you mean it? = ခင်ဗျားက အဲ့ဒါကို ဆိုလိုတာ မဟုတ်ဘူးလား။
Don't you mind my smoking? = ကျွန်တော် ဆေးလိပ်သောက်ရင် ခင်ဗျား စိတ်အနှောက်ယှက်ဖြစ်မလား။
Don't you need money? = မင်း ငွေ မလိုဘူးလား။
Don't you need their help? = မင်း သူတို့ အကူအညီကို မလိုဘူးလား။
Don't you need to believe them? = မင်း သူတို့ကို ယုံကြည်ဖို့ မလိုအပ်ဘူးလား။
Don't you need to speak English? = မင်း အင်္ဂလိပ်စကားပြောဖို့ မလိုအပ်ဘူးလား။
Don't you need to try it more? = မင်း အဲ့ဒါကို ထပ်ကြိုးစားဖို့ မလိုအပ်ဘူးလား။
Don't you need to wait? = မင်း စောင့်ဖို့ မလိုဘူးလား။
Don't you say it again? = မင်း ထပ်မပြောတော့ဘူးလား။
Don't you see? = မင်း နားလည်တယ် မဟုတ်လား။
Don't you speak English? = မင်း အင်္ဂလိပ်စကား မပြောဘူးလား။
Don't you think you will be lonely? = မင်း အထီးကျန်တယ်လို့ မထင်ဘူးလား။
Don't you think it would look better if I changed my dress? = ငါ့ဝတ်စုံကို ပြောင်းခဲ့လိုက်ရင် ပိုကောင်းမယ်လို့ မင်း မထင်ဘူးလား။
Don't you think it would look better if we postponed the meeting? = ငါတ်ု့ အစည်းအဝေး ရွေ့ဆိုင်းခဲ့ရင် ပိုကောင်းလိမ့်မယ်လို့ မင်းမထင်ဘူးလား။
Don't you think it would look better if you decided to go aboard? = မင်း နိုင်ငံခြားကို သွားဖို့ ဆုံးဖြတ်ခဲ့ရင် ပိုကောင်းလိမ့်မယ်လို့ မထင်ဘူးလား။
Don't you trust me! = မင်း ငါ့ကို မယုံဘူးလား။
Don't you try to buy a house? = အိမ်တစ်လုံး ဝယ်ဖို့ မင်း မကြိုးစားဘူးလား။
Don't you try to work? = အလုပ်လုပ်ဖို့ မကြိုးစားဘူးလား။
Don't you want a lot of money? = မင်း ငွေအများကြီး မရချင်ဘူးလား။
Don't you want me to live with you? = ငါ့ကို မင်းနဲ့အတူ မနေစေချင်ဘူးလား။
Don't you want me to talk with you? = ငါ့ကို မင်းနဲ့ စကားမပြောစေချင်ဘူးလား။
Don't you want to believe even me? = မင်းက ငါ့တောင် မယုံချင်တော့ဘူးလား။
Don't you watch the news? = မင်း သတင်းမကြည့်ဘူးလား။
Don't you work? = ခင်ဗျား အလုပ်မလုပ်ဘူးလား။
Don't your friends leave the week before last? = မင်းမိတ်ဆွေတွေ ထွက်သွားတာဖြင့် လွန်ခဲ့တဲ့တစ်ပတ်ကျော်က မဟုတ်လား။
Double, double toil and trouble. = ဗူးလေးပါတယ်ဆို ဖရုံလာဆင့်တယ်
ကွာ။
Double lose! = မိအေး နှစ်ခါနာ ပဲဟေ့။
Doves aren't cooling, are they? = ဂျိုးတွေ ကူနေကြတာလား။
Down the hatch! = သွားပေရော့... လည်ချောင်းထဲ။(အရက်မျိုမချမိပြောစကား)
Down with the military government! = စစ် အစိုးရ ကျဆုံးပါစေ။
Drastic times call for drastic measures. = ဆန္ဒပြင်းထန်ရင် ပြင်းထန်တဲ့လုံ့လရှိရမယ်လေ။
Draw it mind! = လိုရင်းကိုပဲ ပြော။
Dream on! = ရလိမ့်မယ် ... စောင့်နေ။ စိတ်ကူးယဉ်နေတယ်။
Dreams go by contraries. = အိပ်မက်ဆိုတာ ပြောင်းပြန်မှတ်ရတယ်လေ။
Dress tastefully! = အဝတ်အစားကို လိုက်ဖက်အောင် ဝတ်စမ်းပါ။
Drink it or not. = သောက် သောက် မသောက်သောက်။
Drink one, please. = နောက် တစ်ခွက်လောက် သောက်ပါဦး။
Drink up! = အကုန်သောက်လိုက်တော့။
Drink up and let's go. = ကဲ့ ... မော့ပြီးရင် ဒိုးကြစို့။
Drive faster. = မြန်မြန်မောင်းပါ။
Drive quickly. = မြန်မြန်မောင်းဟေ့။
Drop dead! = သွား ... သေလိုက်။ ထွက်သွား စမ်း။
Drop it! = တော်ပါတော့၊ ဆက်မပြောပါနဲ့တော့။
Drop off! = လွှတ်ချလိုက်/ ပစ်ချလိုက်။
Duck! = ရှောင်လိုက်။
Ducks are quacking, aren't they? = ဝမ်းဘဲတွေ အော်နေတာ မဟုတ်လား။
Dutch treat! = ကိုယ်စားတာ ကိုယ်ရှင်းနော်။
Duty calls! = ကိစ္စလေးပေါ်လာလို့ သွားလိုက်အုန်းမယ်။
Dwell in Yangon? = ရန်ကုန်မှာ နေမှာ မဟုတ်ဘူးလား။
Credit. To. ဦးမျိုး

Post a Comment