Ironclad (မြန်မာစာတန်းထိုး)

Ironclad (မြန်မာစာတန်းထိုး)
=================


၁၂၁၅ ခုနှစ် အင်္ဂလန်တိုင်းပြည် အခွန်တွေကို မတရားကောက်ခံ ၊ လူသတ်ပက်စက်ပြီး မြို့စားမိန်းမတွေနဲ့ ပွေရှုတ်တက်တဲ့ ဘုရင်ဂျွန်ဟာ နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘုရင်တပါးပါ။

၁၆ နှစ်တာ ကာလကြာ သူ အင်္ဂလန်ကို အုပ်စိုးပြီးနောက်ပိုင်းမှာတော့ မြို့စားတွေက သူကို သည်းမခံနိုင်ကြတော့ပဲ အားလုံးစုပေါင်းပြီး ပုန်ကန်ကြပါတော့တယ်။

ဘုရားစစ်သည်တော်တွေဟာလည်း မြို့စားတွေဖက်က ဝင်ရောက်တိုက်ခိုက်ပေးခဲ့ပါတယ်။

၃ နှစ်တာ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ပွဲကြီးဟာ နောက်ဆုံးမှာတော့ မဂ်နာသဘောတူစာချုပ်နဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်။

မဂ်နာစာချုပ်ဆိုတာ ဘုရင်နဲ့ မြို့စားတွေအကြား သဘောတူညီချက်တွေ ထားရှိတဲ့ စာချုပ်တစ်ခုပါပဲ။

အာလုံးပြီးဆုံးသွားခဲ့ပြီလို့ ထင်ထားတဲ့နောက်ပိုင်းမှာတော့ ဘုရင်ဂျွန်ဟာ ကြေးစားစစ်တပ်ကြီးကိုငှားရမ်းကာ မြို့စားတွေကို သတ်ပြီး တစ်နိုင်ငံလုံးကို ပြန်လည်သိမ်းပိုက်ဖို့ ကြံစည်ပါတော့တယ်။

ဘုရင်ဂျွန်ကို တားဆီးနိုင်ဖို့အတွက်ဆိုရင် အင်္ဂလန်တောင်းပိုင်းရဲ့ အချက်အချာဖြစ်တဲ့ ရီုချက်စတာရဲတိုက်ကို ထိန်းထားနိုင်ဖို့ လိုအပ်တယ်ဆိုတာ
ဘုရားစစ်သည်တော်မာရှယ်နဲ့ မြို့စား အဲလ်ဗနီတို့ဟာ ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။

ရီုချက်စတာရဲတိုက်ဆိုတာ တော်တော်လေး သေးငယ်တဲ့ ရဲတိုက်တစ်ခုပါ။

ဒီရဲတိုက်လေးထဲမှာ လူအယောက် (၂၀) လောက်နဲ့ သူတို့ ဘယ်လိုခုခံကြမလဲ။ သူတို့ ဘယ်လိုပြန်တိုက်ကြမှာပဲ။

ပြင်သစ်က စစ်ကူတွေကရော အချိန်မှီရောက်ရှိလာကြမာလား။

ဒီကစထွက်ထွက်ချင်းမှာတော့ IMDB နဲ့ RT တို့မှာ Bad Review တော်တော်ရခဲ့ပါတယ်။

Review အများစုကတော့ သမိုင်းမတူဘူးတို့ ၊ သွေးထွက်သံယိုများလွန်းတယ်တို့ ၊ ရုပ်ရှင်ကားက အရမ်းရှည်လွန်းတယ်တို့ ၊ ကင်မရာ အရမ်းကစားလွန်းတယ်တို့ စသည်တို့ပဲ တွေ့ရပါတယ်။

လူတိုင်းကတော့ အကြိုက်တူမှာ မဟုတ်ကြပါဘူး။

ကျွန်တော့်အထင်တော့ ဒီကားက သွေးထွက်သံယို များလွန်းတာကြောင့် မကြိုက်ကြတာလို့ပဲ ထင်ပါတယ်။

ဘယ်လောက်ထိ သွေးထွက်သံယိုကြမ်းသလဲဆိုရင် GOT Fan ကျွန်တော်တောင် တစ်ချက်တစ်ချက် မျက်နှာလွဲထားရပါတယ်။

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kiwi ပါ)

Channel Myanmar

တိုက်ရိုက်ကြည့်ရန်လင့်
File Size - 385 mb

ဒေါင်းလုတ်လင့်
SD Size - 201 mb
HD Size - 936 mb


=======================

Post a Comment

أحدث أقدم

Comments