That's what friends are for. သူငယ်ချင်းတွေပဲကွာ....

That's what friends are for.
သူငယ်ချင်းတွေပဲကွာ....


My friend, are you feeling blue? Please let me know.
Are you feeling happy? Then, tell me all about it, my friend.
Let me share my troubles with you too, if you don't mind.
သူငယ်ချင်းရေ မင်း စိတ်ညစ်နေသလား၊ ကိုယ့်ကိုပြောပြပါ။
မင်းပျော်နေရင်လည်း ကိုယ့်ကို အသံပြုပါ သူငယ်ချင်းရေ။
ကိုယ့်ရဲ့ အခက်အခဲတွေကိုလည်း မင်းကို ပြောပြပါရစေ။

You know, that's what friends are for. We'll look out for each other.
သူငယ်ချင်းကောင်းတွေဆိုတာ တစ်ဦးကို တစ်ဦး အပြန်အလှန် ဖေးမကူပေးကြတယ် မဟုတ်လား။

A sorrow shared is halved, but a joy shared is doubled.
ဝမ်းနည်းခြင်းကို ဝေမျှခံစားလိုက်ရင် တစ်ဝက် သက်သာသွားတယ်။
ပျော်ရွှင်ခြင်းကို ဝေမျှခံစားလိုက်ရင် နှစ်ဆပိုတိုးသွားတယ်။

That's why, if something is troubling you, let me know. We can think it through and sort it out together.
ဒါ့ကြောင့် မင်း စိတ်ဒုက္ခရောက်နေရင် ကိုယ့်ကို ပြောပြပါ။ တို့တွေ အတူ စဥ်းစားဖြေရှင်းလို့ ရပါတယ်။

"To find a friend, be a friend."
မိတ်ဆွေကောင်းရဖို့ ကိုယ်ကလည်း မိတ်ကောင်းဖြစ်ဖို့လိုတယ်နော်။

ချစ်ခင်ရသူ မိတ်ဆွေများနဲ့ ဝေမျှခံစားနိုင်ကြပါစေ။ ပါပမိတ္တများနှင့် ကင်းဝေးကြပါစေ။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Post a Comment

Previous Post Next Post

Comments