သူငယ်ချင်းတွေကြားမှာ မာနမရှိပါဘူး။ There's no false pride among friends

သူငယ်ချင်းတွေကြားမှာ မာနမရှိပါဘူး။
There's no false pride among friends.


ဘာကိုမှ ဖွက်မထားဘူး။
Nothing is hidden.

တစ်ယောက်နဲ့ တစ်ယောက် ဖွင့်ထားတဲ့ စာအုပ်လိုပဲ ဖတ်လို့ နားလည်နိုင်ကြတယ်။
Like open books, we can read and understand each other.

ကိုယ့်မှာ ရှိနေရင် သူနဲ့မျှဝေပေးမယ်။
When I have something, I'll share it with him.

သူတိတ်နေရင် အဆင်ပြေရဲ့လား ကိုယ်စမေးမယ်။
When he's keeping quiet, I'll take the initiative to ask him how he is.

သူပြောသမျှ နားလည်မှုအပြည့်နဲ့ ကိုယ်နားထောင်ပေးမယ်။
I'll listen to whatever he has to say with full understanding.

ကိုယ့်စိတ်ထဲမှာ မွန်းကြပ်လာရင်လည်း စိတ်ပေါ့သွားအောင် သူ့ကို ရင်ဖွင့်မယ်။
When I am feeling stifled, I'll confide to him to let it off my chest.

သူမှန်နေရင် ချီးကျူးမယ်၊ သူမှားနေရင် ထောက်ပြပေးမယ်။
When he's right, I'll praise him, but when he's wrong, I'll point it out to him.

သူ့မကောင်းကြောင်းကို သူ့နောက်ကွယ်မှာ သူများတွေက လာပြောရင်လည်း ကိုယ်က ဧည့်ထောက်ခံပြီး မပြောပါဘူး။
When others speak ill of him behind his back, I won't entertain that sort of conversation.

သူ အဆင်ပြေနေရင် ကိုယ်စိတ်ချမ်းသာတယ်။
I'm pleased to no end when he's doing well.

သူ ခရီးတွေထွက်နေတာကို မြင်ရင် ကိုယ်မပါသော်လည်း ပျော်မိပါတယ်။
When I see him going on trips, though I'm not there with him, I feel happy nonetheless.

သူ့ရဲ့ social media ပေါ်က ပုံတွေကိုလည်း အမြဲပဲစောင့်ကြည့် love sign တွေပေးနေမိတာပါပဲ။
I just keep looking forward to his photos on the social media and react them with ❤️ emoji to show my appreciation.

သူငယ်ချင်းတွေကြားမှာ မာနမရှိပါဘူး။
There's no false pride among friends. 
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
December 27, 2022

Post a Comment

أحدث أقدم

Comments