ကဲလုပ်နည်းလာလာမေးကြလွန်းလို့ ဖြေပေးထားတယ်နော် 1 2 3 4 အစဉ်လိုက်ဖတ်ကြည့်ပါ။

ကဲလုပ်နည်းလာလာမေးကြလွန်းလို့ ဖြေပေးထားတယ်နော် 1 2 3 4 အစဉ်လိုက်ဖတ်ကြည့်ပါ။


1.Thai style ပြည်ကြီးငါးချဉ်ငန်စပ်တုတ်ထိုး
ပြည်ကြီးငါးကို ကြက်သားမှုန့် ရှောက်ရွက် ထည့်ပြီး ၃မိနစ်ခန့် ရေနည်းနည်းလေးနဲ့ပြုတ်။ ရရင်အအေးခံပြီး တုတ်လေးနဲ့ထိုးထားပေးပါ။ ထောင်းထားသောထန်းလျက်၂ခဲနှင့် ငရုတ်သီးအနီတောင့် ငံပြာရည် ထောင်းပြီးသားမြေပဲနဲနဲ သံပုရာရည် ပုဇွန်ခြောက်မှုန့် ထည့်။ ပြည်ကြီးငါးတုတ်ထိုးပေါ်ဆမ်း နံနံပင်အုပ် ရပြီ။ Credit 
😋😋😋😋😋😋😋😋😋😋😋😋

2. ရေဘဝဲ ချဉ်ငံစပ်နဲ့တို့စားမယ်🤤
ရေဘဝဲရေဆေး သန့်စင် ရှာလကာရည်နဲ့ပွတ်ဆေး သန့်စင်က ရေပွတ်ပွတ်ဆူထဲကို 3min လောက် ဂျင်းလက်တစ်ဆစ် ရှာလည်ကာရည် အနည်းငယ် ထည့်ပြုတ်မယ်

ရေဘဝဲနဲ့စားဖို့ အချဉ်ဖျော်နည်း🤤
ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုနုတ်နုတ်စင်းပြီး
ပဲငံပြာရည်များများနဲ့ဆား/ဟင်းချိုမှုန့်ထည့်ကာ
နှံ့စပ်သွားအောင်မွှေပေးပါ။
ပဲငံပြာရည်မှာအချို/ငံအရသာရှိပြီးထားမို့
ဆားနဲ့ဟင်းချိုမှုန့်ကိုလျှော့ထည့်ပါ။

ရေသန့်အနည်းငယ်/သံပုရာသီးညှစ်ထည့်ကာ
ခပ်ပျစ်ပျစ်ပဲဖျော်ပါ။ကျဲရင်စားမကောင်းပါ။

သံပုရာသီးကိုချဉ်တယ်ဆိုရုံ
အနံ့လောက်ပဲထည့်ပါ။
အရမ်းချဉ်သွားရင်စားမကောင်းပါ။🥰🥰🥰
🤤😋😋😋😋😋😋😋😋😋😋😋😋😋😋
Credit 

3. ပုဇွန်ထုပ်ပေါင်းနည်းနှင့် အချဉ်ရည်ဖျော်နည်း 🍤🤤
လုပ်နည်းကလွယ်လွယ်လေးရယ် 
စျေးမှဝယ်လာတဲ့ပုဇွန်လေးတွေကို အမွှေးညှပ် 
အီးထုတ်ပီး ရေစင်အောင်ဆေးမယ် 
ခေါင်းမဖြုတ်ဘူးအခွံတွေမခွါဘူးနော် 
ဒီတိုင်းရေစင်အောင်ဆေးပီး 

ရေနွေးငွေ့ဖြင့်အချိန် 15min 
လောက်ပေါင်းပါမယ် ပေါင်းပီးရင် 
အရောင်လေးကပုံပါအတိုင်း
စားချင်စရာလေးပေါ့နော် 
ညှီနံ့သက်သာချင်ရင် ပေါင်းတဲ့အခါ 
ဆပါလင် ထည့်ပေါင်းလည်းရတယ်
ဘာအရသာမှမထည့်လည်းရ 
သဘာဝအရသာလေးအတိုင်းပဲ ထုတ်ထုတ်
လေးနဲ့ စားလို့ကအရမ်းကောင်း 🤤🤤
Foodie Food မူရင်း

အင်မတန်အရသာရှိပြီးစားလို့ကောင်းတဲ့
အချဉ်ရည်ဖျော်စပ်နည်းလေးပါ
👇 ပြုလုပ်နည်း 👇👇

ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုနုတ်နုတ်စင်းပြီး
ပဲငံပြာရည်များများနဲ့ဆား/ဟင်းချိုမှုန့်ထည့်ကာ
နှံ့စပ်သွားအောင်မွှေပေးပါ။
ပဲငံပြာရည်မှာအချို/ငံအရသာရှိပြီးထားမို့
ဆားနဲ့ဟင်းချိုမှုန့်ကိုလျှော့ထည့်ပါ။

ရေသန့်အနည်းငယ်/သံပုရာသီးညှစ်ထည့်ကာ
ခပ်ပျစ်ပျစ်ပဲဖျော်ပါ။ကျဲရင်စားမကောင်းပါ။

သံပုရာသီးကိုချဉ်တယ်ဆိုရုံ
အနံ့လောက်ပဲထည့်ပါ။
အရမ်းချဉ်သွားရင်စားမကောင်းပါ။

Credit #Nang Myat K Tar

Credit : မူရင်း
🥰🥰🥰🥰🥰🥰🥰🥰😂😂😂😂😂😂🥰🥰🥰
4.ကင်းမွန် အစာသွတ်ကြော်ပြုလုပ်နည်း

ကင်းမွန်ကို ကိုင်တွယ်ဆေးကြောထားပါ။
ကင်းမွန်ထဲကိုသွတ်မည့်အဆာအဖြစ် ကြက်သား၊၀က်သား၊ပုစွန်တို့ကို သုံးနိုင်ပါတယ်။
အဆာလုပ်မည့်အသားကို ရေဆေးသန့်စင်ပြီး ဆား၊
အချို မှုန့်နည်းနည်းစီထည့်ပါ။
ဂျင်းနဲ့ကြက်သွန်ဖြူ ထောင်းထည့်ပါ။
(အစပ်လိုချင်ရင် ငရုတ်သီးစိမ်းပါထည့်ပါ။)
ပြီးရင် အားလုံးရောပြီး ညက်နေအောင်နုတ်နုတ်စင်းပါ။
ပြီးရင် နှမ်းဆီမွှေးနည်းနည်းထည့်နယ်ပြီး
သန့်စင်ထားတဲ့ကင်းမွန်ကိုယ်လုံးထဲကို အစာတွေ
အပြည့်သိပ်ပါ။အကြော်-အိုးထဲကို အစာသွတ်ထားတဲ့
ကင်းမွန်တွေကိုအသာအယာလေးစီ ထည့်ပီးကြော်ပါ။

ကင်းမွန်အစာသွတ်ကြော်ကို ပန်းကန်ထဲစီထည့်ပြီး
နံနံပင်တို့နဲ့အလှဆင်နိုင်ပါတယ်။

Credit -မူရင်းရေးသားသူ

Post a Comment

Previous Post Next Post

Comments