ပို၍လှသောမနက်ဖြန်

ပို၍လှသောမနက်ဖြန် 

_______________


ငိုကြွေးနေတာလား? … မနာကျင်လိုက်ပါနဲ့
အနာဂတ်မှာ ကြင်နာခြင်းအပြုံးတွေ ဖူးဖွင့်နိုင်မှာပါ။

အသဲကွဲနေတာလား … ဘဝမပျက်လိုက်ပါနဲ့
အနာဂတ်မှာ အသဲစွဲချစ်ရတဲ့သူ တွေ့ဆုံနိုင်ဖို့ပါ။

လဲကျနေတာလား … စိတ်ဓာတ်တော့မကျလိုက်ပါနဲ့
အနာဂတ်မှာ အောင်မြင်ခြင်းပန်းတိုင်းက အပြုံးလှလှလေးနဲ့ 
စောင့်ကြိုနေမှာပါ။

သူငယ်ချင်းရေ … လောကကြီးမှာ အခက်အခဲတွေနဲ့ကြုံလာရင်
စိတ်ဓာတ်တွေ ထွေးပြားဝေဝါးပြီးကျဆင်းနေခဲ့ရင် ကိုယ့်ရဲ့လက်ချောင်းလေးတွေကို ပြန်ကြည့်လိုက်နော်။

လက်ချောင်းလေးတွေက အနိမ့်၊ အမြင့် မတူကြသလို့
လောကကြီးမှာလည်း နိမ့်လိုက်၊ မြင့်လိုက်၊ နိုင်လိုက်၊ ရှုံးလိုက်၊ ပျော်ရွှင်လိုက်၊ ငိုကြွေးလိုက်နဲ့ အမြဲတမ်းတွေ့ကြုံနေရမှာပဲလေ။

ရှုံးနေလို့ ပြန်မကြိုးစားရင် 
အောင်မြင်မှုတွေ ပျောက်ဆုံးနေမှာပေါ့။

နိမ့်နေလို့ အားငယ်နေရင်
အမြင့်ကို မတွေ့ရပဲနေမှာပေါ့။

ငိုကြွေးနေလို့ ပြီးဆုံးသွားရင်
ပျော်ရွှင်မှု အရသာ မသိပဲနေမှာပေါ့။

လာပါ … သူငယ်ချင်း
ထိုင်ပြီးတွေဝေမနေပါနဲ့ အနာဂတ်နေ့ရက်တွေ လှပဖို့
ဒီနေ့က စပြီး … မနက်ဖြန်များစွာကို ရင်ဆိုင်လိုက်ကြစို့။

#crd_to_the_original_writer 
#Mogok_Mobile

Post a Comment

أحدث أقدم

Comments