အိမ်ထောင်ဦးစီးဆိုတာ အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးယောက်ျားက သိပ်အရေးကြီးပါတယ်။

အိမ်ထောင်ဦးစီးဆိုတာ အိမ်တစ်အိမ်မှာ 
အိမ်ထောင်ဦးစီးယောက်ျားက သိပ်အရေးကြီးပါတယ်။ 


ဘူးကောင်းစင်ခံ
လင်ကောင်းမယားစံ
ဆိုတဲ့စကားအတိုင်း 

အိမ်ထောင်တစ်ခုကိုဦးစီးဦးဆောင်နိုင်တဲ့
ယောက်ျားကောင်းတစ်ယောက်ကိုရထားတဲ့ မိန်းမတစ်ယောက်က အပျိုစင်ဘဝ မိဘအိမ်မှာ ဘယ်လိုဘဝနဲ့ပဲနေခဲ့ရနေခဲ့ရ ... သူ့အိမ်ထောင်ဖက်လူရွေးမှန်သွားတဲ့အခါ ဘုရင်မလိုနေရတယ်။ 

သူ့အိမ်ထောင်ဖက်ရဲ့ ယောက်ျားကောင်းပီသမူ့ ဂုဏ်ရှိန်ဝါကြောင့်
ဘယ်သူမွ သူ့ကိုထိပါးမစော်ကားရဲဘူး လူတိုင်းက လေးစားတန်ဖိုးထားခြင်းခံရတယ်။ 

ဂုဏ်ဆိုတဲ့နေရာမှာ ရာထူး ၊အာဏာ၊  ချမ်းသာ ၊ပညာတတ်ခြင်းကို မဆိုလိုပါ။ 

ကိုယ့်ကျင့်တရားကောင်းမွန်ပြီးမိသားစုအပေါ်တန်ဖိုးထားတတ်ခြင်းကိုသာ ဆိုလိုပါသည်။ 

အိမ်ထောင်တစ်ခုကို မဦးစီးနိုင်တဲ့ယောက်ျားညံ့တစ်ယောက်ကို ရထားတဲ့မိန်းမတစ်ယောက်က သူ အပျိုစင်ဘဝ မိဘအိမ်မှာနေတုန်းက
လူတိုင်းရဲ့တန်ဖိုးထားလေးစားခြင်းခံရပြီး...
ပညာတွေဘယ်လောက်ပဲ တတ်ခဲ့တတ်ခဲ့.....
အိမ်ထောင်ဖက် အရွေးမှားသွားတဲ့အခါ...
ဥပမာ.. 

၁။အရက်အလွန်အကျွံမူးရစ်သောက်စားတတ်သူ
ဘာအလုပ်မှ လက်ကြောတင်းအောင်မလုပ်ချင် တနေ့တနေ့မူးရစ်သောက်စားနေသူကိုရထားရင်.. 

၂။မိန်းမလိုက်စား အိမ်ထောင်ရေးဖောက်ပြန် အပျော်အပါးလိုက်စားတတ်သူကိုရထားရင်.... 

၃။အပျင်းထူ လက်ကြောမတင်း အလောင်းအစားမက်သူ.....
စီးပွားရှာဖို့ ခွန်းအားလည်းမစိုက်နိုင် ၊ဉာဏ်အားလည်းထုတ်မသုံးနိုင်သူကိုရထားရင်... 

ထိုမိန်းမတွေဟာ
ကျွန်လိုနေရပါတယ်။
လူတွေထိပါးစော်ကားရဲမယ် 
မလေးမစားဆက်ဆံခြင်းခံရမယ်။
သားသမီးတွေရလာရင် မျက်နှာငယ်ရပါမယ်။ 

မိန်းမတွေ အိမ်ထောင်ကျသွားပြီးဆိုရင်  သူ့ရဲ့ဂုဏ်ရှိန်ဝါသည် သူ့အိမ်ထောင်ဖက်ပေါ်မှာအများကြီး
မူတည်ပါတယ်။ 

နောက်ဆုံး ယောကျေ်ားကောင်းပီသတဲ့သူက ပြည့်တန်ဆာကိုယူရင်တောင် သူ့လက်ထဲရောက်သွားရင် ဂုဏ်ရှိသွားနိုင်ပါသေးတယ်။ 

မိန်းမတစ်ယောက်က ဘယ်လောက်ပဲ ကိုယ်ကျင့်သီလသိက္ခာပြည့်စုံနေပါစေ၊ပညာတွေဘယ်လောက်တတ်တတ်၊ ရာထူးဂုဏ်ရှိန်ဝါ ဘယ်လောက်ကြီးကြီး ၊ယောက်ျားကောင်းမပီသတဲ့သူကို ယူလိုက်ရင် သူ့ဂုဏ်အဆင်းတွေပါမှေးမှိန်ပြီး လိုက်ကျသွားတတ်ပါတယ်။ 

ယောက်ျားတစ်ယောက်က ကိုယ့်ကျင့်သိက္ခာရှိတဲ့မိန်းမကောင်းတစ်ယောက်ကို ယူနိုင်လိုက်တိုင်းဂုဏ်ရှိတာမဟုတ်ဘူး သူကိုယ်တိုင် ကိုယ့်ကျင့်သီလစောင့်ထိန်းနိုင်အုံးမှ.... 

ယောက်ျားတစ်ယောက်က
ချမ်းသာတဲ့မိန်းမတစ်ယောက်ကိုယူလိုက်တိုင်း ချမ်းသာသွားတာမဟုတ်ဘူး
သူကိုယ်တိုင်အရည်အချင်းအစွမ်းအစရှိအုံးမှ.. 

ပြောချင်တာက.... 

ယောက်ျားတွေ သူ့အိမ်ထောင်ဖက်အရွေးမှားလို့ ဘဝပျက်ရတာထက် မိန်းမတွေ အိမ်ထောင်ဖက်အရွေးမှားလို့  ဘဝပျက်ရတာကပိုများပါတယ်။ 

ဒီစကားကို ယောက်ျားအများစုကတော့ လက်ခံနိုင်မယ်မထင်ပါဘူး။
အမြင်မတူသူများကိုဇွတ်အတင်းလက်ခံဖို့ရေးသားခြင်းမဟုတ်ပါ။ ကိုယ့်ရဲ့အတွေးအမြင်လေးတွေ မျှဝေပေးခြင်းသာ ဖြစ်သည်။
ရေးတာအမှား ပါသွားရင်လည်း နားလည်ခွင့်လွှတ်ပေးကြပါလို့ဆု တောင်းပန်လိုက်ပါတယ် အားလုံးပဲ့ မင်္ဂလာပါ 🙇🙇🙇 

မူရင်းရေးသားတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်ခင်များ 

မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။ 

အလင်းသစ်

Post a Comment

أحدث أقدم

Comments