*သစ်ပင်ရွာ* စ\ဆုံး

*သစ်ပင်ရွာ*  စ\ဆုံး


စာရေးသူ~~~~နှောင်းနွေ

ဟဲ့ငါတို့သူငယ်ချင်းတွေစုပြီးတစ်နေရာကို
သွားကြမလားပျော်ဖို့ကောင်းမှာဟ' 

"အေးနော် ငွေ 
ပြောတာမဆိုးဘူးငါလဲသွားချင်တယ် ဟီးဟီး" 

"'ဟယ် ကောင်မတွေဆိုတာလေအရမ်းကိုရွတယ်နော်မပြောချင်ဘူး"' 

'ဟဲ့ဒါဆိုနင်လဲမလိုက်ဘူးလား ကျော်ကြီးကောင်မ' 

"'အမလေးဘယ်လိုတွေခေါ်လိုက်တာလဲ အိုက်စ် းးးးးမိကျော်လို့ပဲခေါ် ကမတွေ"' 

"အခြောက်မနင်ကကိုကပြာလူးနေတာ" 

'ဟုတ်ပ ရတီ ရယ်ပြောလိုက် ဟွန်း' 

"'ဟယ်နင်တို့ကမေ့နေပြီလား ကိုကိုဇော့်ကိုပြောဖို့ အမလေးနော် မပြောချင်ဘူး"' 

'အေးဟုတ်တယ် ဇော့်ကိုပြောရမယ် ဖုန်းဆက်တာပေါ့အခုပဲ 📞တီ တီ••••••••••

"''ဟလို အေးပြော ရတီ "''

"ဟဲ့ငါတို့တွေခရီတစ်ခုသွားမို့အဲ့တာနင်ပါလိုက်ခဲ့ပါဟာငယ်သူငယ်ချင်း ရှိတာမှလေးယောက်ထဲရယ် နင်အခုဘယ်မှာလဲ" 

"''ငါအခုအပြင်ရောက်နေတယ် နေအုံးဒါဆိုငါတို့သေချာဆွေးနွေးရအောင် နင်တို့ဆီငါလာခဲ့မယ် OK"'' 

"အေးအေးလာခဲ့

" ရတီ တို့မှာငယ်သူငယ်ချင်းဆိုလို့လေးယောက်ပဲရှိတာလေ ပါးဖောင်းဖောင်းလေးနဲ့ချစ်ဖို့ကောင်းတာတော့ ငွေ ကျွန်မသူငယ်ချင်းပေါ့

နောက်တစ်ယောက်ကတော့ အသားဖြူဖြူအရပ်ခပ်မြင့်မြင့် မိန်းမစိတ်လေးပေါက်နေတဲ့ ကျော်ဇေ   

သူ့ကိုတော့ ကျော်ကြီးလို့လူတိုင်းကခေါ်ကြတယ် နောက်ထပ်တစ်ယောက်ကတော့ ဇော် 

'ဇော် ကချောတယ် ခပ်တည်တည်နေတတ်သူ ပေါ့ ~~~~~~~~~~~~~~~~~~~~~~

တီ••••••••••"

'ဟယ် ကိုကိုဇော်လာပြီ လာကိုကိုဇော်"' 

'ကောင်မမျက်နှာပိုးကိုမသေဘူး ကဲငါတို့ဘယ်သွားမလဲစဉ်းစားကြမယ်'

 "ငွေဆောင်! ငွေဆောင်သွားကြမလားပျော်စရာကြီး ဟီးဟီး" 

"''ဟာ ရတီ ကလဲအဲ့ကိုမသွားချင်ဘူးရေတွေပဲရှိတာမကောင်းဘူး"'' ဟွန်း ••••••

"'ငါသိပြီ အစစ်မတို့ရေ ငါတို့တွေရွှေတိဂုံဘုရားသွားကြမယ်"' 

"''အာ ငါလုပ်ချလိုက်ရပေါက်ကရတွေပြောပြီ မသွားဖူးတာကျနေတာပဲ ငါအကြံတစ်ခုရပြီ ငါတို့သွားမယ့်နေရာကအမှတ်တရတွေလဲထင်ကျန်နေရမယ်

 ငါတို့တွက်ပျော်ဖို့လဲကောင်းသလိုကြောက်ဖို့လဲကောင်းတဲ့နေရာမျိုး ကဲဘလိုလဲ"'' 

'မဆိုးဘူး ဇော် ပြောတာမိုက်တယ်'

" ကြောက်စရာကြီးဖစ်နေမှာပေါ့နော် 
ငွေ နင်ရောအဲ့လိုမျိုးနေရာသွားရဲလို့လား"

"'ကောင်မတွေဘာမှပြောမနေနဲ့ ကိုကိုဇော်ပြောတာထောက်ခံတယ်"'

 "အခြောက်မတို့ကလုပ်ပြီနော် ကျော်ကြီးမပြောချင်ဘူး" 

"'လာပြန်ပြီ ငါစိတ်ဆိုးမှာနော် ရတီ"' 

"စတာစတာ မိကျော်မ ဟားဟားး" 

"''ကဲဒါဆိုငါတို့တွေကျေးလတ်ဒေသ လေးတွေကိုသွားကြမလား ကျေးလတ်ဒေသဆိုတော့အေးချမ်းတယ်သဘာဝစစ်စစ်ကိုလဲခံစားနိုင်တယ် "'' 

'အေးငါတို့သဘက်ခါပဲခရီးထွက်ကြမယ် 

Are you ok? ' OK•••••••••••••••••••••••••••••••••

"'ကောင်မတွေကြာလိုက်တာ စောင့်နေရတာအလှတွေတောင်ပျက်တော့မယ် မပြောချင်ဘူးနော်"' 

"အခုလဲရောက်နေပါပြီအေ တတ်ကားပေါ်ကြာတယ်" "

'အမလေး ဝုန်းတယ်ကျန်းငါ့ကို သူတို့ပဲနောက်ကျပြီး"'

 ဟားးးဟားး "' 

ဟယ် တို့က ကိုကိုဇော့် နားမှာပဲထိုင်မှာနော်"'' ဟုပြောရင်းအတင်းအရှေ့ခန်းကိုဝင်သွားတယ် 

ရတီနဲ့ငွေလဲ

 *အေးပါ ကျော်ကြီးရယ် ဟားးဟားးး* 

ဘာကျော်ကြီးလဲ မိကျော်ပါဆို😤😤"'  

ရတီ
တို့သူငယ်လေး၄ယောက်လဲရယ်မောကာဖြင့်ခရီးစထွက်ခဲ့ကြတယ် 

"ယေးးးးခုလိုလွတ်လွတ်လပ်လပ်နဲ့သွားရတော့ပျော်စရာကြီးလေလေးတွေကလဲအေးနေတာပဲ" 

"''ရတီ နင်တော်တော်ပျော်နေလား ""

 "

ပျော်တာပေါ့ ဇော် ရာ အရမ်းပျော်တာ" 

 ဇော် က ရတီကိုတစ်ဖက်သက်ကြိုက်နေတဲ့သူပါ••ဒီလိုနဲ့ကားပေါ်မှာစကားတွေဖောင်ဖွဲ့ပြီးပြောနေကြတာသူငယ်ချင်းလေးယောက်ဟာအရမ်းပျော်နေ
ကြတယ် 

ကားမောင်းလာတာကြာလာတော့
ရုတ်တရက် အိပ်ငိုက်သွားတာ ရတီ တို့ကားလေးဟာ လမ်းမဘေးထိုးကျသွားတယ်

"' အမလေး ဘုရားဘုရား ရတီရေ ဇော်ရေ ငွေရေ ဟဲ့ထကြပါအုံး ဘယ်တွေရာက်လာလဲမသိဘူး "' "

''အား ကျွတ်ကျွတ် မိကျော် ရတီနဲ့ငွေရော "'' 

"'ဟိုမှာကားထဲကထွက်နေတယ် မြန်မြန်လာပါဟယ် ငါကြောက်လိုက်တာ မှောင်စပြုနေပြီဘယ်နေရာရောက်နေတာပါလိမ့်နော်"' 

"အား နာလိုက်တာ တစ်ကိုယ်လုံးနာကျင်နေတာပဲ" 

'ဟုတ်ပရတီရယ် ငွေလဲအရမ်းနာတယ်'  

"'' ကဲပါငါတို့တွေ 
ရှေ့ဆက်သွားကြည့်ကြမလားအကူညီတောင်းရင်း"'' 

'ဒီလိုတောကြီးထဲမှာလူရောရှိပါ့မလား ငါကြောက်လာပီဟာ ' 

"ငွေရယ်မကြောက်ပါနဲ့ငါတို့တွေလဲပါတာပဲလေ"  

ရတီဖြေသိမ့်ပေးလိုက်ပေမယ့် ကြောက်စိတ်တွေကတော့ လေးယောက်လုံးမှာဖုံးလွှမ်းနေတယ် "

''မြန်မြန်အရမ်းမမှောင်ခင် အကူညီတောင်းလို့ရမယ့်နေရာရှာတွေ့ဖို့လိုတယ်"'' 

"'ဟုတ်တယ် ကိုကိုဇော်ပြောတာ အမလေးဘုရားဘုရား စောင့်ရှောက်ပေးတော်မူပါ"' 

ရတီတို့နဲနဲဆက်လျှောက်သွားခဲ့တယ် အဲ့ချိန်မှာ ဇော် က

'ဟာ ဟိုမှာလူတွေ "'' 

"'အိုက်စ် အမလေး ဘုရားမလို့ပဲ"' 

သစ်ပင်ရွာမှကြိုဆိုပါ၏ "

'ဟယ် ရွာနမည်ကအဆန်းတော့ သစ်ပင်ရွာတဲ့ ခိခိ "' 

"ကျော်ကြီးမ ပါးစပ်လေးပိတ်ထားစမ်းပါဟာ အကူညီဝင်တောင်းကြမယ်"

 'ဟဲ့ ရတီတို့နင်တို့အားလုံးသတိထားမိကြလား ရွာထဲကလူတွေကပြေးလွှားနေကြတယ် ငါတို့မြန်မြန်ဝင်ရအောင်' "

''ငွေ ပြောတာဟုတ်တယ် လာလာမြန်မြန်"'' 

"''ဒီမှာဗျ ကျွန်တော်တို့ကိုတစ်ခု
လောက်ကူညီပါလားကျွန်တော်တို့ တို့•••••••••

(လာအိမ်သာမြန်မြန်လိုက်ခဲ့လူလေးတို့ မြန်မြန်•••••) 

ရတီတို့သူငယ်ချင်းလေးယောက်လဲ ဘာမှမသိပဲလိုက်သွားလိုက်တယ် 

ဟော ဟဲ ဟောဟဲ 

(လူလေးတို့ကိုခုလိုအမြန်ခေါ်လာတာတောင်းပန်ပါတယ်ကွယ် ) "

 အဘိုး ဒီရွာကလူတွေကဘာလို့ပြေးနေကြတာလဲဟင်"

 (အိမ်းးး အဘိုးပြောပြပါ့မယ်ကွယ် အခုလူလေးလို့အနားယူလိုက်ကြအုံး မနက်မိုးလင်းမှအကြမ်းရည်လေးသောက်ရင်း အဘိုးပြောပြမယ်ကွယ့် ဒါမဲ့တစ်ခုတော့မှတ်ထားလူလေးတို့ ညနေ၆နာရီကစပြီးစကားမပြောကြနဲ့ကွဲ့  အဘိုးမှာလိုက်ပြီနော် )

အားလုံးဟာအဘိုးပြောတဲ့စကားကိုနားထောင်လိုက်ကြတယ် ဒါမဲ့အတွေးတွေကတော့ဂယက်ထနေခဲ့ကြတယ် •••••••••••

ရတီတို့လဲ အရမ်းပင်ပန်းထားတော့မနက်မိုးလင်း အဘိုးလာနိူးမှနိုးတော့တယ်

 (ကဲ 
လူလေးတို့မနက်စာစားကြမယ်လာကြလာကြ) 

အားလုံးသံပြိုင်ပြောခဲ့ကြတယ်

 *ဟုတ်ကဲ့အဘိုး* 

ဘယ်လောက်တောင်စားချင်နေလဲမသိဘူး အိမ်ရှေ့ကွပ်ပျစ်လေးကိုထိုင်တော့မှ ရွာရဲ့အလှကိုသတိရမိတော့တယ် 

သစ်ပင်လေးတွေဟာစိမ်းစိုအုံ
မိူင်းပြီးနေရောင်ခြည်လေးကအပင်ကြားတွေကိုထိုးဖောက်ဝင်ရောက်နေတာ 

မြေနီလမ်းလေးကိုလဲတွေ့လိုက်ရတယ်ဒါတောင်အဘိုး ကွပ်ပျစ်ကတွေ့နိုင်တာ လိုက်သာကြည့်မယ်ဆို အမလေးအရမ်းလှနေမှာသေချာတယ်•••

ရတီတို့လဲအဘိုးကျွေးတဲ့မနက်စာကိုစားပြီး
ရွာအလှကိုကြည့်ချင်တာနဲ့ 

အဘိုးကိုပြောပြီးထွက်သွားခဲ့ကြတယ် ရွာရဲ့အလှဟာသာမန်မြင်နေကြမဟုတ်ဘဲတကယ့်ကိုလှရက်လွန်းနေတယ် 

အချိန်တွေဟာကုန်မှန်းမသိကုန်နေတာသတိမေ့နေကြတယ် အဘိုးအိမ်ပြန်မို့ ရတီတို့သတိရတော့ညနေ၆နာရီခွဲနေပြီ  

"ဟာ အခုမှသတိရတယ် ၆နာရီဆိုပြန်ရောက်ရမှာလေ အဘိုးမှာထားတယ်" 

' ဟယ်ရတီ ပြောမှသတိရတယ် ငွေ လဲ'

 "''ကဲကဲငါတို့ပြန်ရအောင်အချိန်မရှိတော့ဘူး"'' 

ရတီ တို့လဲခပ်သုတ်သုတ်ပြန်လာခဲ့ကြတယ်•••••• 

ညရောက်တော့ ရတီတို့အဖွဲ့ဟာ  ဒီရွာမှာဘာဖစ်တာလဲသိချင်လို့ မအိပ်ပဲ အိမ်ထဲကနေချောင်းကြည့်ဖို့တိုင်ပင်ထားကြတယ်

×အူးးးးးးးဝူးးးးးးးးးးးးအူးးးးးးးးးဝူးးးးးးးးးးးး×
ရွာထဲမှာရှိတဲ့ခွေးတွေက ဆွဲဆွဲငင်ငင်ကိုအူနေကြတယ် 

*ရှပ် ရှပ် ရှပ်*

 အသံကြားရ
ကြည့်လိုက်တော့ အမလေး ရတီတို့တွေသေမတတ်အောင်ပါပဲ 

မိန်းမတစ်ယောက် ကလေးလေးကိုပိုက်ထားတယ် သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာသွေးတွေမြင်မကောင်းဘူး 

သူ့မျက်နှာကပြုံးပြီးရီပြနေသလို ကလေးလေးက ရွာဘက်လှည့်ပြီးရီရီပြနေတာ မျက်လုံးကထန်းသီးသဖွယ်

ဆိုးတာက ရွာထဲကိုလိုက်ပတ်သွားတာတင်မဟုတ်ဘဲ အိမ်ရှေ့ထိလာလာရပ်တာပါပဲ 
တကယ့်ကိုသွေးပျက်စရာ_________

ရတီတို့ အသံမထွက်အောင် ပါးစပ်ကိုပိတ်ထားကြတယ် ချွေးတွေလဲစီးကျနေပြီကြောက်နေကြတာ အဲ့လိုကြည့်နေစဉ်မှာပင်

ဝုန်း•••••••••ဆိုပြီး 

ရတီတို့ချောင်းကြည့်နေတဲ့အပေါက်မှာမျက်နှာကြီးလာအပ်တာ တစ်ယောက်မှအသံမထွက်ရဲဘူး လူပ်လဲမလူပ်ရဲဘူးးး

စဉ်းစားကြည့်ပါသတိမေ့မတတ်ပါပဲ 

ပြီးတော့အိမ်ကို ဆွဲခါလူပ်တာ အိမ်တွေကိုပုတ်တယ် ရတီတို့အုပ်စုလေသေးတွေပါထွက်ကြတယ် မျက်ရည်တွေလဲကျ အသံလဲမထွက်ရဲ •••••

အဲ့ချိန်ထပ်ပြီးအသံတစ်ခုကိုကြားလိုက်ရတယ် ကြောက်ကြောက်နဲ့ လေးယောက်သားကြည့်လိုက်တော့ သရဲမသီချင်းဆိုနေတာ အိမ်ကိုပတ်ပြီး ကလေးကတစ်ဖက်ပိုက်ထားပြီး ခါးကိုကုန်းပြီးအိမ်ဘက်ကိုရီပြပြီး ဆိုနေတာ

 🎼အသံထွက်ရဲထွက်ကြည့်လေ•••••နင်တို့ကိုကွယ် ငါသတ်မယ် အသံထွက်ရဲထွက်ကြည့်လေနင်တို့ကိုကွယ် ဂုတ်ချိုးမယ် ဟားးးးဟားး🎼 

အံကိုကြိတ်ပြီးဘုရားစာတွေစိတ်ထဲကရွတ်နေရတယ် 

တဖြည်းဖြည်းနဲ့အာရုဏ်တတ်ချိန်ရောက်လာတော့ သရဲမလဲ ပျောက်ချင်းမလှပျောက်သွားတယ် 

ရတီ နဲ့ ငွေလဲ အသံကျယ်ကြီးနဲ့ငိုချလိုက်တော့တယ် ဇော် ကယောကျာ်းလေးဆိုတော့မငိုဘူး

 ဒါပေမဲ့ မိကျော်ကတော့ ထိုင်လျက်ကြီး သတိမေ့ချင်နေသလိုဖြစ်နေတယ် 

အဘိုးကို ဇော် ကသွားခေါ်တယ် 

(ကဲကဲ ဘုရားစင်က ပရိတ်ရေယူလာခဲ့ကွယ်) ဟုတ်ကဲ့အဘိုး"'' 

(မသေကောင်းမပျောက်ကောင်းကွယ် ) 

"'မိကျော် ကြောက်တယ် မိကျော် ကြောက်တယ် မနေဘူး မနေရဲတော့ဘူး ပြန်ကြမယ် ဟင်းးးးဟီးးးးးးးး"' 

(လူလေးဘာမှမဖြစ်ဘူးစိတ်အေးအေးထား စိတ်အေးအေးထား) "'

'အဘိုး ညကသရဲမကတော်တော်ကြောက်ဖို့ကောင်းတယ် 

သူကဘာလို့ဒီလိုတွေလိုက်ခြောက်နေတာလဲ 

"'' (အေးကွယ် သူ့နာမည်က မိဖြူ တဲ့ ကလေးမမွေးနိုင်ဘဲ ဆုံးသွားရရှာတယ် မိဖြူတို့ကဆင်းရဲတယ် ဒါမဲ့ကလေးမွေးဖို့ငွေကြေးကလဲမရှိတော့ 

ရွာထဲမှာလိုက်ချေးငှားတယ် မရခဲ့ပါဘူး ဆင်းရဲလွန်းတော့ မချေးချင်ကြဘူး ကလေးကိုသူ့ဘာသာညစ်ပြီးမွေးရင်းကနေသေဆုံးခဲ့တာပါပဲ

 သေသွားတဲ့နေ့မှာပဲတစ်အိမ်ပြီးတစ်အိမ်လိုက်ခြောက်တော့တာပဲ သူလာပြီဆို အသံထွက်တဲ့အိမ်က သေတဲ့နေ့ပဲ ) 

"သူ့တွက် အမျှမဝေပေးဘူးလားဟင်အဘိုး

 "ရတီလဲသိချင်တာနဲ့မေးလိုက်တယ် 

(သူ့ကိုအမျှဝေပေးဖို့နေနေသာသာ အဘိုးတို့ကိုယ်တိုင်တောင် အမျှမရသေးဘူးကွဲ့ လူလေးတို့ရယ်) 

ဟုပြောရင်းမှာပင် 

ဇတ်ကြီးလိမ်ပြီး မျက်လုံးကြီးကအရှေ့ကိုပြူးထွက်လာလေရဲ့~~~~~~~~~~~

အမလေးအမေရေ ပြေးကြ ဆိုပြီး၄ယောက်စလုံးသံပြိုင်အော်ပြီးပြေးလာခဲ့ကြတာ 

သတိရလာတော့ဆေးရုံပေါ်မှာ မိဘတွေကဘေးမှာထိုင်နေကြတယ် 

ရတီတို့တွေလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဟူး ဆိုပြီးသက်ပြင်းချလိုက်မိပါတော့သည်~~~

ပြီးပါပြီ။

နှောင်းနွေ (ကိုယ်တိုင်ရေး)

#လေးစားစွာcreditပေးပါသည်

Post a Comment

أحدث أقدم

Comments