ငယ်ငယ်တုန်းကတော့ စာရေးရင် လက်ရေးမလှမှာ သိပ်ကြောက်ခဲ့တယ်။

ငယ်ငယ်တုန်းကတော့ စာရေးရင်
 လက်ရေးမလှမှာ သိပ်ကြောက်ခဲ့တယ်။


နဲနဲကြီးလာတော့ လက်ရေးလှမှာထက် 
စာအုပ်ထဲ စာမရှိမှာ ပိုကြောက်လာတယ်။

အရွယ်ရလာတော့ စာအုပ်ထဲ စာရှိမှာထက် 
စာမရမှာပဲ ပိုစိုးရိမ်မိလာတယ်။

တစ်ကယ်တော့ စိတ်ဟာ သူလိုချင်တဲ့
အခြေအနေအခါပေါ်လိုက်ပြီး ကိုယ့်ကိုယ် ပြောင်းလဲစေခဲ့တယ်။

ကိုယ် အရွယ်ရခါစတော့ သူ့ကိုသိပ်ချစ်ခဲ့
တယ်။ သူမရှိရင် အဆင်မပြေနိုင်ဘူး၊
မရပ်တည်နိုင်ဘူးထင်ခဲ့တယ်။

ဒါပေမဲ့ အချိန်တိုက်စားလာတဲ့အခါ
သူမရှိလဲ အဆင်ပြေနေတာပဲ၊ နေတိုင်
တာပဲလို့ အတွေးဝင်လာခဲ့တယ်။

ဒါကြောင့် နဲနဲကြီးလာတာ့ သူမရှိမှာထက် ကိုယ်မချစ်နိုငိမှာပဲ ပိုကြောက်လာတယ်။ 

ကိုယ်အချစ်ခံရအောင် ကိုယ့်မှာရှိတဲ့အရာ
တွေ အကုန်ချပြချင်လာတယ်။
ကိုယ့်စိတ်ကို အစွမ်းကုန် နစ်မြှုပ်ခဲ့ပြတယ်။

ဒါပေမဲ့ တိုက်စားခံရခြင်းမတူတဲ့အခါ
တစ်ချို့အနေနဲ့ ဒဏ်ရာဒဏ်ချက်များ
ခဲ့သလို၊ တစ်ချို့အနေနဲ့ အလှဆုံးရှေ့
ဆက်နိုင်ခဲ့ကြတယ်။

ဒီလိုနဲ့ အရွယ်တစ်ခုရောက်တော့

ချစ်ရမှာထက် ဆက်မချစ်ရဲ​မှာပဲ 
ပိုကြောက်လာတယ်။ရှေ့မဆက်ရမှာထက်
ရှေ့ဆက်ရမှာပဲ ပိုစိုးရိမ်လာတယ်။
ဒိီလိုနဲ့ပဲ ကိုယ်ဟာ ချစ်ခြင်း
မုန်းခြင်း ရှိရမှာ ကြောက်တဲ့
ရောဂါကိုရလာတယ်။

တစ်ကယ်တော့ အချစ်ဆိုတာ
လေလိုပါပဲ။

ဆုပ်ကိုင်ထားရင်လည်း လက်ထဲမှာ
ဘာမှမရှိသလို
လွှတ်ချလိုက်ရင်လည်း လက်ထဲမှာ
ဘာမှမရှိပါဘူး။

အရေးကြီးတာက ကိုယ်
ဘယ်လို ဆုပ်ကိုင်
ထားသလဲ၊ လွှတ်ချထားသလဲဆိုတဲ့
အရာကပဲ ကိုယ့်ကိုယ်

နာကျင်စေ၊ပျော်ရွှင်စေ၊ဒဏ်ရာရစေ 
ဆိုပြီးပဲ ဆုံးဖြတ်သွားတာပါ။

ဦးချေ(12.1.23)
photo-pinterest

Post a Comment

أحدث أقدم

Comments