လူတိုင်းကို သံသယနဲ့ မကြည့်ပါနဲ့ မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ

လူတိုင်းကို 
သံသယနဲ့ မကြည့်ပါနဲ့
မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ


လူတိုင်းကို
အပြစ်ရှာပြီး မကြည့်ပါနဲ့ 
ကိုယ်ချင်းစာ တရားနဲ့ ကြည့်ပါ

လူတိုင်းကို
အနိုင်ယူ လိုစိတ်နဲ့ မကြည့်ပါနဲ့
မျှတခြင်း တရားနဲ့ ကြည့်ပါ

လူတိုင်းကို
မနာလိုမှုတွေနဲ့ မကြည့်ပါနဲ့
ဝမ်းမြောက် အတုယူခြင်းတွေနဲ့ ကြည့်ပါ

လူတိုင်းကို 
အမုန်းတရား တွေနဲ့ မကြည့်ပါနဲ့
အပြုံးတရားတွေနဲ့ ကြည့်ပါ

လူတိုင်းကို 
ရလိုမှုတွေနဲ့ မကြည့်ပါနဲ့
စွန့်လွှတ်ခြင်း  . . .တွေနဲ့ ကြည့်ပါ

ဒါ့ကြောင့်မို့ 
မျက်လုံးဟာ နှစ်ဖက်ပါပါ တယ်

မျှမျှ တတ ကြည့်ပါ 
မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ

မိမိကြည့်လိုက်တဲ့ အကြည့်တစ်ချက်က

အမြဲတမ်းဆေးဖက်ဝင်နေ
ပါလိမ့်မယ် . . .

#ပန်းပျိုးလက်

Post a Comment

أحدث أقدم

Comments