ဘရာဇီးဖိုက်တာကို အောင်လအန်ဆန်း ပထမအချီမှာတင် အလဲထိုး အနိုင်ယူ
ဧရာဝတီ၊ ဇန်နဝါရီ ၁၄၊ ၂၀၂၂
ယနေ့ ဘန်ကောက်တွင် ပြုလုပ်သည့် One Championship ပြိုင်ပွဲတွင် ဘရာဇီးဖိုက်တာကို အောင်လအန်ဆန်းက ပထမအချီ ၁ မိနစ်ကျော်အတွင်း အနိုင်ထိုးသတ်နိုင်ခဲ့သည်။
အောင်လအင်ဆန်နှင့် ဘရာဇီးဖိုက်တာ Gilberto Galvao တို့သည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Impact Area ကွင်းတွင် ကျင်းပသည့် ပွဲ၌ ယနေ့ (ဇန်နဝါရီ ၁၄) နံနက်က ပြိုင်ဆိုင် ထိုးသတ်ခဲ့ကြခြင်း ဖြစ်သည်။
ယခုပွဲစဉ်တွင် အောင်လအန်ဆန်းနှင့် ထိုးသတ်ရမည့် တရုတ်ဖိုက်တာ ဖန်ဝေါင်းသည် ကိုဗစ်ကြောင့် နှုတ်ထွက်သွားသဖြင့် ဘရာဇီးဖိုက်တာ Gilberto Galvao ဖြင့်ထိုးသတ်ရန် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က စင်္ကာပူနိုင်ငံတွင် ဂျပန်ဖိုက်တာ အိုကာမီနှင့်
အောင်လအန်ဆန်တို့ ယှဉ်ပြိုင်ထိုးသတ်သည့် ပွဲတွင် ပထမအချီမှာပင် အောင်လအန်ဆန် အနိုင်ရရှိခဲ့သည်။
Crd



Post a Comment