သိပ်ချစ်ရပါသော “ ကိုကို ” ဆီသို့

သိပ်ချစ်ရပါသော “ ကိုကို ” ဆီသို့ 


“ ကိုကို နိုင်ငံခြားကို သွားရတော့မယ် သဲတုန်ရေ ” လို့ ပြောခဲ့တဲ့‌နေ့က လူမသိသူမသိ ကြိတ်ငိုခဲ့မိတယ် ။ 
တစ်ယောက် နဲ့ တစ်ယောက် ချစ်ကြည်နူးလို့ မဝခင်မှာပဲ ကိုကိုက နိုင်ငံခြားသွားရတော့မယ်တဲ့လား ??? ကံကြမ္မာက ကိုကို နဲ့ သဲတုန်ကို တွေ့ဆုံဖို့ အချိန်ကန့်သတ်ထားသလိုပါပဲ ။ 

ကိုကိုနဲ့ ခွဲရမယ့်ရက်က တစ်ရက် နဲ့ တစ်ရက် နီးလာလေလေ သဲတုန် ရင်ဘတ်ထဲ ပိုနာကျင်လာရလေလေပါပဲ ။ ခံနိုင်‌ရည် ရော ရှိပါ့မလား ။ ဘယ်လိုများ ရင်ဆိုင်ရမလဲ ?? အခုထိ တွေးပူနေတုန်း ကံကြမ္မာက ထပ်ပြီး ဆုံတွေ့ခွင့်မပေးတော့ရင်ဆိုတဲ့ အတွေးလွန်ခြင်း နောက်ကွယ်မှာ ရူးခဲ့ရတဲ့ ညပေါင်းမနည်း…

“ အချိန်ကြာရင် နေသားကျလာမှာပါ ” တဲ့လား ကိုကိုရယ် ။ အချိန်တွေက ကုစားပေးရအောင် ကိုကို့ကို မေ့ပစ်ဖို့ ချစ်ခဲ့တာမှမဟုတ်ဘဲ ။ သဲတုန်က သာမာန် လူတန်းစားလေ ကိုကိုနဲ့ မဖြစ်နိုင်စရာ‌တွေ အများကြီး ။ သဲတုန်ကို ထားမသွားဖို့ မတောင်းဆို‌တော့ပါဘူး ။ ဒါပေမယ့် မေ့မသွားဖို့ အမှတ်ရနေဖို့တော့ တောင်းဆိုပါရစေ ကိုကို ။ 

ရှေ့ဆက်ဖို့ မဖြစ်နိုင်ရင်တောင်‌ နောက်ဆုတ်မယ့် အနေအထားမျိုးတော့ မဖြစ်ချင်ဘူး ကိုကိုရယ် ။ အဆက်အသွယ်လေး ရှိနေရုံနဲ့တင် ကျေနပ်နေသူပါ ။ ထွက်သွားသူထက် ကျန်ရစ်ခဲ့သူက ပိုနာကျင်ရတယ်ကိုကို ။ နေရာသစ်မှာ ကိုကိုက အမြင်သစ် ဖြစ်သွားနိုင်ပေမယ့် သဲတုန်အတွက်တော့ နေရာတိုင်းမှာ ကိုကိုရဲ့အမှတ်တရတွေနဲ့ ကျန်ရစ်ခဲ့ရမှာပါ ။ ထပ်ပြီး ဆုံတွေ့ခွင့်မရှိတော့ရင်တောင် သဲတုန် ရင်ထဲမှာ ကိုကို့ကို အမြဲ သိမ်းဆည်းထားမှာပါ ။ ရှိနေတဲ့အချိန်တိုအတွင်းမှာ သဲတုန်ကို စိတ်ချမ်းသာစရာတွေ ပေးခဲ့လို့ ကျေးဇူးတင်ရပါတယ် သိပ်ချစ်ရပါသော ကိုကိုရယ်... ။

#မပြောဖြစ်ခဲ့တဲ့စကားတွေ

Post a Comment

Previous Post Next Post

Comments