နားလည်မှုတွေနဲ့ လျှောက်လှမ်းပါ🌻

🌻နားလည်မှုတွေနဲ့ လျှောက်လှမ်းပါ🌻


လူ့ဘဝဆိုတာ
မွေးဖွားခြင်းတွေနဲ့အစပြုပြီး
သေဆုံးခြင်းတွေနဲ့ အဆုံးသတ်ကြသလို

လူ့ဘဝဆိုတာ
တွေ့ဆုံခြင်းတွေနဲ့အစတည်ခဲ့ကြပြီး
ခွဲခွါခြင်းတွေနဲ့ အဆုံးသတ်ကြရတယ်

တစ်ဦးနဲ့တစ်ဦး
သေဆုံးခြင်းတွေနဲ့ အဆုံးမသတ်ခင်
ခွဲခွါခြင်းတွေနဲ့ အဆုံးမသတ်ခင်

ဆုံဆည်းရတဲ့အချိန်လေးမှာ
တစ်ယောက်နဲ့တစ်ယောက်
မေတ္တာထားပြီး ချစ်ချစ်ခင်ခင်
ကြင်ကြင်နာနာ နေထိုင်နိုင်အောင်ကြိုးစားပါ

နောက်ဘဝ
ဆုံဆည်းရဖို့ဆိုတာ မသေချာ မရေရာဘူး

ဒါကြောင့်
အတ္တ မာနတွေကို လျော့ချပြီး
နားလည်မှုတွေနဲ့ လျှောက်လှမ်းပါ

အဲလိုနေထိုင်မယ်ဆိုရင်
ဘယ်သူနဲ့ပဲ ခွဲခွာနေရပါစေ
အပြုံးလေးတွေနဲ့ အဆုံးသတ်ရပါလိမ့်မယ်။

အရှင်ဇဝန (ရွှေကုန်းမြေ)

Photo crd
-------------

စာအုပ်တန်ဖိုး-3000ကျပ်

စာအုပ်ကို သဘောကျဖတ်ရှုလို၍မှာယူလိုပါက
Page cbတွင် ဆက်သွယ်မှာယူနိုင်ပါတယ် 🌿

Post a Comment

أحدث أقدم

Comments