သင် ဘာကို ကြောက်နေသနည်း လူတိုင်း ကြောက်တတ်ကြသည် ။

သင်  ဘာကို ကြောက်နေသနည်း

လူတိုင်း ကြောက်တတ်ကြသည် ။ 

 ဒေါ်နီ၊ ၄၀ နှစ် ၊ ဓာတ်လှေကားစီးတိုင်း ဘုရားတ,သည် ။ 
ဦးဘ ၊ ၅၈နှစ် ၊ ပင်စင်ယူရမှာ ကြောက်နေသည်။ 
ဥမ္မာ ၊ ၁၅နှစ် ၊ ကိုယ်တိုင်လည်း စိတ်ဝင်စားနေသည့်  ကောင်လေးနှင့် ဧည့်ခံပွဲတွင် ဆုံရမှာကို ကြောက်နေသည်။ 
အသက်အရွယ်မရွေး ၊  လူမျိုးဘာသာမရွေး လူတိုင်းလူတိုင်း မှာ ကြောက်စရာကိုယ်စီ ရှိကြသည်။  ကိုယ်ကြောက်သည့်အရာ နှင့် ကြုံလျှင် လူတိုင်း ကလေးတစ်ယောက်နှယ် ဖြစ်သွားတတ်သည်။ 

အချို့က  အမှောင်ကြောက်သည် ။ အချို့က ထိခိုက်နာကျင်မှာ ကြောက်သည်။ အချို့က သူတစ်ပါးကဲ့ရဲ့မှာ ကြောက်သည် ။ အချို့က ဆင်းရဲမှာ ကြောက်သည် ။ အချို့က တစ်ကိုယ်တည်းအဖော်မဲ့စွာ နေရမှာ ကြောက်သည် ။ သည်အရာတွေကို လက်ငင်း ကြုံတွေ့ရသည့်အခါ သို့မဟုတ် ကြုံတွေ့ရတော့မည့် အခါ၌ ကြောက်သလို ဝေးဝေးလံလံအချိန်ကာလမှာလည်း  တွေးတော၍ ကြောက်တတ်သေးသည် ။ 

သို့သော် 

ကြောက်စိတ်ဆိုသည်မှာ အချည်းနှီး အကျိုးမဲ့မဟုတ်ပါ ။ လူ၏ ပင်ကိုစိတ် သဘာဝ စိတ်တစ်မျိုး ဖြစ်သကဲ့သို့  လူကို အကျိုးပြု သော စိတ်လှုပ်ရှားမှုတစ်မျိုးလည်း ဖြစ်သည် ။ 

ကြောက်ရွံ့သည့် အခိုက်အတန့်တွင် လူ၏ ခန္ဓာကိုယ်အတွင်း၌ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အများအပြား ဖြစ်ပေါ်သည် ။  နှလုံးခုန် မြန်လာသည် ။ ခန္ဓာကိုယ် တုံ့ပြန်မှု ယန္တရားတွေ သွက်လက်လာသည် ။ မျက်စိသူငယ်အိမ် ကျယ်လာပြီး မျက်စိတွင်း အလင်းရောင် များများ ဝင်လာသည် ။ ထို့ပြင်  ခန္ဓာကိုယ် သွေးကြောများအတွင်း အဒရီနလင်ဓာတ် အများအပြား  ထွက်လာသည် ။ အဒရီနလင် ထွက်လာသည့်အခါ လူသည် ရုတ်တရက် ခွန်အားတတ်သည် ။ အန္တရာယ်ကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်လာသည် ။ ခွေးရူး လိုက်သောအခါ ခြံစည်းရိုးကို ခုန်ကျော် ပြေးနိုင်ခြင်း ၊ မီးလောင်သည့် အချိန်တွင်  သေတ္တာကြီးကို တစ်ယောက်တည်း အိမ်အောက်သို့  ထမ်းချလာနိုင်ခြင်း တို့သည် အဒရီနလင်၏ တန်ခိုးဖြစ်သည် ။ 

ရုပ်ပိုင်းအန္တရာယ် မဟုတ်ဘဲ စိတ်ပိုင်းအန္တရာယ် နှင့် ကြုံရချိန်၌လည်း ကြောက်စိတ်သည် လူအား စိတ်ပြဿနာများကို ရင်ဆိုင်နိုင်ရန် အဆင်သင့်  ပြင်ဆင်ပေးသော သဘော ၊ အားတင်းပေးသော  သဘောရှိပေသည် ။ 
ထို့ကြောင့် ကြောက်စိတ်ဟူသည် လူ၏ သဘာဝစိတ်ဖြစ်သည် ၊ လူကို ကူညီသောစိတ်ဖြစ်သည် ဟု ဆိုခဲ့ခြင်း ဖြစ်သည် ။ 

သို့သော် တကယ်ရှိသည့်  အန္တရာယ်နှင့် ဖြစ်ပေါ်ခံစားရသည့်  ကြောက်စိတ်တို့ မမျှမတ ဖြစ်သောအခါ (ဝါ ) အကြောက်လွန်သော   အခါ၌ကား ပြဿနာဖြစ်လာပေသည် ။ 
( ဆရာဖေမြင့် ၏ “ မူမှန်စိတ် မူမှန်အတွေး မူမှန်အကျင့်အကြံ (၁)  စာအုပ်မှ )

Zawgyi Version

Post a Comment

أحدث أقدم

Comments