လူတယောက်ရဲ့ တန်ဖိုးကို သိချင်ရင်
သူ့ရဲ့ အသိတရားရှိခြင်း မရှိခြင်းနဲ့ တိုင်းတာရပါတယ် ။
ဒါပေမယ့်
တော်တော်များများကတော့
အပေါ်ယံ စံနှုန်းတွေနဲ့ တိုင်းတာကြည့်တတ်ကြပါတယ် ။
အဲ့ဒီတော့
အပေါ်ယံ အပြော ၊ အပြုံး ၊ ဝတ်စားဆင်ယင်မှု ၊
စားနိုင်သောက်နိုင်မှု ၊ရာထူးဂုဏ်ရှိန်ဝါတွေကပဲ
တန်ဖိုးရှိတဲ့ အရာတွေအဖြစ် ဖန်ဆင်းပေးနေသလိုပါပဲ ။
တန်ဖိုးကို ခွဲခြားမသိနိုင်တဲ့ သူတွေများလာလေလေ
အသိတရားရှိတဲ့ လူတွေ ဘေးရောက်လေလေပါပဲ ။
-မနောသီရိ-
-အတွေးနဲ့အမြင်စာစုလေးများ-

Post a Comment