သူတစ်ပါးကို ပေးလို့ မကုန်တဲ့ အရာများ

သူတစ်ပါးကို ပေးလို့ မကုန်တဲ့ အရာများ


မြတ်စွာဘုရားကို လူဆင်းရဲ တစ်ယောက်က မေးပါတယ်။ အရှင်ဘုရား တပည့်တော် ဘာကြောင့်ဆင်းရဲ နေရတာလဲ။

မြတ်စွာဘုရားရှင်က သင်သူများတွေကို မပေးကမ်းဘူး၊ ဘယ်လို ပေးရမလဲဆိုတာလည်း သင်က မသိဘူး။

ကျွန်တော့်မှာ ဘာမှ မရှိလို့ ဘာမှသူများကို မပေးကမ်းနိုင်ခဲ့ပါဘူး။

သင့်မှာ သူများတွေကို ပေးလို့ မကုန်တဲ့ အရာတွေ အများကြီးရှိပါတယ်။ 

မျက်နှာ - အမြဲတမ်း သင့်မျက်နှာကို ပြုံးထားပါ၊ ပျော်အောင်နေပါ၊ မျက်နှာဟာ ရွှင်ပျနေပါစေ။

ပါးစပ် - သင်ရဲ့ပါးစပ်က ချိုချိုသာသာ ပြောပါ၊ အခြားသူတွေကို အားပေးတတ်အောင် ကြိုးစားပါ ၊ အားနည်းတဲ့သူတွေကို နှစ်သိမ့်စကား ပြောဆိုပါ။

စိတ်နှလုံး - ရိုးသားပါ၊ အမှန်တရားကို မြတ်နိုးပါ အခြားသူများကို စိတ်မှ ကြင်နာယုတတ်ပါ။

မျက်လုံး - အခြားသူတွေကို ကြင်နာစွာ ကရုဏာရှေ့ထားပြီး မာန်မာနတွေ မပါဘဲ ကြည့်ပါ။

ခန္ဓာကိုယ် - မင်းရှေ့မှာ ရှိတဲ့ လူတွေအားလုံးကို လက်တွေ့ကျကျ ကူညီနိုင်ပါတယ်။

ကြည့်ပါ။ သင့်မှာ ဘာမှ မဆင်းရဲတော့ပါဘူး။

" ကျွန်တော်တို့ နှလုံးသားထဲမှာ အမှန်တကယ် ဆင်းရဲသူများသည် ညံ့ဖျင်းသော သူများသာဖြစ်၏ "

Ref - yujiearthman
ကျော်လင်းနိုင် (ရိုးရာလေး)

Post a Comment

Previous Post Next Post

Comments