တစ်ချို့မိန်းမသားတွေက သိပ်ကိုတော်ကြတယ် အရွယ်နဲ့ မလိုက်အောင် ထက်မြက်ကြတယ်

တစ်ချို့မိန်းမသားတွေက သိပ်ကိုတော်ကြတယ်
အရွယ်နဲ့ မလိုက်အောင် ထက်မြက်ကြတယ် 


ဘယ်လိုအခက်အခဲတွေပဲ ကြုံကြုံ 
သူတို့ မပြိုလဲတတ်ကြဘူး။ အပြင်ပန်းကကြည့်ရင် နူးညံ့တယ် သိမ်မွေ့တယ် အတွင်းစိတ်က 
သန်မာတဲ့ မိန်းမသားတွေပေါ့ ။

တစ်စုံတစ်ယောက်က သူတို့ကို မလိုအပ်ရင် 
အတင်းလိုက်ပြီး မကပ်တွယ်တတ်ဘူး ။ 

ကိုယ်ပိုင်တဲ့ ကိုယ့်နေရာမှာ 
တန်ဖိုးရှိအောင် နေတတ်တဲ့ မိန်းမသားတွေကို 
သိပ်အားကျမိတယ် .  .  .

ဘယ်သူကိုမှ အားမကိုးပဲ သူတို့ဘဝလှအောင် 
သူတို့ ဖန်တီးတယ် သူတို့မှာ အပြစ်အနာဆာတွေ 
ရှိနေမယ်ဆိုရင်တောင် .  .  .

အဲ့ဒီအပြစ်အနာဆာတွေကို လှပအောင်ပုံဖော်တယ်။

တစ်ချို့သော မိန်းကလေးတွေက သိပ်ကို
တော်ကြတယ် ကိုယ်ကိုတိုင်လဲ အမြင့်ရောက်အောင် ကြိုးစားသလို သူတစ်ပါးကိုလဲ စိတ်ဓာတ်ခွန်းအားတွေပေးတယ် . . .

မပြိုလဲတတ်ဘူး အားမငယ်တတ်ဘူး ။
မာနမကြီးတတ်ဘူး ကိုယ်ပိုင်တဲ့ကိုယ့်နေရာမှာ
တန်ဖိုးရှိအောင် နေတတ်တဲ့မိန်းမသားတွေပေါ့ ။

ဆုမြတ်နိုး (𝐰.𝐬)

Post a Comment

Previous Post Next Post

Comments