ရှင်သန်နေရတဲ့လောကကြီးထဲမှာ

ရှင်သန်နေရတဲ့လောကကြီးထဲမှာ


ဘယ်သူကရော 
ကိုယ့်ထက်ကိုယ့်အကြောင်းကို
ပိုသိနိုင်မှာတဲ့လဲ 

ဘယ်သူကရော
ကိုယ့်ထက်ကိုယ့်ခံစားချက်ကို
ပိုနားလည်နိုင်မှာတဲ့လဲ

ဘယ်သူကရော
ကိုယ့်ထက်ကိုယ့်ရပ်တည်မှုကို
နားလည်လက်ခံနိုင်မှာတဲ့လဲ

ဘယ်သူကရော
ကိုယ့်ထက်ကိုယ့်ရှင်သန်မှုကို
ကူညီဖြေရှင်းပေးနိုင်မှာလည်း

တစ် ခါ တလေတော့
ကိုယ့်အတွက်အလိုအပ်ဆုံးဟာ
ကိုယ်ဖြစ်နေမှန်းမေ့နေခဲ့ပြီး
တခြားသူကိုအပူတပြင်းနဲ့
ရှာဖွေနေခဲ့မိတာပါပဲ

တကယ်တော့
ကိုယ့်ရဲ့ဖြစ်တည်မှုကို
ကိုယ်ကသာနားအလည်နိုင်ဆုံးမဟုတ်လား
ကိုယ့်ကိုယ်နားမလည်နိုင်တဲ့
လူတွေကြားထဲမှာ
ကိုယ့်ကိုယ်နားမလည်နိုင်တဲ့
မျက်ဝန်းတွေထက်
ကိုယ်တစ်ယောက်ထဲ
မော့ကြည့်လိုက်ရတဲ့ကောင်းကင်က
အနည်းဆုံးတော့ရှုပ်ထွေးမှု့
ကင်းစေတယ်လေ

ကိုယ့်ကိုယ်နားမလည်နိုင်တဲ့
သူတွေကြားထဲမှာရှင်သန်ရတာထက်
ကိုယ်တစ်ယောက်ထဲပဲရှင်သန်ပါရစေ 

-လင်းရောင်စင်
#TOP_FAN

Post a Comment

Previous Post Next Post

Comments