အတိတ်တွေထဲကို ထပ်ခါထပ်ခါ ပြန်မသွားပါနဲ့တော့။

အတိတ်တွေထဲကို ထပ်ခါထပ်ခါ ပြန်မသွားပါနဲ့တော့။


ကျွန်တော့်မှာ ပျော်စရာမကောင်းတဲ့အတိတ်တွေရှိခဲ့တယ်။ကျွန်တော်ဟာ အသက်၂၀ ပြည့်ခါနီးအရွယ်ကိုရောက်မှ ပျော်ရွှင်မှုကို ကိုယ့်ရင်ထဲကနေမနည်းပြန်ရှာတွေ့ခဲ့ရတဲ့လူတစ်ယောက်ပါ။ အရာအားလုံးကို ဆုံးရှုံးခဲ့ပြီး တချို့တစ်ဝက်ကို ကိုယ်တိုင်တည်ဆောက်ခဲ့ပြီးပေါ့။

အဲ့အတွက်အတိတ်တွေအကြောင်း ပြန်ပြောရတာကို သဘောမကျတော့ဘူး။မကောင်းတဲ့အတိတ်တွေမို့ နာကျင်စရာတွေများလို့ အဲ့အတိတ်တွေကိုပြန်ကြည့်တဲ့အခါ ကလေးဘဝက မွန်းကျပ်နေတဲ့ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရလို့ 
ဆုံးရှုံးခြင်းတွေ၊ပြောင်းလဲခြင်းတွေ ကြားမှာ လူ့ဘဝထဲခြေချတာနဲ့ ဆုံးရှုံးခြင်းတဲ့၊ပျက်စီးခြင်းအကြောင်းပဲ သင်ခန်းစာယူနေခဲ့ရလို့ 
ကျွန်တော်ဟာ အတိတ်တွေထဲကို ပြန်သွားရတာကို မကြိုက်ဘူး။ ပြန်လည်းမပြောဘူး ဘာလို့ဆို ပြန်ပြောတိုင်းအဲ့အတိတ်ဆီကျွန်တော်ကိုယ်တိုင်ပြန်အလည်သွားနေမိလို့ပဲ။

မပြီးဆုံးနိုင်တဲ့ ဓာတ်ပြားဟောင်းကြီးတစ်ခုလို့ အတိတ်အကြောင်းပြန်ဖွင့်ဖူးတယ်။ဒဏ်ရာတွေကိုတစ်ယောက်ယောက်က စာနာစိတ်ရှိမလားလို့ အမြဲမျှော်လင့်နေခဲ့ဖူးတယ်။ငတ်ခဲ့တဲ့မေတ္တာတွေ၊ပျောက်ဆုံးသွားတဲ့နွေးထွေးမှုတွေကို တစ်ယောက်ယောက်ကို ယူလာပေးမလားလို့ အမြဲတွေးဖူးတယ်။အဲ့အတွက်စိတ်လူံခြုံမှုလေးရတာနဲ့ ကျွန်တော်ဟာ ပျော့ညံ့ပြလိုက်တော့တာပဲ။တကယ်လည်း အဲ့နွေးထွေးမှုကိုတစ်စုံတစ်ယောက်ဆီက ကျွန်တော်ရခဲ့တယ်။
သို့ပေမဲ့ အဲ့တစ်စုံတစ်ယောက်က ကျွန်တော့်ဆီကပြန်ထွက်သွားတဲ့အခါ ရင်ဟာနှစ်ခါခွဲသလို ဖြစ်သွားတယ်။

ကျွန်တော့်ကမ္ဘာဟာ စစ်မှန်တဲ့ငြိမ်းချမ်းမှုမရသေးဘူး။မှန်ကန်တဲ့နွေးထွေးမှုတွေလုံလောက်စွာမရသေးဘူး..ရပြီလို့ထင်ခဲ့ရုံလေး အဲ့တစ်စုံတစ်ယောက်ထွက်သွားချိန်မှာ ရင်ထဲကိုသူခွဲပြီးထည့်ခဲ့တဲ့ မေတ္တာတွေ၊ယုံကြည်မှုတွေ၊နွေးထွေးမှုတွေကို သူဟာ သူနဲ့အတူပြန်ထုတ်သွားတယ်။ချက်ချင်းမဟုတ်ပေမဲ့အခိုးအငွေ့လိုတစ်စစီလွင့်စင်သွားတယ်။

အချိန်တစ်နှစ်လောက်မှာ ကျွန်တော်သိချင်လာတယ်။သူပေးတဲ့မေတ္တာတွေ၊သူပေးတဲ့စိတ်လုံခြုံမှုတွေ၊သူပေးတဲ့ နွေးထွေးမှုတွေ မဟုတ်ဘဲ ငါ့ ရင်ထဲက စစ်မှန်တဲ့ ငါဆိုတာ ဘာလဲဆိုတာကိုပဲ။

စာအုပ်ရရှိနိုင်သော အမြို့မြို့ အနယ်နယ်မှအရောင်းဆိုင်များ 


#Nayvel

Post a Comment

أحدث أقدم

Comments