လက်မထပ်ရသေးပဲ
ချစ်သူကောင်လေးနဲ့
လိင်ဆက်ဆံတဲ့ မိန်းကလေး
တစ်ယောက်ကို
အကိုဘယ်လိုမြင်လဲ
အနာဂတ်ရဲ့ မိခင်လောင်းလို့
မြင်တာပေါ့...ညီ
မဟုတ်သေးဘူးလေ
အကိုရာ မိန်းကလေးတွေက
အပျိုစင်ဘဝကို တန်ဖိုးထား
ထိန်းသိမ်းရမှာမဟုတ်ဘူးလား
မိန်းကလေးတွေ
အပျိုစင်ဘဝကို
တန်ဖိုးထားရမယ်
လို့ညီထင်နေတာဆိုရင်
လုံးဝမှားသွားပြီ
အပျိုစင်ဘဝက
မိန်းကလေးတွေမှာပဲရှိတာလေ
သူတို့မထိန်းသိမ်းတော့
ဘယ်သူက
ထိန်းသိမ်းသိမ်းမှာလဲ
သူတို့ တန်ဖိုးမထားတော့
ဘယ်သူက တန်ဖိုးထားမှာလဲ
အပျိုစင်ဘဝက
မိန်းကလေးတွေမှာ
ရှိတာမှန်တယ်
ဒါပေမယ့် အဲဒါကို
တန်ဖိုးထား ထိန်းသိမ်းရမှာက
ယောက်ျားတွေရဲ့
တာဝန္ပဲ ညီရ
အကိုပြောပြမယ်ကွာ
မင်းက ဖုန်းတစ်လုံးဝယ်တယ် ဆိုပါတော့
မင်းရဲ့ ဖုန်းလေး ကျမကွဲအောင် ပျက်စီး မသွားအောင်
မင်းစောင်ရှောက်ရမှာ
မဟုတ်ဘူးလား
အကယ်လို့
ကျကွဲသွားတယ်ပဲထားကွာ
ဖုန်းလေးက သူ့ကိုသူ
ကျကွဲအောင်လုပ်နိုင်တဲ့ အစွမ်းရှိလို့လား ညီက
သေချာဂရုမစိုက်ခဲ့လို့သာ
လက်ထဲက လွတ်ကျပြီး
ကွဲသွားတာဖြစ်နိုင်သလို
ဒေါသနဲ့ ကိုင်ပေါက်မိလို့
ကွဲသွားတာလဲ ဖြစ်နိုင်တာပဲ
မဟုတ်ဘူးလား
ဒီလိုပဲ ညီရ
မိန်းကလေးတွေရဲ့
အပျိုစင် ဘဝဆိုတာ
ဖုန်းဥပမာအတိုင်းပဲ
မိန်းကလေးတွေက
အပျိုစင်ဘဝပဲ
သူ့မှာရှိနေတာ
အဲဒီအပျိုစင်ဘဝကို
တစ်ခြားသူရဲ့
ပေယာဂ မပါပဲ
သူတို့ကိုယ်တိုင်
ဖျက်စီးနိုင်တဲ့ အစွမ်း
မရှိသလို ဖျက်စီးပစ်လို့လဲမရဘူး
ဒါကိုလုပ်နိုင်တာက
ယောက်ျားလေးတွေပဲရှိတယ်
ဆိုတော့ အမျိုးသမီးတွေရဲ့
အပျိုစင်ဘဝကို တန်ဖိုးထား
ထိမ်းသိမ်းရမှာက
ယောက်ျားတွေရဲ့ တာဝန်ပဲ
မိန်းကလေးတစ်ယောက်က
ယောက်ျားလေးတစ်ယောက်ကို မုဒိန်းကျင့်တယ်လို့ ဘယ်မှာရှိလို့လဲကွာ ဒါမျိုးရှိခဲ့ရင်တော့
ချွင်းချက်အနေနဲ့ ကိုယ့်အပျိုစင် ဘဝကို ကိုယ်ဖျက်တဲ့
မိန်းကလေးဆိုတာ
ရှိလာနိုင်တာပေါ့
ဒါကလည်း ဖြစ်မှမဖြစ်နိုင်တာ
အဲတော့ကွာ
အမျိုးသမီးတစ်ယောက်ဟာ
အိမ်ထောင်မကျသေးပဲ
အလိုတူလို့ပဲ ဖြစ်ဖြစ်
အလိုမတူလို့ပဲ ဖြစ်ဖြစ်
သူ့အပျိုစင်ဘဝကို
စတေးခဲ့ရတယ်ဆိုရင်
အဲဒါဟာ အမျိုးသမီးတွေရဲ့
အပြစ်မဟုတ်ဘူး အမျိုးသမီး
တစ်ယောက်ရဲ့ အပျိုစဉ်ဘဝကို
တန်ဖိုးမထားတဲ့ မထိန်းသိမ်းတဲ့ ယောက်ျားတွေရဲ့
တဏှာရာဂ အပြစ်ပဲ နောက်ပြီး အမျိုးသမီးတစ်ယောက်ရဲ့
အပျိုစဉ်ဘဝကို တန်ဖိုးထား
ထိမ်းသိမ်းရမှာက
ယောက်ျားတွေရဲ့
တာဝန်ပဲ လက်ခံလား ညီ
သိပ်တော့
လက်မခံချင်သေးဘူး အကိုရာ
ထားပါတော့ဗျာ
ကျွန်တော် တစ်ခုပြောပြမယ်
ကျွန်တော့်ကောင်မလေးကိုဗျာ ကျွန်တော်နဲ့ အတူလိင်ဆက်ဆံဖို့ သူ့ဆီက ခွင့်တောင်းတယ်
သူခွင့်မပြုရင်လည်းရတာပဲ
မဟုတ်ဘူးလား
သူခွင့်ပြုခဲ့တယ်ဆိုရင်တော့
သူလည်း အလိုတူ
အလိုပါပဲလေဗျာ
မဟုတ်ဘူးလားအကိုရ
ဒါဆို ညီ့ကို ကိုယ်မေးမယ်ကွာ
အဲဒီလို လိင်ဆက်ဆံဖို့ကို
ကောင်မလေးဘက်ကနေ
စပြောခဲ့တာလား
အကိုကလဲဗျာ
ဘယ်မိန်းကလေးကတော့
ဒါမျိုး စပြောမှာလဲဗျ
ယောက်ျားလေးဘက်ကပဲ
စပြောရတာပေါ့
ဒါဆိုရှင်းနေတာပဲလေညီရာ
အဲဒီလို လက်မထပ်ရသေးပဲ
လိင်ဆက်ဆံဖို့ပြောတယ်ဆိုထဲက ကိုယ့်ချစ်သူ မိန်းကလေးရဲ့ အပျိုစင် ဘဝကို
တန်ဖိုးမထားလို့ပေါ့
မထိန်းသိမ်းပဲ
ဖျက်စီးပစ်ချင်လို့ပေါ့
နောက်ပြီး
မင်းကို အကိုပြောအုံးမယ်
မိန်းမတွေရဲ့ စိတ်က
အစကတည်းက
နူးညံ့သိမ်မွေ့တဲ့
သဘောရှိတယ် လိင်မှု ကိစ္စနဲ့
ပတ်သက်လာရင်လည်း
မိန်းကလေးတိုင်းမှာ
ကြောက်ရွံ့တဲ့
စိတ်ကလေးတော့ရှိနေတာပဲ
ယောက်ျားလေးတစ်ယောက်က တောင်းဆိုလာတဲ့အခါမှာ
မလွန်ဆန်နိုင်လို့ ချစ်လွန်းလို့ လိုက်ရောခဲ့ရတယ်
ဆိုရင်တောင်
အဲဒီလိုက်ရောမှုမှာ
ယောက်ျားလေးအတွက်က
သာယာမှု ၁၀၀ ရာခိုင်နှုန်း
အပြည့်အဝ ရချင်ရလိမ့်မယ်
မိန်းကလေးတွေ အတွက်
ကတော့ ဒါမျိုး လုံးဝမဖြစ်နိုင်ဘူး
မိန်းကလေး
အယောက်တစ်ရာမှာ
၉၀ ရာခိုင်နှုန်းလောက်က
သူတို့ရဲ့ ပထမဆုံး လိင်ကိစ္စ
အတွေ့အကြုံမှာ နာကျင်မှုကိုပဲ ရကြတာ သာယာမှုကိုရတဲ့
သူဆိုတာက
အတော်နည်းတယ်
ဘာလို့လဲဆိုတော့
အပေါ်မှာပြောခဲ့သလို ဒီကိစ္စမှာ
ကြောက်ရွံ့တဲ့ စိတ်ကလေးက
မိန်းမတိုင်းမှာ ရှိနေလို့ပဲ
ပြီးတော့ အတူနေအမျိုးသားရဲ့ လိင်မှုကိစ္စနဲ့ သက်ဆိုင်တဲ့ ဗဟုသုတ နည်းပါးမှုရယ်
ကိုယ့်ဆန္ဒတစ်ခုကိုယ်ပဲ
ကြည့်တတ်တယ်
အကျင့်ရယ်ကြောင့်ပေါ့ကွာ
ကိုယ်ပြောချင်တာက
မိန်းမတစ်ယောက်က
ဒါမျိုးနေဖို့ခွင့်ပြုခဲ့တယ်
ဆိုရင်တောင်
ပျော်လို့မဟုတ်ဘူး
ကြောက်ကြောက်ရွံ့ရွံ့နဲ့ပဲ
ပေးခဲ့ရတာ
ကိုယ့်ချစ်သူကိုယုံကြည်လို့
ချစ်လွန်းလို့ပေါ့ ဒါမျိုးက
လက်ထပ်ပြီးသား
လင်မယားတွေမှာ
ပြဿနာမရှိဘူးဆိုပေမယ့်
သမီးရည်းစားဘဝမှာ
ဖြစ်တာဆိုရင်တော့
အရမ်းကို ရက်စက်ရာ
ကျလွန်းပါတယ်ကွာ
ယောက်ျားတွေအနေနဲ့ သတိထားဆင်ခြင်သင့်ပါတယ်
ဒီလောက်ဆိုရင်တော့
မိန်းကလေးတွေက
သူတို့ရဲ့အပျိုစင်ဘဝကို
တန်ဖိုးထား
ထိန်းသိမ်းရမှာမဟုတ်ဘူး
သူတို့နဲ့ နီးစပ်ရာ
ပတ်ဝန်းကျင်က
ယောက်ျားလေးတွေ
နောက်ပြီး သူတို့နဲ့ ချစ်သူရည်းစားဖြစ်နေတဲ့ ယောက်ျား
လေးတွေက ဒီမိန်းကလေးရဲ့
အပျိုစင်ဘဝကို တန်ဖိုးထား
ထိမ်းသိမ်းရမယ် ဆိုတာ
ညီလက်ခံပြီ မဟုတ်လား
ဒီလိုအကိုရာ အကိုပြောပြလို့
ကျွန်တော့်ကောင်မလေးရဲ့
အပျိုစင်ဘဝကို ကျွန်တော့်
ဘက်က တန်ဖိုးထားပြီး
လက်မထပ်ခင်အချိန်ထိ
ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန် ကျွန်တော့်မှာ
ရှိတယ်ဆိုတာတော့ လက်ခံပါပြီ
ဒါပေမယ့် နီးစပ်ရာ
ပတ်ဝန်းကျင်က
ယောက်ျားလေးတွေက
သူတို့နဲ့ မဆိုင်ပဲ ဘာလို့ တန်ဖိုးထား စောင့်ရှောက်ရမှာလဲဗျ
ဘာလို့လဲဆိုတော့
အပျိုစင် မိန်းကလေးတွေ
မုဒိန်းကျင့်ခံရတဲ့ဘေးက
ဝေးအောင်လို့ပေါ့ညီရာ
တဏှာရာဂ အကြည့်နဲ့ သင်ဘ၀ကို အမှောင်မချပါနဲ့့
ညီလေး မင့်ချစ်သူအတွက် ချစ်သူကောင်းတစ်ယောက်ဖြစ်ပါစေ
အကို စကားကို မှတ်ထားပါ ညီလေး
Credit

إرسال تعليق