အသက်ကြီးလာတဲ့အခါ ... သူ့နားမှာ ကိုယ်မရှိလို့ မဖြစ်တဘူးဆိုတာ မရှိသလို ၊ ကိုယ့်မှာသူမရှိလို့ မဖြစ်ဘူးဆိုတာ မရှိတာကို သိသွားတတ်ကြတယ်။

အသက်ကြီးလာတဲ့အခါ ...
သူ့နားမှာ ကိုယ်မရှိလို့ မဖြစ်တဘူးဆိုတာ မရှိသလို ၊ ကိုယ့်မှာသူမရှိလို့ မဖြစ်ဘူးဆိုတာ မရှိတာကို သိသွားတတ်ကြတယ်။ 


သူမရှိလို့ ဘ၀ပျက်သွားနိုင်ပါတယ် ဆိုတာတွေကလည်း အော်ဟစ်ငိုကြွေးခဲ့တုန်းကသာ အရမ်းခံစားရတာ သွေးအေးသွားချိန်မှာ အရမ်းကလေးဆန်မှန်း သိသွားတတ်ကြပါတယ်။ 

လက်မလွှတ်နိုင်ပဲ ထွက်သွားချင်တဲ့သူတစ်ယောက်ကို အတင်းလိုက်ဆွဲ မိတဲ့အခါ နှစ်ဦးစလုံး နာကျင်ခံစားကြရပြီး ဒဏ်ရာတွေကိုယ်စီနဲ့ ရန်သူတွေဖြစ်သွားတတ်တာကို သိရှိရှောင်ရှား တတ်သွားတယ်။ 

အသိဥာဏ်လေးတွေ ရှိလာကြတဲ့အခါ....
ကိုယ့်အနားမှာ မခွဲမခွာပဲ အလေးထား ဆက်ဆံနေသူတွေကို တန်ဖိုးထားဖို့သိလာကြတယ်။ 

ဒီလူတွေဟာ အချိန်မရွေးကိုယ့်အနားကနေ ထွက်သွားနိုင်တယ်ဆိုတဲ့ အသိတွေလည်း ရှိလာကြတယ်။ 

ထွက်သွားလိုတဲ့အခါမှာလဲ အသာတကြည် လက်လွှတ်ပေးကောင်းမှန်း သိနားလည် လာတတ်ကြတယ်။ 
လက်တွဲစဉ်ကာလအတွင်းမှာလည်း ယုံကြည်လေးစား တန်ဖိုးထားဖို့ကို မေ့မနေတော့ပါဘူး။

မနေချင်သူတစ်ယောက်ကို လက်လွှတ်ပေးလိုက်တာက ကိုယ့်ကိုယ်ကို လွတ်မြောက်ဖို့ လမ်းစရရှိမယ်ဆိုတာကိုလည်း သိသွားတတ်ကြတယ်။

အနှေးနဲ့အမြန် ခွဲခွာကြရမဲ့လူတွေ အချင်းချင်း .... 
တန်ဖိုးထားနိုင်တုန်း အတ္တကင်းကင်းနဲ့ တန်ဖိုးထားကြပါ ။ နှုတ်ဆက်ခွဲခွာရမဲ့ အချိန်ရောက်တဲ့အခါမှာလည်း ညင်သာစွာ ပြုံးပြနှုတ်ဆက်နိုင်ဖို့ ကြိုးစားရသေးတယ် ။

နောက်ဆုံး .... သူ့ဆီမှာ ထင်ကျန်ရစ်နေမယ့် ကိုယ့်ရဲ့ပုံရိပ်က သူ့အတွက် စိတ်ပျက်စရာမကောင်းနေတဲ့  အကောင်းဆုံးသော ပုံရိပ်သာ ဖြစ်နေအောင်တော့ ချန်နိုင်ရဦးမယ် ။ 

—— မာရင်ရင်

Post a Comment

أحدث أقدم

Comments