" အစွဲအလမ်း" (စ/ ဆုံး)
~~~~~~~~~~~~~
အဖေ..အဖေ...ဘယ်သွားမလို့လဲအဖေရယ်...
သားခေါ်နေတယ်လေအဖေရယ်....အဖေ!!!
"မိုးရွာကြီးထဲမှာလေအဖေ...အဖေ."
"သား.. သားထထ..သားအိပ်မက်မက်နေတာသားရဲ့..
"သားအိပ်မက်ထဲမှာအဖေကိုတွေတယ်အမေ...
သားခေါ်နေတာကိုသူမကြားဘူးအမေ..မိုးရွာထဲထိုင်နေတယ်
ပြီးတော့ဖိနပ်မပါဘူးအမေရယ်သားအဖေကို..အဖေကို.……
သားတို့နဲအရင်လိုပြန်နေစေချင်တယ်..."
"သားရယ်မဖြစ်နိုင်တာပဲသားရယ်..သားအဖေနဲ့အမေတို့က
ဘဝခြားနေပြီလေ..."
အောင်ကျော်တစ်ယောက်မျက်ရည်အရွှဲသားငိုနေမိပြီ..
အမေဖြစ်သူဒေါ်နွဲရီမှာပင်မျက်ရည်စို့လျှက်......
လွန်ခဲ့သောနှစ်လခန့်က...
"အဖေကြီးရုံးကပြန်လာပြီအမေရေ..."
အောင်ကျော်တံခါးဝကဆီးကြိုလိုက်တယ်ဒေါ်နွဲရီလည်းမီးဖိုချောင်မှထွက်ကာ"ကိုမောင်အလုပ်ကအဆင်ပြေလား..
ရေချိုးလေညစာစားကြရအောင်...."
"အလုပ်ကတော့အဆင်ပြေပါတယ်နွဲရာသူဌေးကလည်းလစာတိုး
ပေးမယ်ပြောတယ်..."
"ဟာတစ်ကယ်လားအဖေအာဆိုသားကိုဂစ်တာဝယ်ပေးပါလား
အဖေရာသားနဂိုကတည်းကတောင်းထားတာအဖေပဲလစာရရင်
ဝယ်ပေးမယ်ဆို"
"အေးပါသားရယ်အဖေကတိအဖေတည်ပါတယ်ကွအဖေ
သူငယ်ချင်းဆီအဖေမှာထားပြီးသားပါကွဒီတစ်ပတ်ထဲအဖေ
သွားယူပေးမယ်ဟုတ်ပြီလား"
"ဟာတကယ်အဖေမညာရဘူးနော်"
"မညာပါဘူးသားရာအဖေကတိတည်ပါတယ်ကွ"
"ဝေးဟေးဟေးဒါမှတို့ပါပါကွ"ဆိုပြီး
ဦးအေးမောင်ပါးကိုနမ်းလိုက်တယ် … …
ဒေါ်နွဲရီပင်ပြုံးပျော်ကာ..
"ကဲကဲဒီသားအဖပျော်တာလည်းပျော်တာပေါ့ညစာစားမယ်
ပြင်ထားတာတွေအေးကုန်မယ်"
ထိုနောက်မိသားစုသုံးယောက်စားပွဲတစ်ဝိုင်းထဲထိုင်ပြီး
မီးရောင်အောက်တွင်ကြည်နုးနေမိသည်.......
သိုနှင့် .………
"အဖေတစ်ယောက်တည်းသွားမှာလားသားရောလိုက်ခဲ့မယ်"
"မလိုက်ပါနဲ့သားရယ်အဖေကဟိုမှာကြာဦးမှာသားလိုချင်တဲ့ဂီတာ
အဖေရအောင်ဝယ်ခဲ့မယ်"
သားမိနှစ်ယောက်လက်ပြနေရင်းအပြုံးကလေးများရင်ဝယ်ပိုက်
ထားလေသည်........
ဦးအေးမောင်လည်းအဖြူလက်ရှည်နဲ့ပုဆိုးစင်းကလေးဝတ်ကာကား
ပေါ်သိုတက်လိုက်တယ်ကွမ်းပင် ၆၀၀ ဖိုးထုပ်ကာလက်ပြရင်းတစ်
ဖြေးဖြေးကားကလေးစထွက်သွားလေသည်သားနှင့်ဇနီးမျက်နှာပင်
တစ်ဖြေးဝေးကွာသွားလေသည်....
အတွေးထဲတွင်လည်းသားလိုချင်တဲ့ဂီတာလေး..ရပြီးပျော်ရွှင်တဲ့
မျက်နှာလေးရယ်...
ဇနီးသည်ရဲ့အပြုံးမျက်နှာလေးကိုမြင်ယောင်နေမိသည်.....
သို့နှင်...
အမလေး.....ဘာဖြစ်တာလဲခရီးသည်တွေအလန့်တကြားအော်သံ
တွေဆူညံပြီး..အား..ဝုန်း......မျက်လုံးတစ်ခုလုံးဘာကိုမှမမြင်ရတော့အရာအားလုံးအမှောင်တိကျချေပြီ.............။
မျက်လုံးကိုသေချာဖွင့်ကာဦးအေးမောင်အားယူထလိုက်သည်....…
စိတ်ထဲမှာတော့သားဖို့ဂစ်တာလေးဝယ်ရဖို့နှင့်အိမ်ပြန်ဖိုသာ...……
ပတ်ဝန်းကျင်တစ်ခုလုံးမှောင်နေချေပြီ..သူမျက်စီရှေ့မှာတော့သူလိုခရီးသည်နှစ်ယောက်သုံးယောက်နှင်တိမ်းစောင်းနေသောကားကြီးနှင့်သွေးသံရဲရဲနှင့်လူများသေချာပြီကားမှောက်တာပဲလိုသူထင်လိုက်တယ်တော်သေးလို့ဟုကိုယ်ကိုကိုယ်အားပေးကာနေလိုက်သည်
ဂီတာဆိုင်..ကိုတော့မသွားတော့ဘူး..အိမ်ကိုသာပြန်မယ်လိုစိတ်ကူးရုံရှိသေးအိမ်ပေါက်ဝသို့ဘယ်လိုဖြစ်လိုရောက်လာသည်မသိ..သို့နှင်ဦးအေးမောင်အိမ်ထဲသို့လှမ်းကြည်ကာဝင်သွားလိုက်သည်
အထဲတွင်သားနှင့်ဇနီးသည်TVကြည်နေသည်ဦးအေးမောင်လှမ်းအသံပြုလိုက်တယ်.."နွဲရေ..သား..သား.အဖေတို့ကားမှောက်လို..နွဲ."
အထဲမှသားအမိကတော့အသံကြားဟန်ပင်မတူထိုကြောင့်ဦးအေးမောင်သားပခုံးကိုလှမ်းပုတ်လိုက်သည်နဂိုကလိုသားပခုံးလေးကိုကိုင်မိသည်အမှတ်နှင့်သို့သော်သားပခုံးသည်
လက်ထဲတွင်ကိုင်မိသည်မဖြစ်ပဲသူလက်သာပခုံးအတွင်းသိုဝင်ကကိုင်မရချေထိုနောက်ဇနီးသည်ကိုလည်းထိုနည်းတူကိုင်မရဦးအေးမောင်တုန်လှုပ်သွားသည်ဘာဖြစ်တာလဲဘာတွေကမှားနေတာလဲလိုအကျယ်ကြီးအော်လိုက်သော်လည်း …………
သားအမိကတော့ရှိတယ်လိုပင်မထင်ချေ..ငါဘာဖြစ်သွားတာလဲ.....
ထိုနောက်..အိမ်ရှိဖုန်းမှသတင်းဆိုးကိုယူဆောင်ပေးလေချေပီ ……
"တီ...တီ..တီ.."
"သားရေဖုန်းလာနေတယ်ကိုင်လိုက်ဦး..."
"ဟယ်လို...ဟုတ်ကဲပြောပါ.
"ဦးအေးမောင်ဇနီးဒေါ်နွဲရီနဲ့တွေချင်လိုပါ."
"ဟုတ်ကဲကျွန်တော်ဦးအေးမောင်သားပါကျွန်တော်ကိုပြောလိုရပါ
တယ်ဗျ"
"ဟုတ်ကဲပြောရမှာစိတ်မကောင်းပါဘူးဗျဦးအေးမောင်တို့သွားတဲ့ကားတိမ်းမှောက်လိုပါ"
"ဗျာ.....အမေရေ..အမေ.အဖေတို့ကားမှောက်လိုတဲ့အမေ.."
"ဘာ...ဟုတ်လိုလား..ပေးစမ်းအမေကို.."
"ဟယ်လို..ကျွန်မယောကျာင်္းကားမှောက်လိုဆို"...
"ဟုတ်ပါတယ်အန်တီတစ်ကားလုံးချောက်ထဲကျတိမ်းမှောက်တာပါ.."
"ဟင့်..ကိုမောင်..ရယ်.အဖြစ်ဆိုးလှချေလား".….
အောင်ကျော်တစ်ယောက်ငူငူငိုင်နေချေပြီ...
ရင်ထဲတင်းကျပ်နေချေပြီ.....
မျက်ရည်မကျပဲရင်ထဲအောင့်ကာအကြီးကျယ်တုန်လှုပ်နေချေပြီ.
မိခင်ဖြစ်သူမှ.."သား.သား..ငိုချလိုက်သား...ငိုချလိုက်ပါသားရယ်.ဟီးဟီး....."
"အဖေရယ်......သားကြောင့်ဖြစ်ရတာအဖေဖြစ်ရတာသားကြောင့်..ဟီးဟီးဟီး.. .
"အဖေ......အဖေ.."
သူတိုနည်းအတူမမြင်ရတဲ့လောကကနေငိုနေရတဲ့ဦးအေးမောင်ရဲ့ငိုသံကိုတော့ကြားနိုင်မယ်မထင်............
ဦးအေးမောင်ကိုလပင်လည်ပေးချေပြီ..သိုသော်အိမ်ရှေ့တွင်ခဏခဏအကျီင်္လက်ရှည်အဖြူကလေးနဲ့ထိုင်နေသည်ကိုသားအမိနှစ်ရောက်စလုံးခဏခဏတွေမြင်မိသည်မြင်ပြီးခဏပျောက်သွားတယ်..
"မနက်ခင်းအလင်းပင်ကျရောက်ချေပြီသိုပေမယ့်ပျော်ရွှင်ဆူညံနေတဲ့မိသားစုဆီမှနဂိုကလို"ကိုမောင်..အလုပ်မသွားသေးဘူးလား.."
ဆိုတဲ့အမေအသံရယ်.......
သားရေထတော့ဆိုတဲ့အဖေရဲ့အသံကိုမကြားရတော့ချေ.....
အဖေရဲ့ခန္ဓာကိုယ်ကိုဖက်ဖိုမရရှိနိုင်တော့သလို့..အမေနဲ့အဖေ
စနောက်တဲ့မြင်ကွင်းတွေအပြီးပိုင်နုတ်ထွက်သွားချေပြီ.........
သို့နှင်ညသို့ရောက်ချေပြီသားမိနှစ်ယောက်ငူငူငိုင်ငိုင်သာရွှေမိုး
ကလည်းအလွမ်းတိုးအောင်ရွာနေချေပြီ.....
အဖေရဲ့စာကြည်စားပွဲလေးအိပ်ရာလေး..မျက်မှန်လေးကအစကြည်ကာငိုနေမိပြီ.......အမေရဲ့မျက်ရည်ပူတွေပါးပေါ်သိုစီးဆင်းနေလေပြီ....အမေကိုဖက်ကာငိုမိနေလေပြီ...သို့နှင့်အိမ်ရှေ့မှလှမ်းကကြည်နေသောအဖေ...အကျီင်္လက်ရှည်ကလေးနဲ့ချမ်းတုန်နေသောအဖေ......
အောင်ကျော်တစ်ယောက်အိမ်ရှေ့သိုအပြေးတစ်ပိုင်းသွားလေသည်
"အဖေ..အဖေ..အဖေ.!!!
သို့သော်သူအော်ခေါ်သံတွေကိုသတိမပြုပဲအိမ်ရှေ့မှထွက်ကာသွားလေသည်...
အမေရဲ့နှစ်သိမ့်မှုအောက်မှာပဲအောင်ကျော်ကျေနပ်ခဲ့ရတယ်..
အောင်ကျော်ဆယ်တန်းဖြေထားတဲ့ကျောင်းသားတစ်ယောက်ပင်ဖြစ်သည်အဖေနဲ့အမေကဘဝလိုပဲသူသတ်မှတ်တယ်..
ဖအေဆုံးတာကိုသူကြောင့်လိုသတ်မှတ်ကာအချိန်တိုင်းဝမ်းနည်းနေရသူတစ်ယောက်ပင်ဖြစ်တယ်.....
တစ်နေ့ဒေါ်နွဲရီအိပ်မက်တစ်ခုမက်လေသည်
အိပ်မက်ထဲတွင်ခြေဗလာနှင့်မျက်နှာခပ်နွမ်းနွမ်း
ခင်ပွန်းဖြစ်သူကိုအေးမောင်သည်သူအားပြောလေသည်……
"နွဲရေ..သားလေး..အတွက်ဂီတာလေးပေးမယ်ကတိပေးထားတယ်
"အဲဒီအစွဲကြောင့်ကိုယ်မသွားနိုင်ဘူးဖြစ်နေတယ်......"
"ကိုယ်သူငယ်ချင်းအိမ်ကိုလာပေးလိမ့်မယ်နွဲသားလေးကိုစိတ်မကောင်းမဖြစ်ပါနဲ့လို့ပြောပေးပါနွဲရယ်.........ပြီးရင်ကိုယ်ကိုသံဃာငါးပါးပင့်ပြီးအမျှဝေပေးပါနော်.."
အခုကိုယ်ခြေသလုံးအိမ်တိုင်ဘဝနဲ့လျှောက်သွားနေတယ်..."
"ကိုယ်သားလေးကိုအရမ်းချစ်ပါတယ်လိုပြောပေးပါနွဲရယ်"
"အို..ကိုမောင်ရယ်...အဟင့်ဟီး..ဖြစ်ရလေ..."
"မငိုပါနဲ့နွဲရာကိုယ်လည်းထားသွားချင်လို့မှမဟုတ်တာ..ကိုယ်နွဲနဲ့သားလေးကိုချစ်ပါတယ်ကွယ်"
သို့နှင်ဒေါ်နွဲရီလည်းသားဖြစ်သူအောင်ကျော်အားအကျိုးကြောင်းပြောကာငိုနေသောသားဖြစ်သူကို့နှစ်သိမ့်ပေးကာနေလေသည်
"တီ..တောင်.......တီ..."
အိမ်ရှေ့လူခေါ်ဘဲလ်မှအသံမြည်လာလေသည်..သိုနှင့်သားအမိနှစ်ယောက်စလုံးအပြင်ထွက်ကာကြည်လိုက်လေသည်..
အသားခပ်လတ်လတ်နှုပ်ခမ်းမွှေးရေးရေးနဲ့လူတစ်ယောက်ဝင်လာလေသည်လက်ထဲတွင်လည်းဂီတာအသစ်ကလေးတစ်ခုနှင့်..
"ဒီကဦးအေးမောင်ဇနီးထင်တယ်လက်မှတ်လေးတစ်ချက်လောက်ထိုးပေးပါ..ကျွန်တော်ကဦးအေးမောင်မိတ်ဆွေကျော်ခေါင်ပါဦးအေးမောင်သတင်းကြားကြားချင်းလာမလို့ပါဒါပေမယ်သမီးလေးကိုဆေးရုံတင်နေရတာမို့မအားပါဘူး..
ထိုနောက်လက်မှတ်ထိုးပြီးနောက်ငိုကာမျက်ရည်ပင့်စို့နေလေသည်
သို့နှင့်သံဃာငါးပါးဦးဆောင်ကာအမျှဝေလိုက်တော့သည်မျက်ရည်များပင်ဝဲ၍အမျှဝေနေရသည်..အဖေကောင်းရာသုဂတိလားပါစေ...
အားလုံရွှင်လန်းချမ်းမြေပါစေ
" မင်းနတ်ရှိန်"
Credit :Sai Min Thant
#copy

Post a Comment