( #မျက်နှာလွဲနေလိုက်ပါ )

(  #မျက်နှာလွဲနေလိုက်ပါ  )


တချို့လူတွေက လိမ်နေတယ် ။
လိမ်နေမှန်းသိရက်နဲ့
မသိချင်ယောင်ဆောင်လိုက်ရတယ်။

တစ်ချို့လူတွေက အကျင့်ယုတ်တယ်။
အကျင့်ယုတ်မှန်းသိရက်နဲ့
မျက်နှာ ပျက်မရလို့ သည်းခံနေလိုက်ရတယ်။

တချို့လူတွေက လေများတယ်။
လေများမှန်းသိရက်နဲ့
မကောင်းတတ်လို့ 
မျက်စိတစ်ဖက်ပိတ်နေလိုက်ရတယ်။

တချို့လူတွေ ကသိပ်အပြောကောင်းတယ်။
မဟုတ်မှန်းသိရက်နဲ့ 
နားထောင်ကောင်းကောင်းနဲ့
ကျိတ်ယုံလိုက်ရတယ်။

တချို့လူတွေက ဟန်ဆောင်ကောင်းတယ်။
ဟန်ဆောင်နေမှန်းသိရက်နဲ့ 
ကိုယ်ပါမသိချင်ယောင်ဆောင်
ဟန်ဆောင်လိုက်ရတယ်။

လူ့လောကကြီးဟာ
အရမ်းရှုပ်ထွေးပါတယ်။
သိနေပေမယ့်လည်း 
မသိလိုက်တာကပိုကောင်းသလို
မြင်နေပေမယ့်လည်း 
မမြင်ချင်ယောင်ဟန်ဆောင်လိုက်ရတာ 
ပိုပြီးငြိမ်းချမ်းပါတယ်။

အဖြေမထွက်တဲ့ အရာတစ္ခုကို
တစ်ဒေါက်ခေါက်ပြီး 
ထိုင်တွက်ချက်နေလည်း 
ဘာမှမထူးလာတာတွေရှိတတ်ပါတယ်။

#ကိုယ်ပြုပြင်လို့မရမယ့်အတူတူ
#တစ်ခါတလေမျက်နှာလေးလွဲနေတာက 
#ပိုပြီးကောင်းပါတယ်။

#CrdOrginalUploader 
----------------------------------

Post a Comment

Previous Post Next Post

Comments