ပိုအားယူပါ။
နာကျင်မူကိုရင်ဆိုင်နေရတာဟာ
နုညံ့နေတဲ့ကိုယ့်ရဲ့နှလုံးသားကို ရင့်ကျက်စေဖို့အတွက်ပါ။
အခက်အခဲကို ကြုံတွေ့နေရတာဟာ
လွဲမှားနေတဲ့ကိုယ့်ရဲ့ခြေလှမ်းတွေ တည့်မှတ်စေဖို့အတွက်ပါ။
အဆင်ပြေမူတွေ ရင်ဆိုင်နေရတာဟာ
အရှုံးပေးချင်နေတဲ့ကိုယ့်ရဲ့စိတ်ကို ပိုသန်မာစေဖို့အတွက်ပါ။
ပင်ပန်းခြင်းတွေနဲ့ ကြုံတွေနေရတာဟာ
ကိုယ့်ရည်မှန်းချက်နဲ့ တစ်ထှစ်စာ နှီးနေတာကို ပြသခြင်းပါ။
ရှင်သန်ရာနေ့ရက်တိုင်းမှာ
အဆင်ပြေတဲ့ရက်လဲရှိသလို ဘာမှအဆင်မပြေတဲ့ရက်ဆိုတာလဲ ရှိမှာပါ။
ဒါမဲ့ အဆိုးဘက်ကြီးပဲဦးတည်ပြီးမတွေးလိုက်ပါနဲ့။
ဒဏ်ရာဆိုတာက နောက်တစ်ခါ ထပ်မလုပ် ထပ်မမှားအောင် "သတိ" အမှတ်တံဆိပ်ကပ်ပေး လိုက်တာပါ။
လွဲမှားနေတဲ့ ကိုယ်ရဲ့ခြေလှမ်းတွေ ပြန်တည့်မှတ်ဖို့။
လွဲမှားနေတဲ့ ကိုယ့်ရဲ့ အတွေးအခေါ်တွေ ပြန်ကောင်းမွန်ဖို့။ အဆင်မပြေမူတစ်ခါ ကြုံတိုင်း တခါပိုသန်မာ တခါပိုအားယူပါ။
နန်းသန်းသန်းဌေး(ဘဝစာပေ)
#nanthanthanhtay

Post a Comment