မိဘတွေကို တန်ဖိုးထားပါ
တစ်ချို့သားသမီးတွေက
ကိုယ့် မိဘကို ပြုစုစောင့်ရှောက်ဖို့ထက်
ကိုယ့်အိမ်ထောင်ရေး ဒါမှမဟုတ် ကိုယ့်စီးပွားရေး
ကိုပဲ အလေးထား နေတတ်ကြတယ်။
ကိုယ်အသက်တစ်ခါရှူရတိုင်း ကိုယ့်ကို
အသက်နဲ့ရင်း ပြီး မွေးပေးခဲ့တဲ့
မိဘကိုကျေးဇူးတင်ပါ။
မိဘကိုပြုစုစောင့်ရှောက်ရတဲ့အခါ
လုပ်ပေးကိုင်ပေးရတဲ့အခါ
ကိုယ်ငယ်စဉ်က အညစ်အကြေးတွေကို မရွံမရှာနဲ့ လုပ်ပေးတဲ့အခါရယ်
ကိုယ့်ဂျီကျတဲလအခါတိုင်း စိတ်ရှည်ရှည်နဲ့ ချော့မြူခဲ့တဲ့အချိန်တွေကို သတိရပေးပါ။
မိဘတွေကို
ဘိုးဘွားရိပ်သာပို့မယ်လို့တစ်ခါတွေးမိတိုင်း
မရှိမဲ့ ရှိမဲ့လေးနဲ့ ကိုယ့်ကိုရအောင်မွေးပြီး
ဘယ်မိဘမဲ့ကျောင်းကိုမှ မပို့ခဲ့တာကိုအမှတ်ရပေးပါ။
မိဘဆိုတာ ကိုယ့်ရဲ့ ယုံကြည်ရာ ကိုးကွယ်ရာ
ဘုရား တစ်ဆူလိုပါပဲ ။ လမ်းမှားမရောက်အောင်
မဖြစ်သင့်တာမဖြစ်အောင် အစအစအရာရာမှာ
သွန်သင်ဆုံးမပေးတဲ့သူတွေပါ။
ဒါကြောင့် မိဘကို
ကိုယ့်အသက်ထက်တန်ဖိုးထားကြပါ။
မိဘမရှိတော့မှ နောင်တရတာမျိုးမဖြစ်ပါစေနဲ့။
အသက်ရှင်စဉ်ကာလလေးမှာ မိဘရဲ့ကျေးဇူးကို
တတ်နိုင်သလောက်ဆပ် ပြီး
မိဘကိုစိတ်ချမ်းသာအောင်ထားနိုင်၍
မိဘတန်ဖိုး သိတတ်သူများအဖြစ် နေထိုင်ကြပါ။
ဘဝရဲ့ခရီးသည်
#ခွန်အားဖြစ်စေသောစာများ
#credit

إرسال تعليق