💜အမုန်းရင်ခွင် အချစ်နန်းတော်💜
💜အပိုင်း ၁၃💜
"ကြီးမြ နဲ့ မယ်ဥ ကြိုးပြန်တော့မယ်"
ကြီးမြ နှင့် မယ်ဥ ကို ကြိုး နှုတ်ဆက်လေတော့ နှစ်ယောက်စလုံး မျက်နှာ မကောင်းကြပေ။ ကြိုး သက်မနွေးနွေးကို ရှိုက်ရင်း
"ကြိုး သွားမယ်နော်"
"ဘယ်သူက မင်းကို သွားခိုင်းလို့လဲ"
အသံလာရာ ကြည့်လိုက်တော့ ဦးဇိုင်း။ ဦးဇိုင်းကို တွေ့သည့် နှင့် မယ်ဦး နှင့် ကြီးမြ က ရှောင်ထွက်သွားကြလေသည်။ ဇိုင်းက သူမ အနားသို့ တစ်လှမ်းချင်း တိုးလာလေရာ ကြိုး နောက်ဆုတ်လိုက်ပြီး
"ရှင် ဘာလုပ်ဖို့လဲ"
မျက်လုံးပြူးလေးဖြင့် မေးလာသော သူမပုံစံကို ကြည့်ပြီး အသဲယားလာရလေသည်။
"အို အမေ့"
"ရှင် ရှင် ဘာလုပ်တာလဲ၊ ဖယ် ၊ လွှတ် လွှတ် ၊ ကျွန်မကို အခုအောက်ချပေး၊ ဦးဇိုင်းကမ္ဘာ ရှင့် မယုတ်မာနဲ့နော်"
သူမ ခန္ဓာကိုယ်လေးကို စွေ့ခနဲ ပခုံးပေါ် ပွေ့တင်ကာ လှေကားထစ်များဆီမှ အပေါ်ကို တက်နေသော သူကြောင့် မျက်လုံးများ ပြူးကျယ်ကာ အတင်းအော်ဟစ် ထုရိုက်နေမိသူက ကြိုးပင်။ လူက သူ့ ပခုံးပေါ်ပွေ့တင်ထားသဖြင့် အမြင်အာရုံ အားလုံးက ဇောက်ထိုးတွေ ဖြစ်နေရလေသည်။ ကြိုးရဲ့ ခန္ဓာကိုယ် ပီစိလေးကို ဇိုင်း အသာထိန်းကာ လှေကားထစ်တစ်ထစ်ချင်းကို သတိနှင့် တက်နေရလေသည်။
မတော်၍ ချော်ကျသွားလေလျှင် နှစ်ယောက်စလုံး အသက်နှင့် ကိုယ် အိုးစားကွဲမှာပင်။
အခန်းရှေ့ရောက်တော့ အခန်းတံခါးကို အသာတွန်းဖွင့်ကာ သူမကို ကုတင်ပေါ် အသာတင်ပေးရင်း သူ့ အခန်းဝ ပြန်လှည့်ထွက်လာတော့
"ဟိတ် လူယုတ်မာ ရှင်ဘာလို့တာလဲ၊ အခု ကျွန်မ ပြန်မယ်"
"အာ့"
အခန်းတံခါးကို အေးအေးလူလူ ပိတ်နေသော ထိုလူကြီးကို စိတ်တိုစွာ ကျောပြင်ကို ထုရိုက်တော့ သူက တံခါးကို ပိတ်ပြီး သူမ ခါးသိမ်သိမ်လေးကို ပွေ့ဖက်လိုက်လေသည်။ ထိုနောက် မြွတ်သိမ့်လှသော အနမ်းတစ်ခုက သူမ နှုတ်ခမ်းလေးပေါ် နွေးလျှစွာ ကျရောက်လာခဲ့လေသည်။ ပထမတော့ ကြိုးလည်း ကြောင်အစွာ ငြိမ်နေပြီးမှ အသိဝင်လာလေတော့ သူ့ခေါင်းနှင့် သူမခေါင်းကို အရှိန်နှင့် စောင့်ချလိုက်မိလေသည်။ နာကျင်သွား၍ ထင်သည်။ ဆောင့်မိသော သူ့ နံဖူးကို ဖိပွတ်ရင်း
"မင်းရော နာသွားသေးလား၊ sorry မင်းကို တွေ့တော့ ကိုယ့်စိတ်တွေ ထိန်းချုပ်မရဘဲ လွှတ်ထွက်သွားမိတယ်"
"တောက်!"
မျက်နှာလှလှလေးက ဒေါသအရှိန်ကြောင့် နီမြန်းနေလေသည်။ အပေါ်သွား ချွန်ချွန်လေးများဖြင့် သူမ ၏ အောက် နှုတ်ခမ်းလေးကို ဖိကိုက်ထားသဖြင့် သူမ ဒေါသ အရှိန်ဘယ်မျှပြင်းသည့်ကို သူ့ ခန့်မှန်းမိလေသည်။
"ရှင် ဘာအချိုးချိုးတာလဲ၊ အခု ကျွန်မ ပြန်မယ်"
ဇိုင်း နာရီကို တစ်ချက်ကြည့်ပြီး
"ပြန်ရဲလို့လား အခုချိန် လမ်းသရဲတွေ အရမ်းပေါနေတာ"
"အဟွန့် အဲ့ လမ်းသရဲတွေက ရှင် လောက်တော့ ဆိုးမှာမဟုတ်ဘူး"
"ကြိုး ကိုယ့် စကားအကောင်းပြောမလို့ "
"ဘာမှ နားမထောင်ဘူး ၊ နားထောင်စရာလဲ မလိုဘူး၊ရှင် နဲ့ တစ်ခန်းထဲ အတူရှိနေရတာ ကျွန်မကိုယ့် ကျွန်မတောင် သနတယ်"
သူ့ကို ရွံ့ရှာသလို ကြည့်ရင်း ဆိုလာသော သူမကြောင့် သူ့ နှုတ်ခမ်းထူထူကို ကွေးညွှတ်စွာ ပြုံးလိုက်ပြီး
"မင်း အရာရာအားလုံး ပြောင်းလဲသွားပြီနော်"
သူမ နှုတ်ခမ်းကို မဲ့ပစ်လိုက်ကာ
"ဒီလို ပြောင်းလဲသွားအောင် ရှင်ပဲ လုပ်ခဲ့တာ မဟုတ်လား"
"ဟုတ်ပါတယ် ကိုယ့် လုပ်ခဲ့တာ၊ အမှန်တကယ်ဆို ကိုယ့်က တကယ်မကောင်းတဲ့ ကောင်ပါ"
"ရှင့်ကိုရှင့် သိရင် ပြီးတာပဲ"
"ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ အဲ့ဒါက ဘာလဲဆိုတော့ မင်း ဒီအိမ်က တစ်လှမ်းရွေ့တာနဲ့ မင်း အဖေ ရဲ့ ကုမ္ပဏီ ဒေဝါလီ ခံရပြီမှတ်"
"ဘာ!"
ဆူအောင့်စွာ ထွက်လာသော သူမထံမှ အသံကြောင့် သူ့ မခို့တရို့ ပြုံးရယ်လိုက်မိလေသည်။
"ရှင် ရှင် အတော်ယုတ်မာလှချည်လား"
သူ့က ပခုံးကို လှုပ်ပြလိုက်ပြီး
"မင်းသာ ကိုယ့် အနားရှိမယ်ဆို ကိုယ့် ဘာမဆို လုပ်ပြစ်ဖို့ ဝန်မလေးဘူး ကလေးမ"
"တောက်! ရတယ်လေ ၊ အဲ့လိုဆိုမှတော့လည်း ကျွန်မရဲ့ တုန့်ပြန်မှုတွေကိုလည်း ရှင့် ခံနိုင်ရည်ရှိအောင် ကြိုးစားထားလိုက်ပါ ဦးဇိုင်းကမ္ဘာ"
သူမ မျက်နှာလေးထက်က နာကျည်းခြင်း အရိပ်တွေက အထင်းသားပေါ်လျှက်။ ဒေါသအလျှောက်ပေါက်ကွဲရလေလျှင် ဇိုင်းကမ္ဘာဆိုသော ထိုလူ အရိုးတစ်ခြား အသားတစ်ခြားဖြစ်တော့မည်မှာ မလွှဲဧကန်ပင်။
ကြိုး ဒေါသကို အတင်းထိန်းချုပ်ရင်း သူ့ကို မျက်နှာလွှဲလိုက်မိလေသည်။ ဒင်း မျက်နှာကို မြင်ရလျှင် ကြိုး အရှုံးတွေကို ခဏခဏ ပြန်မြင်နေရသဖြင့် မမြင်ရပါစေနှင့်ဟု ဆုတောင်းခဲ့သော် ဆုတောင်းတွေ မပြည့်ခဲ့သည့် အတွက်လည်း ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်မိသည့်မှာ မလွှဲဧကန်ပင်။
💙💙💙
"ရှင် ဒါဘာလုပ်တာလဲ "
သူမ ခါးလေးကို ပွေ့ဖက်လိုက်သော သူ့ကြောင့် အိပ်ပျော်နေပြီ ထင်ရသော သူမ ထံမှ ဒေါသ သံတစ်ချို့ လွှင့်ပျံလာလေတော့သည်။
"ဟင် ဘေဘီ မအိပ်သေးဘူးလား"
သူလက်ကို ရိုက်ထုတ်ကာ ထထိုင်လိုက်ပြီး
"ရှင်ဖာသာ အေးအေးဆေးဆေး နေရင် ကောင်းမယ်၊ ကျွန်မ စိတ်အဆင်မပြေနေလို့ ကျွန်မကို မနှောက်ယှက်ပါနဲ့ ဦးဇိုင်းကမ္ဘာ please"
ဇိုင်း ခေါင်းတဆတ်ဆတ်ငြိမ့်ကာ
"အင်း ဒါဆို ကိုယ့်သိချင်တာပဲ မေးမယ်၊ မင်း နဲ့ ဟိုကလေးနှစ်ယောက်နဲ့ ဘယ်လိုပတ်သက်လဲ"
"ဘယ် ဘယ်ကလေးနှစ်ယောက်လဲ"
သူ့ ဘက်ချာခနဲ့ လှည့်ကာ သူ့ကို မေးခွန်းပြန်ထုတ်လိုက်သူက ကြိုးရယ်ပါ။
"မိုးသောက်ဇိုင်း နဲ့ နှောင်ကြိုးတမျှင်"
သူ့ ထံမှ ထွက်ကျလာသော သားနှင့် သမီး နာမည်ကြောင့် နှုတ်ခမ်းတစ်စုံကို မဲ့ပစ်လိုက်ပြီး
"ရှင်က ဘယ်လိုထင်လို့လဲ"
"မဟုတ်မှလွှဲရော အဲ့ကလေးတွေက ကိုယ့် ကလေးတွေလား"
"ဟား ဟား ဟား"
သူ့ စကားအဆုံးတွင် သူမ နာနာကျင်ကျင်လှောင်ရယ်ရင်း
"ဇိုင်းကမ္ဘာဆိုတဲ့ ရှင်က သိပ်သနားဖို့ ကောင်းတာပဲ ကျွတ် ကျွတ် ကျွတ်"
အိပ်ယာပေါ်မှ ထကာ သူ့ကို နက်မှောင်စိမ်းညို့နေသော မျက်ဝန်းများဖြင့် ကြည့်ရင်း ဆိုလာသော သူမ မျက်ဝန်းတွေမှာ နာကျည်းခြင်း အငွေ့အသက်တွေ စွန်းထင်းစွာဖြင့်
"ရှင် ကလေးက ရှင်သတ်လို့ သေပြီ၊ မိုးသောက် နဲ့ နှောင်ကြိုးလေးက ကျွန်မ ကလေးတွေ ၊ ရှင် သတ်လို့ မသေတဲ့ ကျွန်မ ကလေးတွေ ဆိုတာ ရှင်သိရဲ့လား၊ အရှင်းဆုံး ပြောရရင် ရှင်လို လူကို မုန်းတာထက် ရွံ့တာ၊ အခုလည်း ကျွန်မကို အကျပ်ကိုင်လိုက်ရလို့ ရှင်သိပ်ပျော်နေတယ် မဟုတ်လား၊ အေး တစ်ခု ရှင်သိထားရမှာက ကျွန်မ ခန္ဓာကိုယ်ကို လက်နဲ့ ထိဖို့တောင် မကြိုးစားနဲ့ ကြိုးစားရင် ရှင်နဲ့ ကျွန်မ နှစ်ယောက်ထဲက တစ်ယောက်အသေပဲ"
စကားအဆုံးတွင် ကျောခိုင်းသွားသော သူမ။ သူရင်ထဲမှာတော့ နောင်တတွေ ဗရပွဖြင့် နာကျင်ခြင်း အပြည့်ဖြင့်။
💙💙💙
စာရေးသူ
မေခြူးသွယ်

Post a Comment