" ဘိတ်ချဉ် " လုပ်နည်း မေးသူများအတွက်ပါ

" ဘိတ်ချဉ် " လုပ်နည်း မေးသူများအတွက်ပါ
========


၁။ ကြက်သွန်ဖြူ ဥတစ်လုံး
၂။ ငရုတ်သီးစိမ်း
၃။ ရှာလကာရည်
၄။ ငံပြာရည်
၅။ အချိုမှုန့်

အားလုံးရောပီး စိမ်ထားရုံပါပဲ။ 

အကြာကြီးလည်း အထားခံပါတယ်။

အချိုးအစားကတော့ ပုံပါအတိုင်းပါပဲ။

အချိုမှုန့်ကတော့ မိမိအကြိုက် အနည်း အများ ထည့်ပါ။

အရည်တွေ မဖိတ်စင်အောင် ကန်တော့လေးနဲ့ ထည့်ပါတယ်။

ကျမက ဘိတ်ချဉ်ဆို အရမ်းကြိုက်ပါတယ်။ 

ဒါကြောင့် အိမ်မှာ အဆင်သင့် အမြဲလုပ်ထားပါတယ်။

ထမင်းပေါင်း,ထမင်းကြော်,ကြာဇံကြော်,ကြက်ကင်
ဘာပဲလုပ်စားစား ဘိတ်ချဉ်ရှိတော့ အဆင်သင့်စားရုံပါပဲ။

Hot Pot နဲ့ စားရင်တော့ ခုစိမ်ထားတဲ့ ဘိတ်ချဉ်ထဲကို
သကြား ထပ်ထည့်ပီး စားပါတယ်။

အရောင်ပါတဲ့ အချဉ်တွေထက် ဘိတ်ချဉ်ကို ပိုကြိုက်ပါတယ်။

ကော်ဗူးက ကြာရင် ကော်နံ့ထွက်တတ်တာမို့
ပုလင်းနဲ့စိမ်တာက ပိုကောင်းပါတယ်။

ခုလို စိမ်ထားတော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထဲကို
အရသာစိမ့်ဝင်နေပီး ပိုစားကောင်းပါတယ်။

ကင်းမွန် ငံပြာရည်ထည့်ထည့်, ဗမာငံပြာရည်ထည့်ထည့် ရပါတယ်။

ရေမရောရပါဘူး။

#creditပဲခူးဒေါ်ထွေးရီ

Post a Comment

أحدث أقدم

Comments