တတ်ချင်သည့်စိတ် နှင့် သင်ချင်သည့်စိတ်

တတ်ချင်သည့်စိတ်  နှင့်  သင်ချင်သည့်စိတ် 
========================

တစ်စုံတစ်ယောက်သော သူက  တစ်စုံတစ်ခုသော အရာကို ကျွမ်းကျင်လိမ္မာစွာ လုပ်ကိုင်ပြနေသည်ကို  မြင်ရလျှင် မိမိလည်း သူ့နည်းတူ လုပ်တတ်ကိုင်တတ်    လိုက်ချင်သောစိတ်မျိုး   ပေါ်ပေါက်လေ့  ရှိကြပါသည်။ ဂေါက်သီး ချန်ပီယံ၏  ရိုက်ချက်များကို  ကြည့်ကာ ဂေါက်သီးသမား ဖြစ်ချင်မည်။ တင်းနစ်ပွဲကို ကြည့်ကာ သူ့လို ဟောတတ်  ပြောတတ်ချင်မည်။ ဝတ္ထုကောင်း  တစ်ပုဒ်ကို ဖတ်မိသောအခါ ဝတ္ထု ရေးသမားကောင်း ဖြစ်ချင်မည်။  နိုင်ငံတကာ စည်းဝေးပွဲများတွင် စကားပြောကြား နေကြပုံကို မြင်လျှင် နိုင်ငံခြား ဘာသာစကားများ ကျွမ်းကျင် လိမ္မာစွာ ပြောတတ်သူ ဖြစ်ချင်မည် ။ 

သင့်တစ်သက်တာမှာ ထိုသို့ ဖြစ်ချင် တတ်ချင်ခဲ့သောအရာတွေ ဘယ်လောက်များ ခဲ့ပါသလဲ ၊  ထိုတတ်ချင်  ဖြစ်ချင်ဖူးသော အရာများစွာထဲမှ ဘယ်နှစ်ခုကို သင်လုပ်ဖြစ် တတ်ဖြစ်ခဲ့ပါသလဲ ။ စဉ်းစားကြည့်လျှင် ဝမ်းနည်းစရာ  နှမြောတသ ဖြစ်ချင်စရာ ကောင်းပေမည်။  အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း ။  ငါလည်းတတ်ချင်လိုက်တာ ၊ ငါလည်း သူ့လို လုပ်နိုင်စွမ်းရှိရင် သိပ်ကောင်းမှာပဲ ဟူသော စိတ်ကူးယဉ်စိတ် အလို ဆန္ဒစိတ် အဆင့်တွင်  ရပ်တန့်သွားခဲံခြင်းကြောင့် ဖြစ်သည်။  ယင်းသို့ ဖြစ်ချင်ရုံ တတ်ချင်ရုံ  သက်သက်ဖြင့်ကား  သင် ဘာတစ်ခုမျှ ဖြစ်လာတတ်လာမည် မဟုတ်ပေ။ 

ဖြစ်အောင်  ကြိုးစားချင်စိတ် ၊ တတ်အောင် သင်ချင်စိတ်  ရှိလာမှသာ သင့်အနေဖြင့် ဖြစ်နိုင် တတ်နိုင်သည့် အခွင့်အရေး လမ်းစ ပေါ်လာမည် ဖြစ်သည်။  ဉ ပမာ သင်သည်  ပန်းချီပြပွဲ  သို့မဟုတ်  ပြတိုက်တစ်ခုသို့ ရောက်ရှိပြီးနောက် ငါလည်း ဒီလိုပန်းချီကားကြီးတွေ  ဆွဲတတ်ရင် သိပ်ကောင်းမှာပဲဟု တွေးတော၍ အိမ်ပြန်လာကာ မူလနေလုပ်နေကျ အလုပ်များကိုပဲ ဆက်လုပ်နေမည်ဆိုက သင်ပန်းချီဆရာ ဖြစ်လာမည်မဟုတ် ။  ‘ ငါလဲ ပန်းချီဆွဲချင်တယ်ကွာ ‘  ဟူသော စိတ်ဆန္ဒမျိုး  ပေါ်လာမည် ၊ တစ်ဖန် ထိုဆန္ဒသည်လည်း  တစ်ခဏဆန္ဒမဟုတ် တာ ရှည်ခံသော ဆန္ဒ ဖြစ်မည်ဆိုလျှင် သင်  ပန်းချီသမားဖြစ်ဖို့ အစပြုပေပြီ ။ ပန်းချီဆွဲချင်စိတ် ရှိလာသူသည်  ပန်းချီရေးဆွဲနည်း စာအုပ်များကို  ဖတ်ရှုခြင်း ၊ ပန်းချီသင်တန်းတတ်ခြင်း၊ ပန်းချီဆရာ တစ်ယောက်ထံ တပည့်ခံခြင်း စသည့် နည်းများအားဖြင့် ပန်းချီသမားဘဝကို အစပြုနိုင်ပေသည်။ သူသည် တကယ် သင်ယူလိုစိတ် ထက်သန်သူဖြစ်က အနှေးနှင့်အမြန် ဆိုသလို ပန်းချီအခြေခံ တတ်မြောက်သူ  တစ်ဦးဖြစ်လာပြီး ပန်းချီအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသင့် မပြုသင့် သို့မဟုတ် ပြခန်းထဲက ပန်းချီကားကြီးမျိုး စတင်ကြိုးပမ်း ရေးဆွဲသင့်မသင့် စဉ်းစားလောက်သော အဆင့်သို့ ရောက်ရှိလာနိုင်ပေသည် ။ 
အရေးကြီးသည်မှာ တတ်ချင်ဖြစ်ချင်စိတ်ကို  တတ်အောင် သင်ချင်စိတ်၊ ဖြစ်အောင်  လုပ်ချင်စိတ်အဖြစ်သို့ ပြောင်းလဲနိုင်ရန်နှင့် သင်ယူမှုအလုပ်ကို တကယ် လက်တွေ့ စတင်မိရန် ဖြစ်သည်။  သင်ကြားမှု အစပြုမိပြီဆိုလျှင် တတ်မြောက်ရန် အလားအလာရှိလာပေပြီ ။ 

(ဆရာဖေမြင့်  “ စနစ်တကျ လေ့ကျင့် တည်ဆောက်ထားသော စိတ်၏သတ္တိစွမ်းအားများ “ စာအုပ်မှ )

Zawgyi Version

Post a Comment

Previous Post Next Post

Comments