အချစ်မီး... အစ-အဆုံး
အပိုင်း(1)
"သေချာဂရုတစိုက် လုပ်နော်....
စကားလေးက သန့်ပျန့် နေမှ
ကြိုက်တာ..."
အ်ိမ်ကြီးရှင်ရဲ့ အဒေါ်ဖြစ်သူ
ဒေါ်မြသား တစ်ယောက်
လည်ပင်းက လက်မလောက်ရှိသည့်
ဆွဲကြိုးကြီးတရမ်းရမ်းဖြင့် အ်ိမ်ရှိ
သန့်ရှင်းရေးလုပ်နေသော
အလုပ်သမားမလေးများအား ကြည့်ကာ
ပြောနေတော့သည်။
"စိတ်ချပါ ဒေါ်လေးရဲ့...မမလေးစကားဝှက်
ပြန်လာတာနဲ့ စိတ်ချမ်းသာစေနေရမယ်..."
ရယ်ကာပြန်ပြောလာသော
အိမ်အကူမလေးကြောင့်
ဒေါ်မြသားပြုံးလိုက်ကာ..
"ဟုတ်ပါပြီတော် အပြောနဲ့အလုပ်
ညီပါစေ..."
"ဟီး.. ဟုတ်ကဲ့ပါ ဒေါ်လေးရဲ့..."
တီ....တီ....
"ဟော့...ပရင်းလေးပြန်လာပြီထင်တယ်
သွားကြိုလိုက်အုံးမယ်..."
ဒေါ်မြသားမှာ အသက် ၅၀ ကျော်နေပြီး
ဝဝပြည့်ပြည့်က်ိုယ်လေးနှင့် သဘောမနော
ကောင်းသူဖြစ်ကာ တူမနှစ်ယောက်နှင့်အတူ
နေသူဖြစ်သည်။
အကြီးမလေးစကားဝှက်နှင့်အငယ်မလေး
ပရင်းရောင်ဆိုသော ငယ်ငယ်ထည်းက
မိဘများဆုံးပါးသွားသည့်တိုင် သူမကဘဲ
အပျိုကြီးဘဝနှင့်ကုန်ဆုံးကာ တူမနှစ်ယောက်အားရင်အုပ်မကွာ စောင့်ရှောက်ခဲ့တာ ဖြစ်သည်။
"ဟင်...ကြီးကြီး... ဘာလို့အိမ်အပြင်ထွက်လာတာလဲ ...ပရင်းအိမ်ထဲဝင်လာမှာပါ.. အပြင်မှာနေပူတယ် ကြီးကြီးရဲ့.. "
ဆံနွယ်ဂုတ်ဝဲလေးနှင့် ဂါဝန်လေးဝတ်ထားကာ ဘေးအိတ်လေးလွယ်၍ အိမ်ထဲဝင်လာသော တူဖြစ်သူစကားကြောင့် သူမပြုံးလိုက်ကာ...
"စိတ်ပူလို့ပါတော်....ကျုပ်မှာ ဒီတူမလေး
နှစ်ယောက်ပဲရှိတာ တစ်ယောက်ကလဲ
ငါးနှစ်ကြီးတောင်ခွဲသွားတာ ဒီနေ့မှ
ပြန်ရောက်မှာ...ဒါ့ကြောင့် နှစ်ယောက်လုံးကို
ဘာမှအဖြစ်မခံနိုင်ပါဘူးတော်...ဒါနဲ့
ဟို လူငယ်က ပြန်သွားပြီလား.."
ပရင်း ကြီးကြီးအပြောကြောင့် လှပသော
မျက်နှာလေးမှာ ပြုံးလိုက်ကာ..
"ပြန်သွားပြီ ကြီးကြီး ကိုကိုက
နိုင်ငံခြား ဧည့်သည်တွေကို
လိုက်ပို့ရင်း နှုတ်ဆက်ဖို့ရှိလို့တဲ့..."
ထိုအခါ ဒေါ်မြသား မျက်နှာအလိုမကျ
ဖြစ်သွားမိသည်။
ပရင်းလေးကို ချစ်လို့ သူမဘာမှမပြောချင်
ပင်မဲ့လဲ သဘောတော့မတွေ့လှပေ။
ပရင်းလေးကသာ ထိုလူငယ်အပေါ်
ဂရုစိုက် တရေးတယူရှိလှပင်မဲ့
ထိုလူငယ်ကတော့ ပရင်းလေးအပေါ်
အေးစက်စက် နိုင်လွန်းလှသည်။ဒါကိုပဲ
သဘောမကျတာဖြစ်သည်။
အမှန်ဆို မိန်းကလေးရှင်ဖြစ်တဲ့
သူမကိူယ်တောင် တစ်ခါမှ လာ
မနှုတ်ဆက်။
သူ့ဘာသူ ဘယ်လောက်ကြီးကျယ်ပြီး
ချမ်းသာချမ်းသာ မကြာခင်လက်ထပ်
တော့မည့်မိန်းကလေးရှင်ကိုတော့
လာတွေ့ရမည် မဟုတ်လား။
အခုတော့ ပရင်းလေးမှာ ယူတောင်
မယူရသေး ထိုလူငယ်ကိူကြောက်နေရသည်။
"ပရင်း..အဲ့ဒီလူငယ်က ဘာလို့ ကြီးကြီး
တို့ကို လာမတွေ့သေးတာလဲ..."
ကြီးကြီးအမေးကြောင့် ပရင်းမျက်နှာလေး
ပျက်သွား၍...
"ဟိူ..ကိုကိုက လုပ်ငန်းတွေဦးစီးနေရတော့
တကယ်မအားလိူ့ပါ ကြီးကြီး ဒါပင်မဲ့ မမပြန်လာရင်တော့ လာတွေ့ဖို့ ပရင်း ပြောထားပါတယ် ကြီးကြီးရဲ့...''
"အေး... ပရင်းရဲ့အမအကြောင်းကို
သိတယ်မဟုတ်လား အဲ့ဒီလူငယ်ကို
ပြောထားကွယ်..."
"ဟုတ်ကဲ့ပါ ကြီးကြီးရဲ့ ဒါနဲ့မမက
ဘယ်အချိန်ရောက်မှာလဲဟင်.."
"ညနေ ရောက်မယ်လေ...ညနေလေယာဥ်နဲ့
လာမှာလေ..."
"ဟီး.. မမလာရင် အများကြီး ပူစာပစ်အုံးမယ်..."
"ဟုတ်ပါပြီတော် ပူစာပါ...သွားအခုတော့
အပေါ်တက်ပြီး ရေချိုး..."
"ဟုတ်ကဲ့ ကြီးကြီး..."
ဒေါ်မြသား အပေါ်တက်သွားသော
တူမဖြစ်သူအား ကြည့်၍သက်ပြင်း
ချလိုက်မိတော့သည်။
ပရင်းလေးနဲ့ စကားဝှက်မှာ အသက် ၄နှစ်ကွာပြီး စကားဝှက်လေးမှာ သူ့ညီမလေးအား
အရမ်းချစ်တာ ဖြစ်သည် ။
အခုအချိန်ထိ နိုင်ငံခြားမှာ ဒီဇိုင်းပညာ
သင်ယူနေတာတောင် ညီမ ဖြစ်သူ
လိူချင်တာကို အကုန်ဖြည့်စည်းပေးခဲ့တာ
ဖြစ်သည်။
စကားဝှက်လေးက စိတ်မာသလို မာနလဲ
ကြီသူဖြစ်ကာ မဟုတ်မခံစိတ်ရှိပြီး
ပရင်းလေးမှာ စိတ်နုကာ အရာရာကို
ကြောက်ရွံတက်သည်။
ဒါ့ကြောင့် စကားလေးမှာ သူ့ညီမကို
စိတ်မချ။
ညီမဖြစ်သူ ချစ်သူရလို့လက်ထပ်ရန်
ပြောလာတော့လဲ ညီမဖြစ်သူအပေါ်
အေးစက်စက်နိုင်သော ထိုလူငယ်နဲ့
သဘောမတူချင်သော်လဲ ညီမဖြစ်သူ
စိတ်ဆင်းရဲမှာဆိုးလို့ သဘောတူပေး
ခဲ့ရှာသည်။
အခုပြန်လာရင်လဲ မင်္ဂလာပွဲ
ပြုလုပ်ပေးရတော့မည့် ပရင်းလေး
ရဲ့ချစ်သူနဲ့ မာနကြီးသော စကားဝှက်
ဘယ်လိုတွေ ဖြစ်ကြမလဲ မပြောတက်။
ဒေါ်မြသားတွေးရင်းသာ
သက်ပြင်းသာချနေမိတော့သည်။
--------====================^^^^🍓🍓🍓🍓🍓🍓🍓
အိမ်ကြီးထဲရဲ့ ကြီးမားကျယ်ပြန့်ပြီး
သန့်ရှင်း သပ်ရပ်နေသော အခန်းကြီး
ရဲ့အလယ် ပြောင်လက်ရဲ့ တန်ဖိုးကြီးမာတာ
သိသာလှသည့် ကျွန်းစားပွဲကြီးတွင် ထိုင်၍
Computerတစ်လုံးရဲ့ မှန်သားပြင်တွင်
ပေါ်နေသော ကျောက်စိမ်းတုံးအား
မျက်ဝန်းများ မှေးစင်းကာ စူးစိုက်ကာကြည့်နေ၍ မဲနက်နေသောမျက်ခုံးထူထူကြီးများက
ချောမောသော မျက်နှာအထက် ပို၍
ကြည့်ကောင်းနေကာ အာရုံစူးစိုက်ကြည့်နေပုံက စိတ်ဝင်စားဖွယ်။
မျက်နှာမှာ လေးထောင့်ဆန်ပြီး ယောကျာ်း
ပီသချောမောနေမှုက ယောကျာ်းချင်း
မနာလိုချင်စရာပင်။
ယောကျာ်းတန်မဲ့ ဝင်းနေသော အသားအရည်ကြောင့်လဲ ဘယ်လိုနေနေ ဆွဲဆောင်မှု
အပြည့်ပင်။
ထိုအချိန် အတွင်းရေးမှူးဖြစ်သလို
အနားတွင် အမြဲရှိနေတက်သည်
ကိုယ်ရန်တော်လဲ ဖြစ်သည့်
ဘုန်းမာန် သခင်လေးအား
မရဲတရဲ ကြည့်ကာ...
"သခင်လေး သခင်မကြီးက
ဒီရက်ပိုင်း အိမ်ခဏပြန်လည်ဖို့
ဖုန်းဆက်ပါတယ်...''
ထိုအချိန် ကွန်ပျူတာ မှန်သားပြင်အား
စူးစိုက်ကာကြည့်နေသော ရိုဏ် မျက်ဝန်းများကအနည်းငယ်ရွေ့လျားသွား၍ ဘေးတွင်
ရပ်နေသော ဘုန်းမာန်အားကြည့်၍..
"ဘာလို့လဲ..."
"ဟို...သခင်လေး လက်ထပ်မယ်ဆိုတဲ့
သတင်းလဲ သိသွားပုံရပါတယ်
အဲ့ဒါကြောင့် လဲ ပါမယ် ထင်ပါတယ်..."
ထိုအခါ ရိုက် မဲနက်သော မျက်ခုံးများ
အလိုမကျသလို ပင့်တက်သွား၍...
"ဘယ်လို သိတာလဲ..."
"ဟို မိန်းကလေး ပရင်းက သူ့
သူငယ်ချင်းတွေကို ပြောတယ်
ထင်ပါတယ် အဲ့ဒါ အခုအတော်များများ
သိနေပါပြီ..."
ရိုက် တစ်ခုခုအား စဥ်းစားသလို
နေပြီးမှ ဘာမှပြန်မပြောလဲ
ကွန်းပျူတာ screen ပေါ်သို့
မျက်ဝန်းများပြန်လည်ရောက်ရှိသွားကာ..
"ဒီကျောက်ကို သိန်း ငါးထောင်နဲ့
စျေးဖြတ်ပေးဖ်ို့ပြောလိုက်...
ပြီးရင် ငါ့ဆီကို ယူခဲ့လိုက်.. "
"ဟုတ်ကဲ့ပါ...သခင်လေး...ခဏနေ လေယာဥ်ကွင်း
သွားရပါမယ်...ကားအဆင်သင့်
ပြင်ထားပြီးပါပြီ..."
"Ok...ခဏနေ ထွက်ခဲ့မယ်..."
"ဟုတ်ကဲ့ ပါသခင်လေး...''
ဘုန်းမာန် သခင်လေးအားအရိုအသေပေး၍
ထွက်လာခဲ့ရာ အပြင်ရောက်မှ အသက်ဝ
ဝရူရဲတော့သည်။
သခင်လေး အနားမှာ အလုပ်လုပ်လာတာ
အသက်၁၆နှစ်ထည်းက ဖြစ်ပြီး အခုထိ
သခင်လေးနဲ့စကားပြောရင် ကြောက်သည့်စိတ်ကရှိသေးသည်။
အခုထိ သခင်လေးမသိဘဲ ဘာမှမလုပ်ရဲပေ။
ထို့လောက်အထိ သခင်လေးရဲ့ အာဏာက
ပြင်းလှသည်။
---- -----==================^^^^^🍓🍓🍓🍓🍓🍓
အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ်ကြီးအတွင်း..သွားလာလှုပ်ရှားသူများ စည်းကား
လှသည်။
ထိုထဲ စကားဝှက်ခေါ် စကားတစ်ယောက်
လေယာဥ်ကြီးပေါ်ကနေ ဆင်းလာပြီး
အိမ်ကလာကြိုသော ကားမရောက်သေး
သောကြောင့် အဝတ်အိတ်များအား လုံခြုံရေးအားအရင်အပ်ထားပြီး
ထိုင်ခုံပေါ်တွင်ထိုင်နေသော
စကား ဖုန်းထဲက ဖက်ရှင်ဒီဇိုင်းပုံလေး
များကြည့်နေမိသည်။
ဆံနွယ် ခါးလောက်အရှည်ကြီးအား
အလိပ်အကောက်ကြီးအားလှပစွာ
ပုံဖော်ထားပြီး ဖြူဖွေးသော အသားအရည်
ကြောင့် ဝတ်ထားသော အပေါ်အင်္ကျီအဖြူရောင်ခါးတိုလေးနှင့် စကပ် အပွအနက်အပွင့်ရိုက် ဒူးအောက်လေးအား ဝတ်ဆင်ထားကာ
ထင်းနေပြီး မျက်နှာဖူးဖူးသွယ်သွယ်လေးမှာလဲ ပြင်ဆင်ခြယ်သထားပုံမရပင်မဲ့လဲ
ဖူးကြွနေကာ နှုတ်ခမ်းဖူးဖူးလေးမှာလဲ
အသည်းယားဖွယ်။
ကြွေရုပ်လေးလို လှပနေသော သူမလေးအား
လူအများကြည့်နေတာကို သတိမထားမိတာလာ...သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်တာလားမပြောတက်။ သူမဖုန်းက်ိုသာ အာရုံစိုက်ကြည့်နေပုံလေးကအစ လှပနေတော့သည်။
Ring Ring Ring Ring
Ring Ring Ring Ring....
စကားဖုန်းကြည့်နေချိန် အိမ်က
ကားမောင်းသည့် ဦးလေးမောင်ဖုန်း
ဝင်လာသောကြောင့် လှပသော မျက်နှာလေးမှာပြုံးသွား၍...ကိုင်လိုက်ကာ..
"ဟယ်လို ဦးလေး...ရောက်ပြီလား..."
".............."
"ဟုတ်လား မဝင်လာနဲ့တော့လေ စကား
လုံခြုံရေးဂိတ်မှာအဝတ်သေတ္တာတွေ
ထားထားတယ် အရင်တင်ပေးထါးပါနော်
စကားအခုထွက်လာခဲ့မယ်နော်..."
စကားပြောပြီး ဘေးက အိတ်လေးအား
လွယ်လိုက်၍ ပေါ့ပါးစွာ ထွက်လာလိုက်သည်။
"ခါးပိုက်နိုက်ဟေ့ ..ဖမ်းကြ..."
"အို..."
ထိုအချိန် လူအများမှာ ခါးပိုက်နိုက်ဆိုသော
ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၍
ပြေးလွှားရှောင်တိန်းကြသောကြောင့်
လူများ ဆူပူသွားကာ လူတစ်ယောက်
စကားကိုယ်လေအား ဝင်တိုက်လိုက်သော
ကြောင့် အရှိန်နှင့်ဘေးထိုင်ခုံဆီ ကျသွားသော
စကား...မျက်ဝန်းလေးများပြူးသွား၍
သူမထိုင်ချမိလ်ိုက်၍ ဖက်ထားလိုက်မိတာက
လူတစ်ယောက်ဆိုတာ သိလိုက်ချိန် အလန့်တကြားမော့ကြည့်လိုက်မိသည်။
စကားအား အေးစက်စက်
မျက်မှောင်ကျုတ်ကာ
ကြည့်နေသော ချောမောသော လူတစ်ယောက် စကားရဲ့ ခါးလေးကိုလဲ ပိုင်နိုင်စွာ
ဖက်ထားလျှက်။
မထင်မှတ်ထားသော မဖြစ်အပျက်ကြောင့်
တစ်ဦးကိုတစ်ဦး ကြည့်နေမိကြတာ
စက္ကန့်များအကြာ....
အရင်ဦးဆုံး အသိဝင်လာသော
စကား အတင်းထရပ်လ်ိုက်ပင်မဲ့လဲ
ပြေးလွှားနေသော လူတစ်ချို့ကြောင့်
ပြန်တိုက်မိ၍ ထိုလူရဲ့ပေါင်ပေါ် ထပ်မံ၍
ပြန်လှဲကျသွားချိန်...
"အို...."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း..
အပိုင်း(2)
"အို....ရှင်..."
ရိုဏ် သူ့ပေါင်ပေါ်လဲ လာထိုင်သေးတယ်
သူ့အား ဒေါသမျက်ဝန်းများဖြင့်ကြည့်လာသော ထိုအမျိုးသမီးကြောင့် မျက်ခုံးတွေ
ပင့်တက်နေကာ ပေါင်ပေါ်တွင် တစ်ယောက်ထည်း အလုပ်ရူပ်သော သူမအား ကြည့်ကောင်းကောင်းဖြင့် ကြည့်နေလိုက်သည်။
စကား ထရပ်ဖို့လုပ်သော်လဲ
ဆံနွယ်ရှည်များဖြင့် ညှို့နေသော
သူ့အင်္ကျီကြယ်သီးကြောင့် မျက်နှာလေး
ပျက်နေကာ ကြိုးစားဖြေနေသော်လဲ မရ။
သူ့ပေါင်ပေါ်တွင် ထိုင်ထားတာကြောင့်လဲ
မသိချင် ချစ်သူနှစ်ဦးကြည်စယ်နေသည့်နှယ်။
စကား မျက်နှာလေးမှာလဲ ရက်တွတ်နေ၍
ထိုလူကိုလဲ ဒေါသထွက်နေမိသည်။
ဒီလောက် မိန်းကလေးတစ်ဦး ပေါင်ပေါ်ထိုင်၍
အခက်အခဲ ဖြစ်နေတာကို ကြည့်ကောင်း
ကောင်းနှင့် ကြည့်နေသော ထိုလူအားစကား
ဒေါသမျက်ဝန်းများဖြင့် မော့ကြည့်လ်ိုက်ချိန်
စကားအား စူးစိုက်ကြည့်နေသော ထိုလူကြောင့် ပို၍ ဒေါသထွက်သွားကာ မျက်နှာလေးမှာလဲရက်တက်လာ၍..
"ရှင်...ရှင်...ယောကျာ်းဟုတ်ရဲ့လား
ဟမ်း..."
"ဘာ..."
"ဒီလောက်ရှင့်အရှေ့မှာ မိန်းကလေးတစ်ယောက် ဗြာများနေတာကို အရသာခံ
ထိုင်ကြည့်နေတာလား ရှင့်နှမသားချင်း
ကိုယ်ချင်းမစာ...''
ရိုဏ် ဘလိုင်းကြီး စွတ်ပြောနေသော
သူမအား စူးစိုက်ကာကြည့်၍
အရွဲ့တိုက်တက်သူပီပီ သူမအနား
ပို၍နီးကပ်စွာတိုးလိုက်၍ သူ့အား
မော့ကြည့်ကာရန်တွေ့နေသော သူမ
အားကြည့်ကာ...
"ငါ ယောကျာ်းဟုတ်မဟုတ် မင်းကို
ပြရမလား...ပြီးတော့ ငါ့ပေါင်ပေါ်လာထိုင်တာ
မင်း မင်းကိုလာထိုင်ပါလို့ ခေါ်တာမဟုတ်ဘူးနော်..."
စကားသူ့စကားကြောင့် မျက်နှာလေး
ရဲတက်သွား၍...
"အို...ရှင်...ရှင်..."
ပြောပင်စကားပင် မထွက်နိုင်တော့၍
စကားငြို့နေသော ဆံနွယ်များကိုသာ
အရင်ရအောင် လုပ်နေလိုက်သည်။
ထိုအချိန် ပတ်ဝန်းကျင်က ရှင်းလင်းသွားသော သူများမှာ သူမတို့အား မသိမသာကြည့်နေကြသလို အချို့ကလဲ ပြုံးစေ့စေ့ဖြင့်
ကြည့်နေကြတာ ဆံပင်ကိုသာမဲနေသော
စကားတစ်ယောက်မသိ။
မသိရင် ချစ်သူနှစ်ဦး အခုမှပြန်တွေ့ပြီး
တစ်ဦးကိုတစ်ဦးဖက်ထားကာ
အလွမ်းသယ်နေကြသယောင်။
ရိုဏ် အပေါ်စီးကနေ သူမအား
ဝေ့ကြည့်လိုက်မိသည်။
မျက်နှာဝိုင်းဝိုင်းသွယ်သွယ်လေးဖြင့်
ဆံနွယ်အရှည်ကြီးအား အကောက်အလိပ်ကြီးအား လှပစွာပုံဖော်ထားပြီး မျက်နှာ
လေးအထက် ဘာမှလိမ်းထားပုံမရဘဲ
နှုတ်ခမ်းဖူးဖူးလေးမှာလဲ ရဲဆိုနေ၍
ကိုက်ချင်စရာ။
ကိုယ်လုံးလေးမှာလဲ သွယ်လျ၍
လှပနေကာ အသာရောင်မှာ
ဖြူပြီးဥကာ နုနေတော့သည်။
အနီးကပ်သူမဆီမှ စပယ်ပန်းရနံ့ရေမွေးလေးက သူ့အားစိတ်ကို လန်းဆန်နေသလို။
ရိုဏ် လက်ထပ်မည့်ပယင်းကိူတောင်
အခုလောက်အထိ မကြည့်ဖူးပေ။
တစ်စိမ်းမိန်းကလေးကို မကြည့်ရဘူးဆိုတာ
သိပင်မဲ့လဲ ပေါင်ပေါ်ရောက်နေလို့ ကြည့်မိတာတော့မတက်နိုင်ပေ။
ဖြုတ်...
"ဟာ...မင်း..."
ရိုဏ်အင်္ကျီကြယ်သီးပြုတ်သွားသည်နှင့်
အတူ ထရပ်လိုက်သော သူမ ရိုဏ်အား
ဒေါသမျက်ဝန်းများဖြင့် ကြည့်၍
လက်သီးလေးဆုပ်ကာ..
"တနှာရူး..."
ပြောပြီး ဆံပင်များဝဲခါနေအောင်
ခပ်သုတ်သုတ်ထွက်သွားသော
မိန်းကလေးကြောင့် ရိုဏ်
မျက်မှောင်ကြီးကုတ်ကာကျန်နေခဲ့၍..
"ဘာလဲဟ သူပဲ ငါ့ပေါ်လာထိုင်ပြီး.."
"သခင်လေး...ဧည့်သည်တွေ
ပို့ပြီးပါပြီ...''
ဧည့်သည်တွေအား အပေါ်အနားထိ
လိုက်ပို့ပြီးပြန်လာသော ဘုန်းမာန်
ကြောင့် ရိုဏ်ထရပ်လိုက်ကာ..
"အင်း..အဆင်ပြေတယ်မဟုတ်လား..."
ထိုအချိန် သခင်လေး ရင်ဘက်က
ပြုတ်နေသော ကြယ်သီးကြောင့်...
ဘုန်းမာန် ကြည့်၍...
"ပြေပာတယ် သခင်လေး ဒါနဲ့
ကြယ်သီးပြုတ်နေတယ် သခင်လေး...''
စောစောက သူမကြောင့် ပြုတ်သွားသော
ကြယ်သီးအား သူတစ်ချက်ငုံ့ကြည့်၍..
လက်ထဲက မျက်မှန် အညိုရောင်အား
တပျလျိုကျကာ...
"အင်း...အနောက်က လူနှစ်ယောက်
ဆီက ရိုက်ယူထားတဲ့ video ကို
မမြင်ချင်ဘူး.. "
"ဗျာ..ဟုတ်...ဟုတ်ကဲ့ သခင်လေး..."
ဘုန်းမာန် အကင်းပါးသူပီးပီ အနောက်တွင်
ရပ်နေသော ကိုယ်ရန်တော်အချို့အား
ထိုလူနှစ်ယောက်ဆီ ဖုန်းအားယူ၍
ကိစ္စရှင်းရန် မျက်ရိပ်ပြလ်ိုက်၍
သခင်လေးအနောက် ခပ်သုတ်သုတ်
လိုက်လာတော့သည်။
-----------==================^^^^🍓🍓🍓🍓🍓🍓🍓
"တူမကြီး နောက်ကျတာကွယ်..."
စကား ဦးကြိုင် အမေးကြောင့်
ဒေါသထွက်နေသော မျက်နှာလေး
အားပြင်၍ ကားပေါ်တက်လိုက်ကာ..
"ဟုတ်တယ် ဦးလေးကြိုင် စကား
ကိစ္စလေးပေါ်လာလို့..."
"အေးပါကွယ်...ဒါဆို ဦးလေးမောင်းပြီနော်..."
"ဟုတ်..ဦးလေးကြိုင်..."
စကား စကားဆုံးတာနဲ့ ကားလေးမှာပင်
ထိုလေယာဥ်ကွင်းကြီးထဲက မောင်းထွက်
လာခဲ့တော့သည်။
ထိုအချိန် စကားမျက်နှာလေးမှာ
စောစောကလူအားမြင်ယောင်လာ၍
အံလေးကြိတ်ထားမိသည်။
သူမ အား နှမသားချင်း မစာမနာ
အားရအောင်ကြည့်နေပြီး အသာယူနေသော
ထိူလူအား စကား မုန်းမိသည်။
စကားအမြင်ကပ်တာနဲ့ သူ့ကြယ်သီးက်ိုပါ
ပြုတ်အောင် လုပ်ခဲ့တာ ဖြစ်သည်။
"တောက်...တော်တော်မုန်းဖို့ကောင်းတဲ့လူ..."
"တူမကြီး ဘာပြောတာလဲကွဲ့ ."
ကားအရှေ့ခန်းက ဦးလေးကြ်ိုင်အသံကြားမှ စကား သတိပြန်ဝင်လာ၍ ခေါင်းလေး
ရမ်းလိုက်ကာ..
"ဟိူ ဘာမှ မဟုတ်ပါဘူး ဦးလေးချစ်
အိမ်မှာ ညီမလေးရော ရှိရဲ့လား..."
"အမလေး ရှိပါ့ဗျာ တူမကြီးပြန်လာမယ်
ဆိုတော့ ပရင်းလေးပျော်နေတာ..."
စကား ပြုံးလိုက်ကာ..
"အဟွန်း...ဒါနဲ့ ဦးလေးကြိုင်
ရွာမပြန်ဖြစ်ဘူးပေါ့...ဒီနှစ်တွေမှာ..."
"ဟုတ်တယ် တူမကြီး ရွာမှာက
သမီးနဲ့ သမက်က လယ်စိုက်တယ်ကွယ်
ဦးလေးကို ရန်ကုန်မှာပဲ နေပါတဲ့ တောပြန်ရတာမလွယ်ဘူးလေ..."
ဟူး........ဝူး.....ဝေါ...
"ဟင်..."
ထိုအချိန် စကားတို့ကားအား
ကျော်လွန်၍ မောင်းတက်သွားသော
ကားအနက်ရောင် သုံးစီးအား
စကား လိုက်ကြည့်နေမိသည်။
"ဟော့...အဲ့ဒါ ဟိုသူဌေးလေးရဲ့ ကားပဲ...."
တအံ့တသြပြောလာသော ဦးလေးကြိုင်
စကားကြောင့် စကား မျက်ခုံးလေးပင့်တက်
သွားကာ...
"ဘယ်သူဌေးလဲ ဦးလေးကြိုင်
အသိတွေလား..."
"အော် ပရင်းလေးရဲ့ ချစ်သူကောင်လေး
လေ...အဲ့ဒီသူဌေးလေးက အရမ်းတော်တာ
လူငယ်ဆိုတော့ ထက်မြတ်တာပေါ့...သူချဲ့
တဲ့လုပ်ငန်းမှန်သမျှ အောင်မြင်နေတာလေ
သမီးလာတဲလေယာဥ်ကွင်းကလဲ
သူရှယ်ရာတွေလို့ပြောတယ်...ပရင်းလေးဘဝတော့ ကောင်းစားပြီကွယ်..."
စကား ဦးလေးကြိုင်စကားကြောင့်
အဝေးရောက်နေပြီ ဖြစ်သော ကားအား
ကြည့်လိုက်ကာ ညီမဖြစ်သူကို ဂရုမစိုက်လို့
မကျေနပ်နေသော သူ့အားမှန်း၍ ခပ်မဲ့မဲ့
ပြုံးလိုက်မိသည်။
------======================^^^^^🍓🍓🍓🍓🍓🍓
"မမ...."
ခြံကြီးထဲ ကားရပ်လိုက်သည်နှင့်ပြေးထွက်လာသော ညီမဖြစ်သူကြောင့် စကားပြုံးလိုက်ကာ လက်ကမ်း၍ ကြိုဆိုပြီး
ပြေးဖက်လာသော ညီမဖြစ်သူရဲ့
ကိုယ်လေးအား ခပ်တင်းတင်းပြန်လည်ဖက်ထားမိ၍ မျက်ဝန်းကြည်ကြည်လေးထဲတွင်
မျက်ရည်ကြည်လေးများက ဝဲတက်နေလျှက်။
ထိုမြင်ကွင်းအား ဒေါ်မြသားကြည်နူး
စွာကြည့်ကာ ပြုံးနေမိသည်။
သူမအရင်ထဲက တူမဖြစ်သူတွေအား
အခုလိုလေး နှစ်ယောက်အတူ
တွေ့ချင်သည့်ဆန္ဒလေးအခုဆ်ို
ပြည့်ခဲ့ပေပြီ။
"အမလေး လာပါအုံးတော်...
ကြီးကြီးဆီကို..."
ထိုအချိန် သူမအနားပြုံးကာလျှောက်လာ၍
ကလေးတစ်ယောက်လို ရင်ခွင်ထဲဝင်တ်ိုးလာသော စကားလေးကြောင့် ဒေါ်မြသား
မျက်ရည်များပင်ဝဲတက်လာ၍...
"အမလေးတော်...ကြီးကြီးနောက်ဆုံး
တော့ စကားလေးကို ပြန်တွေ့နိုင်ခဲ့ပြီပဲ..."
ပြောပြီး သူမအားဖက်ထားသော တူမဖြစ်သူအား ကြည့်၍...
"ကြည့်ပါအုံး စကားလေးက လှလာလိုက်တာ
အသားအရည်တွေက ပိုပြီးဖွေးဥပြီး ဆံပင်တွေလဲရှည်လာတယ် ပိုပြီးတော့လဲ ချောပြီလှလာလိုက်တာကွယ်..."
"ဟုတ်တယ် ကြီးကြီး မမကအရမ်းလှလာ
တာပဲ...မမနဲ့ပရင်းယဥ်သွားရင်
ညီအမဆိူတာ ဘယ်သူမှယုံမှာမဟုတ်ဘူး
ယုံရင်တောင် ပရင်းကို အကြီးလို့ထင်ကြမှာ
မမက နုဖက်ပြီးလှနေတာ..."
ကြီးကြီးနှင့်ညီမဖြစ်သူစကားကြောင့်
စကားလှပသော နှုတ်ခမ်းဖူးဖူးလေးမှာ
ပြုံးလိုက်၍...
"အဟွန်း စကားကို တူကြီးနှစ်ယောက်
ပေါင်းပြီး အရမ်းမြှောက်မနေကြ
နဲ့နော် လက်ဆောင်တွေက ပါလာပြီသားပါ..
အဟွန်း...''
"အမလေး မမြှောက်ပါဘူးရှင် ကြီးကြီးတို့က
မြင်တာပြောတာပါကွယ်..လာ..အိမ်ထဲဝင်ကြမယ် ကိုကြိုင် စကားလေးအထုတ်တွေကို
သက်သက်ကို သယ်ခိုင်းလိုက်နော်...
လွတ်လိုက်မယ်..."
"ဟုတ်ကဲ့ မမကြီး..."
ဒေါ်မြသား တူမဖြစ်သူနှစ်ယောက်နှင့်
အိမ်ထဲ ပြုံးကာဝင်လာလ်ိုက်သည်။
"ဟယ်...ဒါ...မမလေးစကားလားဟင်
လှလိုက်တာ နုဖက်နေတာပဲ..."
စကားသူမ မသွားခင်တောကနှင့်မတူ
ထွားလာသော သက်သက်အားကြည့်၍..
"အမလေး သက်သက်အတွက်လဲ
လက်ဆောင်ပါပါတယ်နော်..."
"ဟီး..ဟီး...သက်သက်က
မမလေးလှလို့ လှတယ်ပြောတာပါနော်..."
"ကဲ ဒေါ်သက်သက် ရှင့်မမလေးကို
နောက်မှ အဝထိုင်ကြည့်ပြီးပြော
အခုတော့ ကားပေါ်ကအဝတ်ထုပ်တွေ
သယ်ပြီးပြင်ထားတဲ့ စကားလေးအခန်းထဲ
ထည့်ပေးပါကွယ်..."
"ဟုတ်ကဲ့ ဒေါ်လေး.. "
ထိုအချိန် သက်သက်ပြေးထွက်သွားတော့မှ
တူရီးသုံးယောက်ပြုံးလိုက်မိကြကာ
ဧည့်ခန်းထဲဝင်လာ၍ ဆိုဖာပေါ်ထိုင်လိုက်ကာ..
"စကားလေး..ခဏနေအနားယူပြီးရင်
ရေချ်ိုး ညနေစာကြီးကြီးက စကားလေးအကြိုက် ရှယ်ချက်ထားတယ်ကွယ်.."
"ကြီးကြီးနော် မမပြန်လာတယ်ဆိုပြီး
ပရင်းကို ပလစ်မယ်မကြံနဲ့နော်...
ဟွန့်..ပရင်းအကြိုက်ရောမပါဘူးလား.. ''
နှုတ်ခမ်းလေးတစ်ဆူဆူပြောလာသော
ပရင်းကြောင့် စကားချစ်စနိုးကြည့်၍
ပြုံးနေသလို ဒေါ်မြသားတစ်ယောက်
ပြုံး၍...
"အမလေး မပလစ်ရဲပါဘူးရှင့်..
ဒီကပရင်းလေးအကြိက်ရော
ပါပါတယ်ရှင်..."
"ဟီးဟီး ပြီးရော...ဒါမှ ပရင်းကြီးကြီး.."
"အမလေး ညာစား ဟွန့်..."
ကြီးကြီးရဲ့ ချစ်စနိုးမျက်စောင်းလေး
ကြောင့်စကားနှင့်ပရင်း ကြည့်လ်ိုက်မိကာ
ပြုံးနေလျှက်...
-----------==================^^^^^^🍓🍓🍓🍓🍓🍓🍓🍓
"ဟယ်လို... ဟုတ်ကဲ့ သခင်လေး
ရေချ်ိုးခန်းထဲ ဝင်နေပါတယ်..."
"....................."
"ဟို...ဟုတ်ကဲ့...ကျွန်တော်အတိအကျ
မပြောတက်ဘူး မပရင်း..."
".................."
"ဗျာ...ဟုတ်...ပြောလိုက်ပါ့မယ်ဗျ..."
"............."
"ဟုတ်ကဲ့ပါ..."
ဘုန်းမာန် ဖုန်းချပြီး သက်ပြင်း ချလိုက်မိသည်။
ဒါနဲ့ဆို ဒီညနေ မပရင်း သခင်လေးအား
ဖုန်းခေါ်တာ ၅ကြိမ်ရှိပြီဖြစ်သည်။
မကြာခင်လက်ထပ်တော့မည့်ဇနီးအပေါ်
သွေးအေးလွန်းသည့်သခင်လေးကိုလဲ
အံ့သြစွ....။
မသိရင် သခင်လေး လေးပုံစံက မပရင်းကို
မဖြစ်မနေလိုသာ ဆက်သွယ်နေသည့်ပုံ။
မချစ်ဘူးလား ဆ်ိုရင်လဲမဟုတ်။သူနဲ့သင့်တော်လို့သည်ပဲ ဖြေသည်။
ဂျလောက်...
"ဘာလုပ်နေတာလဲ ဘုန်းမာန်..."
ထိုအချိန် သြရှရှ အမိန့်အာဏာသံ
လွမ်းမိုးသည့် ပြတ်သားသည့်အသံ
လှိုင်းတစ်ခု ထွက်ပေါ်လာသည့်နှင့်အတူ
ရေချ်ိုးပြီးလ်ို့ ဆိုနေသော ဆံနွယ်တိုကပ်ကပ်များအားခေါင်းသုတ်ကာထွက်လာသော
သခင်လေးကြောင့် ဘုန်မာန်ကြည့်၍...
"ဟုတ်ကဲ့ သခင်လေး မိန်းကလေး
ပရင်းဖုန်းဆက်လို့ပါ အဲ့ဒါ
သခင်လေးကို ပြောဖို့စောင့်နေတာပါ..."
ထိုအချိန် ရိုဏ် ရေလဲဝတ်ရုံကြီးရဲ့
ခါးစည်းကြိုးအား တစ်ချက်ချည်လိုက်ကာ
သုတ်နေသော သဘတ်အား ဘေးပတ်က
စဥ်လေးပေါ်စနစ်တကျတင်လိုက်၍...
"အင်း ဘာပြောလဲ..."
"သူ့အမ ပြန်ရောက်ပြီတဲ့ အဲ့ဒါ
သခင်လေးနဲ့တွေ့ဖို့ရက် ပြောချင်လ်ို့တဲ့..."
"အဟွန်း...ငါတွေ့မယ်လို့ ပြောလိူ့လား...''
"ဗျာ..."
ဘုန်းမာန် သခင်လေးစကားကြောင့်
နားမလည်စွာ ခေါင်းကုတ်နေစဥ်..
"မင်း နားလိုက်တော့ ငါအနားယူချင်နေပြီ...''
"ဟုတ်ကဲ့ သခင်လေး..."
ရိုဏ် ဘုန်းမာန်ထွက်သွားသည်နှင့်
မှန်သားပြင်ကတစ်ဆင့်မြင်နေရသော
မီးရောင်စုံများဖြင့် ရန်ကုန်မြင်ကွင်းအား
ကြည့်နေလိုက်ကာ ရေစို၍ မခြောက်သေးသော ဆံနွယ်အတ်ိုအား လက်ဖြင့် တစ်ချက်သပ်တင်ကာ..ပိရိသေသပ်သောနှုတ်ခမ်းများကပြုံးလျှက်...
"အဟွန်း...စိတ်ဝင်စား စရာပဲ..."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း
ဒီficလေး မှာ အေးစက်စက်နဲ့အရမ်းချစ်တက်တဲ့ ရိုဏ်ဆိုသော အချစ်လူဆိုးရဲ့ ကာရိုက်တာလေးနှင့် မာနကြီးပြီး အရှက်တရားကို
အသက်ထက်တန်ဖိုးထားတက်သော
စကားဝှက်ဆိုသော မိန်းမပျိုလေးတို့ရဲ့
အချစ်ဝတ္ထုလေးကို ရသမျိုးစုံနဲ့ ဖတ်ရူ
ရမှာပါရှင့်။
🔞🔞 ဆန်ပါတယ် လုံးဝကို ချိုပါမယ်နော်😁
ချိုပြီး လက်ကမချချင်လောက်အောင်
ဖတ်ရမဲ့ ဝတ္ထုလေးပါ။

Post a Comment