အဆင်ငမ်းလွန်း၍ အသေဆိုးနဲ့ သေသွားရသူ

အဆင်ငမ်းလွန်း၍  အသေဆိုးနဲ့ သေသွားရသူ
                                                  Leon           


--------------------------------------------------------------------------
( ကြောက်တတ်သူများမဖတ်ရ ) 

"ဟဲ့ကောင်မ ဟိုမှာ အဆင်လေးဟဲ့ ကြည့်ဦး"

သူငယ်ချင်းဖြစ်သူသဇင်နဲ့ညဘက်ကြီးလမ်းထိပ်မှာမုန့်တူတူစားဖို့
သွားနေခိုက် သဇင်ပြောလိုက်တဲ့ ထိုစကားကြောင့် ရတီ 
မျက်လုံးတွေအရောင်တောက်သွားသည်။

"ဟယ် ဘယ်...ဘယ်မှာလဲ အဟိ?

"ဟဲ့ ငါတို့ရှေ့တည့်တည့်မှာလာနေတယ်လေ၊
ကန်းနေလား။

သူမလဲ ခေါင်းငုံ့လျှောက်နေရာမှ အရှေ့တည့်တည့်ကိုကြည့်လိုက်
တော့ သူမတို့နှစ်ယောက်ရှိရာကိုလျှောက်လာနေတဲ့ အလယ်ခွဲ
ဆံပင်ကေလေးနဲ့ ထိုကောင်လေးကိုတွေ့လိုက်ရပါတယ်။

ထိုကောင်လေးဟာ 
ဂျင်းဘောင်းဘီအပွလေးနဲ့....အနက်ရောင်ဟူဒီလေးကို
ဝတ်ဆင်ထားပြီး mask အနက်လေးကိုလဲ
ဝတ်ထားပါတယ်။

ဒါ့အပြင်သူ့ရဲ့အသားအရည်က ကိုရီယားမင်းသားတွေလို
ချောမွေ့ဖြူစွတ်နေပြီး...အရပ်ဟာလဲ6ပေကျော်လောက်ရှိပုံ
ရပါတယ်။

mask တပ်ထားလို့......မျက်နှာတစ်ခုလုံးကိုတော့သေချာ
မမြင်ရပေမယ့် ထိုကောင်လေးရဲ့စူးရှတဲ့အကြည့်တစ်ချက်မှာ
ရတီအရည်ပျော်သွားရပါပြီ။

ကောင်လေးက သူ့ဘေးကနေဖြတ်လျှောက်သွားတာတောင်
ရတီတစ်ယောက် မမူနိုင်တော့ပဲအနောက်ကိုလည်ပြန်ကြည့်နေမိ
ပါတယ်။

သူမရဲ့နှလုံးသားလေးဟာလဲ တဒုတ်ဒုတ်နဲ့အဆတ်မပြတ်
ခုန်လို့နေတာပေါ့။

ချစ်စရာကောင်လေးရဲ့ ချောမောလှပမှုမှာကြွေဆင်းနေတဲ့
ရတီတစ်ယောက် ဘေးကသဇင်ဗိုက်ခေါက်လိမ်ဆွဲလိုက်မှပဲ
သတိပြန်ဝင်လာပါတော့တယ်။

"ဖေ-ိုးမ ......ဘယ်လို ဖြစ်နေလဲ....ဘယ်လိုဖြစ်နေလဲ ဟမ်...
အဲ့လောက်ထိငမ်းစရာလား လူတွေဝိုင်းကြည့်ကုန်ပြီငါတို့ကို
မသာမရဲ့!!!

" အာ့ အာ့ အား....နာတယ် နာတယ်!!!!!"

"အဲ့လောက်တောင် နှာဘူးထရလား ကောင်မရဲ့၊
ငါကနင်မမြင်မှာစိုးလို့ပြလိုက်တာကို.....နင်က လည်ပြန်တွေပါ
ကြည့်ပြီးငမ်းနေတယ်၊ ငမ်းရင်လဲငါ့လိုမသိမသာငမ်းစမ်းပါဟဲ့။

"မဟုတ်ဘူး သဇင်ရဲ့၊ ဒီအဆင်ကတခြားအဆင်တွေနဲ့မတူဘူး

"အမလေး လုပ်တော့မယ် နင်ကတော့...

"တကယ်ပြောတာဟဲ့ ငါအရင်ကလဲအဆင်ငမ်းဖူးပေမယ့်
ဒီလောက်ရင်မခုန်ဖူးဘူး....သူနဲ့ကျမှ....

"ကဲကဲ နောက်မှစိတ်ကူးဆက်ယဉ်
ငါဗိုက်ဆာနေပြီကောင်မရဲ့....လာလာလာ!!!

ပြောပြောဆိုဆိုနဲ့သဇင်ကရတီလက်ကိုအတင်းဆွဲခေါ်သွားတာမို့
ရတီတစ်ယောက်စိတ်ကူးတောင်မယဉ်လိုက်ရပဲတန်းလန်းကြီး
ပါသွားပါတယ်။
------------------------------------------------------------------------

စက္ကန့်ပိုင်းလောက်သာ.....မြင်တွေ့လိုက်ရတာဆိုပေမယ့်.....
ထိုကောင်လေးကတော့ ရတီရဲ့ရင်ထဲမှာ......ထာဝရစွဲကျန်
သွားခဲ့ပါတယ်။

ထိုညကစပြီး....ရတီဟာညတိုင်းလိုလိုထိုကောင်လေးကို
ပြန်တွေလိုတွေးငြား လမ်းထွက်လျှောက်လေ့ရှိပေမယ့်
သူမထိုကောင်လေးကိုလုံးဝပြန်မတွေ့ရတော့ပါဘူး။

ဒါပေမယ့် မြင်မြင်ချင်းချစ်မိသွားတဲ့အတွက်
သူမဇွဲမလျှော့ပဲ ထိုကောင်လေးနဲ့ပြန်တွေ့ခွင့်ရမယ့်နေ့ကို
စောင့်မျှော်နေမိပါတယ်။

တစ်လလောက်သာကြာသွားခဲ့ပေမယ့်.....သူမထိုကောင်လေးကို
အရိပ်အယောင်တောင်ပြန်မတွေ့ခဲ့ရပါဘူး။

အဲ့လိုနဲ့ တစ်ညမှာတော့..... သူမမျှော်လင့်နေတဲ့အချိန်လေး
မထင်မှတ်ပဲရောက်ရှိလာပါတော့တယ်။

ထိုညမှာလဲ ရတီတစ်ယောက်ထုံးစံအတိုင်း....လမ်းထိပ်မှာ
မုန့်သွားဝယ်ဖို့ထွက်လာခဲ့တာပေါ့။

လျှောက်လာနေရင်းနဲ့လမ်းတစ်ဝက်လောက်လဲရောက်ရော.....
သူမ ရုတ်တရတ်တစ်စုံတစ်ခုကိုမြင်ပြီး မျက်လုံးအပြူးသားနဲ့
တောင့်တောင့်ကြီးရပ်သွားပါတယ်။

ရတီမြင်လိုက်ရတဲ့အရာကတော့.........သူမအကြာကြီး
စောင့်စားနေခဲ့ရတဲ့ သူမရင်ထဲကနတ်သားလေးပါပဲ။

ဟုတ်ပါတယ်၊ ထိုကောင်လေးက သူမစစတွေ့ခဲ့တဲ့နေ့ကအတိုင်းပဲ
ဂျင်းအပွလေးနဲ့ အနက်ရောင်ဟူဒီလေးကိုဝတ်ထားပြီး.......
mask အနက်လေးကိုလဲတပ်ထားကာ သူမအရှေ့တည့်တည့်က
နေလျှောက်လာနေတာပါ။

ရတီတစ်ယောက်မျက်တောင် တောင်မခတ်နိုင်ပဲထိုကောင်လေးကို
စိုက်ကြည့်နေမိပါတယ်။ သူမရဲ့ရင်ခုန်သံတွေဟာလဲဆူညံလို့
နေတာပေါ့။

"ချောလိုက်တာ....ကိုကိုရယ်"ဟုစိတ်ထဲမှာတွေးရင်း
သူမရှက်ပြုံးလေးပြုံးလိုက်မိပါသေးတယ်။

ကောင်လေးကတော့သူမကိုသူစိမ်းဆန်ဆန်ပဲကြည့်ပြီး
လျှောက်လာနေပါတယ်။

အချိန်အားဖြင့်လဲ ည10နာရီထိုးခါနီးနေပြီ။

လမ်းထဲမှာလဲ....သူတို့နှစ်ယောက်ကလွဲပြီးကျန်တဲ့လမ်းသွားလမ်းလာတွေမရှိကြသေးပေ။

ဒီအချိန်ကိုအခွင့်အရေးယူရမယ်၊မဟုတ်ရင်ငါသူ့ကိုထပ်တွေ့ရမှာ
မဟုတ်ဘူးဟုရတီတွေးရင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်

အဲ့ဒါကြောင့်ပဲသူမလက်သီးကိုခပ်ကျစ်ကျစ်ဆုတ်ရင်း
ကောင်လေးရှိရာကိုလျှောက်သွားလိုက်ပါတယ်။

ဒီလိုနဲ့ပဲအနားလဲရောက်ရော မိန်းမမာယာသုံးပြီး
တမင်မမြင်ချင်ယောင်ဆောင်ပြီးဝင်တိုက်ပစ်လိုက်တာပေါ့။

အားကြီးနဲ့ဝင်တိုက်လိုက်တာကြောင့်
ထိုကောင်လေးလဲယိုင်သွားပြီးရတီလဲလက်မောင်းတော်တော်
အီသွားပါတယ်။

ဒါပေမယ့်လင်တာရူးစိတ်ကငယ်ထိပ်ရောက်နေတော့နာနေပေမယ့်
လဲ ချွဲပျစ်ပျစ်အသံလေးနဲ့ တမင်တောင်းပန်စကားပြောလိုက်ပါတယ်

"အယ်....ဟို...ဟို...ဆောရီးနော် အကို...
ည...ညီမ မမြင်လိုက်လို့....ဟိဟိ"

"ဟုတ် ရပါတယ်ဗျ.....ညီမရောနာသွားသေးလား?ဟု
ထိုကောင်လေးက အက်ရှရှလေသံဖြင့်ပြန်ပြောသည်။

"ဟီး ရ...ရပါတယ် မနာပါဘူး။
ဒါနဲ့အကိုကဒီနားတဝိုက်မှာနေတာလားဟင်..?

သူမ မသိမသာလေးစကားနှိုက်ကြည့်သော်လည်း
ကောင်လေးကဘာမှပြန်မဖြေချေ။

အဲ့ဒါကြောင့် သူမကြားလိုက်ဘူးအထင်နှင့်ရတီနောက်တစ်ခေါက်
ထပ်မေးလိုက်သည်။

"အကို...ဒီနားတဝိုက်မှာပဲနေတာလားလို့?

အဲ့အခါကျမှထိုကောင်လေးက....မျက်လုံးလေးမှေးရင်း
ပြန်ဖြေသည်။

"ဟုတ်....ဟုတ်တယ်ညီမရဲ့၊ ဒီနားတဝိုက်မှာပဲနေတာ။

mask တပ်ထားသောကြောင့်....သူ့ရဲ့အပြုံးလေးကိုရတီမမြင်ရ
ပေမယ့်.....မျက်လုံးလေးမှေးသွားသောကြောင့် သူပြုံးနေတယ်
ဆိုတာကိုတော့ရတီသေချာသိသည်။

အဲ့ဒါကြောင့်သူမအချိန်ဆွဲမနေပဲ စတင်မိတ်ဆက်လိုက်သည်။

"ဟုတ်အကို....ဒါနဲ့ညီမနာမည်ကရတီပါ၊တွေ့ရတာဝမ်းသာပါတယ်

"အကိုက.....သူရပါ။ တွေ့ရတာဝမ်းသာပါတယ်။

"ဟုတ်.....

"ဒါဆိုအကိုသွားဦးမယ်နော်....တာ့တာ။

"ဟုတ် အကို.....ဒါနဲ့မနက်ဖြန်ရော...ဒီလမ်းကပဲ
ပြန်ဦးမှာလားဟင်?

"မသိသေးဘူးဗျဘာဖြစ်လို့လဲဟင်....?

"ဟို...ဘာမှတော့မဟုတ်ပါဘူး.....
ဒီလမ်းကပဲပြန်တော့.....မိတ်ဖြစ်ဆွေဖြစ်စကားလေးတွေ
ပြောရင်းညီမနဲ့ပိုရင်းနှီးတာပေါ့။

"အယ်....အဲ့လိုလား
အဲ့ဒါဆိုလဲမနက်ဖြန်ဒီအချိန်ပဲပြန်တွေ့မယ်လေဒီလမ်းမှာ။

"ဟီး...ဟ...ဟုတ်"

"အခုတော့ပြန်လိုက်ဦးမယ်နော်...တာ့တာ

"ဟုတ်အခုဂရုစိုက်ပြန်ပါတာ့တာ။

သူမချစ်စဖွယ်အပြုံးလေးနှင့်ထိုကောင်လေးကို
လက်ပြနှုတ်ဆတ်လိုက်သည်။

ကောင်လေးဟာလဲသူမကိုပြန်လက်ပြနှုတ်ဆတ်ရင်းအိမ်ပြန်သွား
တာပေါ့။
-------------------------------------------------------------------

အဲ့ဒီလိုနဲ့ နောက်နေ့ညတွေမှာလဲ ရတီဟာသူရနဲ့ညတိုင်းလိုလို
တွေ့ဖြစ်ကြပါတယ်။

လမ်းတူတူသွားရင်းစကားတွေပြောကြရင်းသူတို့နှစ်ယောက်ကြားက
ရင်းနှီးမှုလေးတွေက တစ်နေ့ထက်တစ်နေ့ပိုမိုတိုးပွားလာပါတယ်။

ရတီကသာ.....တစ်နေ့ထက်တစ်နေ့ သူရကြွေအောင်
အတိုအပြတ်လေးတွေတမင်ဝတ်ဝတ်လာပေမယ့်
သူရကတော့နေ့တိုင်းလိုလို ဒီဝတ်စုံကြီးပါပဲ။
mask ကိုလဲလုံးဝမချွတ်သေးပါဘူး။

ရတီကလဲ mask အောက်ကသူရရဲ့မျက်နှာကို
လုံးဝမမြင်ရသေးတဲ့အတွက်တစ်နေ့ထက်တစ်နေ့ပိုကြည့်ချင်စိတ်
တွေများပြားလာပါတယ်။

တစ်ညမှာတော့....သူမမအောင့်နိုင်တော့ပဲ
သူရကိုmask ချွတ်ခိုင်းဖို့ကြံစည်ပါတော့တယ်။

အဲ့ညက သူရနဲ့ ရတီတစ်ညလုံးစကားတပြောပြောနဲ့....
တစ်ရပ်ကွက်လုံးလမ်းပတ်လျှောက်နေရင်း....လူပြတ်တဲ့
လမ်းတစ်နေရာလဲရောက်ရောရတီကစကားစလိုက်ပါတယ်။
----------------------------------------------------------------

"ဟိုလေ...သူရ...

နှစ်ယောက်လမ်းတူတူလျှောက်နေရင်းရတီကပြောလိုက်ခြင်းဖြစ်
သည်။

"အွန်း...ပြောလေရတီ

"နင်...mask ကြီးတကားကားနဲ့အသက်ရှုမကြပ်ဘူးလားဟင်?

"မကြပ်ပါဘူးဟ

"ခဏလောက်ချွတ်ပြပါလား ငါကြည့်ချင်လို့
နင့်မျက်နှာလေးကိုသေချာ

"ဘာလို့တုန်း?

"ဟို...နင်maskမပါပဲအပြင်သွားတဲ့အခါကျငါနင့်ကို
ဘယ်လိုမှတ်မိမှာတုန်းဟ အဲ့ဒါကြောင့်အခုမြင်ဖူးတယ်ရှိအောင်
ပြခိုင်းတာပါ။

ထိုစကားကိုကြားတော့သူရကသွားနေရာမှရုတ်တရတ်
ရပ်သွားပြီးရတီကိုမျက်လုံးသေကြီးတွေနဲ့စိုက်ကြည့်နေပါတယ်။

ပြီးတော့စကားတစ်ခွန်းကိုဖြည်းညှင်းစွာပြောလိုက်သည်။

"နင်...ငါနမ်းတာကိုခံရင်ငါပြမယ်။

သူရက ရတီလက်မခံနိုင်လောက်ဘူးအထင်နှင့်ပြောလိုက်သော်
လည်း....တကယ်တမ်းကျတော့....ရတီကထိုစကားကြောင့်
သေမတတ်ပျော်ရွှင်ကြည်နူးသွားခဲ့သည်။

"နင်....နင်ကလဲဟာ....ခံ...ခံမယ်။
နင့်မျက်နှာကိုကြည့်ချင်လို့တမင်အနမ်းခံတာပါနော်ဟွန့်။

ထိုစကားကြောင့်သူရအံ့သြသွားသော်လည်း
သူ့ကတိအတိုင်းပြရတော့မည်၊ သူရတီနမ်းခွင့်ပြုလောက်မယ်ဟု
မထင်ထားခဲ့ပေ။

"မျက်စိမှိတ်ထား......

"ဘာလုပ်မလို့လဲ?

"နမ်းမလို့လေ....နမ်းပြီးမှမျက်စိဖွင့်ကြည့်

"ဟီးဟုတ်ပြီ မှိတ်လိုက်ပြီ

ရတီလဲမျက်စိမှိတ်ပြီး သူရရဲ့အနမ်းတစ်ပွင့်ရတော့မယ့်
အချိန်ကိုရင်ခုန်စွာနဲ့စောင့်နေမိပါတယ်။

မကြာခင်မှာပဲ....သူရရဲ့နှုတ်ခမ်းသားလေးက
သူမရဲ့နှုတ်ခမ်းသားလေးကိုနူးညံ့စွာလာထိပါတော့တယ်။

ထိထိချင်း
အနံ့ဆိုးတမျိုးနဲ့ခါးသက်သက်အရသာတချို့ရလိုက်ပေမယ့်လဲ
သူမငြိမ်ငြိမ်လေးပဲဆက်အနမ်းခံနေလိုက်ပါတယ်။

သူရလဲငါးမိနစ်လောက်ရတီကိုအားရအောင်နမ်းပြီးသွားတဲ့
နောက်မှာ.........အနမ်းတွေကိုရပ်လိုက်ပြီးသွေးအေးစွာနဲ့
ပြောလိုက်ပါတယ်။

"နင်မျက်လုံးဖွင့်လို့ရပြီ......

ရတီလဲအကြာကြီးအနမ်းခံထားရလို့.....ကြည်နူးနေတဲ့ကြားက
ရင်ခုန်စွာနဲ့မျက်စိဖွင့်ကြည့်လိုက်တဲ့အခါမှာတော့..........

"အား........!!!!!!!!!!!!

သူမငယ်သံပါအောင် ကြောက်လန့်တကြားအော်လိုက်မိပါတယ်။

ဘာလို့လဲဆို.....mask ချွတ်ထားတဲ့သူရရဲ့မျက်နှာက
သူမထင်ထားခဲ့သလိုချောမောလှပနေတာမဟုတ်ပဲ
အက်ဆစ်နဲ့ပက်ခံထားရသလိုစုတ်ပြတ်ပုပ်ပွနေပြီး....ပါးစပ်မှာလဲ
လောက်တွေတီကောင်တွေတွယ်နေပါသေးတယ်။

ပါးစပ်ကိုလက်နဲ့အုပ်ပြီး မျက်လုံးပြူးရက်သားနဲ့
အံ့သြတုန်လှုပ်နေတဲ့....ရတီကို သူရက သွေးအေးစွာနဲ့
သွားကြီးဖြီးရယ်ပြရင်း....ပြောလိုက်ပါတယ်။

"ဘာဖြစ်လို့လဲ....ကောင်မရဲ့....အဟီးဟီးဟီး။
ငါ့မျက်နှာကဒီလိုမျိုးဖြစ်နေတော့နင်ရင်မခုန်တော့ဘူးမလားဟီးဟီး
နင်အခုလေးတင်ပဲ....နင်လောက်တွေတွယ်နေတဲ့ဒီပါးစပ်နဲ့
ကစ်ဆင်စွဲခံထားရတာလေ....အဟီးဟီး"

ထိုစကားကိုကြားပြီးပြီးချင်းမှာပဲ....သူမရဲ့ပါးစပ်ထဲမှာလဲ
သူရဆီက လောက်ကောင်တချို့ဝင်သွားပြီးလျှောက်သွားနေတာကို
ခံစားလိုက်ရပါတယ်။

သူမမျက်ရည်တွေစီးကျလာပြီး အာခေါင်ခြစ်အော်ဖို့ပါးစပ်ဟနေ
တုန်းမှာပဲ သူရက ရတီ့ရဲ့ဆံပင်ကိုဆောင့်ဆွဲလိုက်ပြီး
ဟနေတဲ့ပါးစပ်ထဲလက်ကြီးထည့်ပြီးအာခေါင်ထဲထိထိုးနှိုက်လိုက်ပါတယ်

ရတီအားကုန်သုံးပြီးရုန်းပေမယ့်....အရာမထင်ခဲ့ပါ။ အဲ့လိုနဲ့
ခဏအကြာမှာတော့ပါးစပ်ထဲရောက်နေတဲ့သူရရဲ့လက်ထဲက
လက်သည်းတချို့ရှည်ထွက်လာတာကိုသူမခံစားမိလိုက်ပါတယ်။

သူရဟာ....လူစင်စစ်မဟုတ်တဲ့မကောင်းဆိုးဝါးအကောင်တမျိုးပဲ
ဆိုတာရတီသိရှိလိုက်ရချိန်မှာတော့သိပ်နောက်ကျသွားခဲ့ပါပြီ။

သူမရဲ့လျှာဟာ.....သူရရဲ့လက်သည်းကုတ်ချက်တွေအောက်မှာပဲ
ဖြတ်ခနဲပြတ်ထွက်သွားခဲ့ပြီး....ပါးစပ်ထဲကနေလဲသွေးတွေ
တပွက်ပွက်နဲ့ထွက်လာကာအော်လဲမအော်နိုင်တော့ပါဘူး။

သူမမျက်ရည်တွေနဲ့ပါးစပ်ကိုလက်နဲ့အုပ်ရင်းနာကျင်စွာနဲ့တဝူးဝူး
အော်ညည်းနေတုန်းမှာပဲ.......သူရက ရတီရဲ့ဆံပင်ကိုအားနဲ့ဆောင့်
ဆွဲပြီး..အမှောင်ထဲကို...တရွတ်တိုက်ကြီးဆွဲခေါ်သွားပါတော့တယ်။

ထိုညကစပြီး...ရတီကို ဘယ်သူမှထပ်မတွေ့ရတော့ပါဘူး။
-------------------------------------------------------------------------
                              The End
                                                Leon

Like & Share Please 💟

ဒီလိုမျိုးဇတ်လမ်းလေးတွေဖတ်ရတာ သဘောကျတယ်ဆိုရင်တော့
Page လေးကိုLike and Follow လေးလုပ်ထားနိုင်ပါတယ်။

ဇတ်လမ်းလေး ဖတ်ပြီးရင်လဲ နိုင်ငံတော်အတွက် 10မိနစ်လောက်
click ပေးကြပါဦးဗျ❤

ဇတ်လမ်းတွေကိုပြန်လည် ကူးယူတင်ခွင့်မပြုပါ။

မှတ်ချက်: { ကျွန်တော်ရေးသမျှဇတ်လမ်းတွေအားလုံးကကိုယ်တိုင်
ဖန်တီးပြီးရေးထားတဲ့ ကိုယ်တိုင်ရေးဇတ်လမ်းတွေပါပဲ။ ဘာသာပြန်
ဇတ်လမ်းတွေကျွန်တော်လုံးဝမရေးပါဘူးဗျ}


#leon
-------------------------------------------------------------------
တစ်ခုတောင်းဆိုစရာရှိပါတယ်၊ ဖတ်ပြီးသွားရင်လည်း
like and share လေးဖြစ်ဖြစ်လုပ်ပေးကြပါနော် ။❤
ဘာပဲဖြစ်ဖြစ် အဲ့ဒါလေးတွေများများရရင် စာရေးရတဲ့သူအတွက်
အားရှိပြီး နောက်ဇတ်လမ်းတွေပိုများများရေးနိုင်စေလို့ပါ။
အဲ့တော့တကယ် အားပေးချင်ရင် React လေးနဲ့ Share
လေးတော့လုပ်ပေးကြပါ ချစ်တယ်။🥺 အဆင်ပြေရင်
page review ပါဝင်ရေးပေးလဲရတယ် စိတ်မဆိုးဘူး 🙄❤

#Leon

Post a Comment

أحدث أقدم

Comments