ဆွဲထားလို့ကော မြဲပါတဲ့လား...

ဆွဲထားလို့ကော မြဲပါတဲ့လား...


မချစ်​တော့ဘူးဆိုတဲ့စကားကို နားနဲဆတ်ဆတ်ကြားခဲ့တာတောင် မနာတတ်ခဲ့ဘူး သူရှိနေရုံနဲ့ ဖြစ်ပါတယ်ဆိုတဲ့ အတွေးနဲ့ မနေချင်တဲ့ သူ့ကို အချိန်တွေအကြာကြီး ဆွဲထားခဲ့ဖူးတယ် ။ ဆွဲထားလို့ကော မြဲမှာမို့လို့လားဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ် ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖူးတယ်။

အမှန်တရားက ကိုယ့်အရှေ့မှာပါ ။ ဒါကို လက်သင့်ခံရဲတဲ့ သတ္တိတွေ ရှိမနေတာလဲပါတာပေါ့ ။ သူရှိနေလို့ နာကျင်ရတယ်ဆိုတာလဲ မှန်ပါတယ် ဒါပေမယ့် သူမရှိတော့ရင် ပိုပြီး နာကျင်ရမှာစိုးတဲ့ စိတ်နဲ့ ဆွဲထားနေမိတာပါ ။ 

ဖုန်းတွေ... မင်းဖက်က ဆက်ဖို့မလိုပါဘူး ကိုယ့်ဖက်ကပဲ စပြီးတော့ဆက်မယ် မအားလို့ဆိုတဲ့ စကားလေးတစ်ခွန်းကြားရင် အကြောင်းပြချက်တွေ မမေးပဲနဲ့ ချပေးမယ် ပြောချင်စိတ်ရှိမနေလို့ မကိုင်ချင်ဘူးဆိုတဲ့ အခါလဲ ဖြစ်ပါတယ် ။ 

နေရာတကာ သိချင်ခဲ့တဲ့ကိုယ်ဟာ အခုကျတော့ ဘာလို့လဲဆိုတဲ့ မေးခွန်းတွေ မမေးဖြစ်တော့တာ အတော့ကိုကြာပြီ ။ မေးပိုင်ခွင့်တွေလဲ ရှိမနေတော့ဘူးလေ ။ နေရာတကာ အရေးပါချင်တဲ့ကိုယ်က ချောင်ထိုးခံထားခဲ့ရတာ အတော်ကြာပြီ ။ ဒါပေမယ့် လှည့်ထွက်ရဲဖို့ထိတော့ သတ္တိတွေ ရှိမနေခဲ့သေးဘူး ။

အေးသထက် အေးစက်လာတဲ့ ဆက်ဆံရေးကို တစ်နေ့နေ့ကျရင်တော့ နွေးထွေးလာမှာပါဆိုတဲ့ မျှော်လင့်ချက်လေး တဖြေးဖြေး ဝေဝါးနေတာတောင် မစွန့်လွှတ်ရက်သေးဘူး အရင်လို ပြန်ဖြစ်လာမှာပါ ပြီးတော့ အရင်လို ပြန်ချစ်လာမှာပါဆိုပြီး ယုံချင်နေတုန်းပဲ ။

ဆွဲထားလို့ကော မြဲမှာလားတဲ့...  ကိုယ့်တစ်ဖက်တည်းက ချည်နေရတဲ့ ကြိုးလေးပဲလေ တစ်ဖက်က ဖြတ်ပစ်လိုက်တာနဲ့ တိကနဲ ပြတ်သွားမယ့်အမျိုးပဲဟာ ဘယ်မြဲလိမ့်မလဲ 

ဒါပေမယ့် ကိုယ် ခံနိုင်ရည်ရှိတဲ့အထိ ဆက်ပြီး ရှိနေချင်တုန်းမို့ပါ ။ ရူးလိုက်တာဆိုပြီး အပြစ်တင်ရင်လဲ ခံရုံပဲပေါ့ ။ 

 #ကျေးကို

Post a Comment

أحدث أقدم

Comments