" ပြိုင်မငြင်းတာ အကောင်းဆုံး "
"""""""""""""""""""""""""""''''''''''''
ဖောက်သည်နဲ့ " ငြင်း "
မင်း နိုင်သွားတော့
ဝယ်သူပျောက်တယ် ။
လုပ်ဖော်ကိုင်ဖက်နဲ့ " ငြင်း "
မင်း နိုင်သွားတော့
အဖွဲ့ ကွဲသွားတယ် ။
သူဌေးနဲ့ " ငြင်း "
မင်း နိုင်သွားတော့
အခွင့်အရေးတွေ ဆုံးရှုံးသွားတယ် ။
မိသားစုနဲ့ " ငြင်း "
မင်းနိုင်သွားတော့
မေတ္တာတွေ လျော့သွားတယ် ။
သူငယ်ချင်းတွေနဲ့ " ငြင်း "
မင်း နိုင်သွားတော့
မိတ်ပျက်သွားတယ် ။
သင်ဆရာနဲ့ " ငြင်း "
မင်း နိုင်သွားတော့
" ရိုင်းတယ် "လို့ အထင်ခံရတယ် ။
ချစ်သူနဲ့ " ငြင်း "
မင်း နိုင်သွားတော့
ခံစားချက်တွေ အေးစက်လာတယ် ။
ဘယ်သူနဲ့ ငြင်းငြင်း
မင်း နိုင်သွားတာနဲ့
တစ်ဖက်မှာ ဆုံးရှုံးသွားပြီးပြီ ။
ဒါကြောင့်
မှားမှား / မှန်မှန်
ပြိုင်မငြင်းတာ အကောင်းဆုံးပဲ ။
#မူရင်းရေးသားဖော်ပြသူအားလေးစားစွာခရက်ဒစ်ပေးပါသည်ခင်များ
#လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်
#အလင်းသစ်

إرسال تعليق