မိန်းကလေးတစ်ယောက် တိတ်ဆိတ်သွားတဲ့အခါ ...
ဘာမှ မဖြစ်ပါဘူးဆိုပြီး တိတ်ဆိတ်သွားတဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ထဲမှာ ကမ္ဘာတွေ အများကြီးပြတ်သွားတတ်တယ် ။ ပြီးတော့ ... အရင်က မလုပ်ရဲပါဘူးဆိုတဲ့ အရာတွေကို လုပ်ရဲတဲ့ သတ္တိတွေ ရှိသွားတတ်တယ် ။ မိန်းကလေးတစ်ယောက် တိတ်ဆိတ်သွားခြင်းမှာ အကြောင်းပြချက်တွေ အများကြီး ရှိနေနိုင်ပါတယ် ။ စိတ်ကုန်သွားတာမျိုး စိတ်ပျက်သွားတာမျိုး ဒါမှမဟုတ် ... ဘာဆိုဘာမှ ရှိမနေတော့တာမျိုး တစ်ခုခုပေါ့ ။
စကားတွေ အများကြီးပြောတတ်တဲ့ ကောင်မလေးက ... ခုဆို နှုတ်ခမ်းကို တင်းထားပြီး ဘာမှ မဖြစ်ပါဘူးဆိုတဲ့စကားတွေ အများကြီး သုံးတယ်လေ မဟုတ်လား ... အဆင်ပြေသွားမှာပါဆိုတဲ့ စကားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အားတင်းထားရင်းက ပြိုလဲချင်နေမိတဲ့ အတိတ်တွေရယ် ပြီးတော့ ... အဲ့ဒီပင်ပန်းမှုတွေကြားမှာ တဖြေးဖြေး မောပန်းလာတဲ့အခါ တိတ်ဆိတ်သွားတတ်ပါတယ် ။
တကယ်ဆို ... အဲ့ဒီကောင်မလေးက အများကြီး မျှော်လင့်ထားပြီး အများကြီး ပင်ပန်းနေခဲ့တာ ... ဖြစ်မလာတဲ့ မျှော်လင့်ချက်တွေ အများကြီးကို မျှော်လင့်ထားပြီး တစ်နေ့နေ့ကျရင်ဆိုတဲ့ အတွေးတွေနဲ့ နာကျင်နေရတာ များပြီမဟုတ်လား ... အဲ့ဒီ နာကျင်ရခြင်းတွေကို မုန်းမိလာတဲ့တစ်နေ့ကျရင် မိန်းကလေးတစ်ယောက်က စကားတွေ အများကြီး ပြောတော့မှာမဟုတ်ဘူး မျက်ရည်တွေ အများကြီး ကျနေတော့မှာမဟုတ်ဘူး ။ လုံး၀မထင်မှတ်ထားလောက်တဲ့အထိ တိတ်ဆိတ်ပြီး ကျွန်မ အဆင်ပြေပါတယ်ဆိုတဲ့ စကားတွေပဲ ပြောလိမ့်မယ်
ပြီးတော့ ... ဘာဖြစ်ရမှာလဲဆိုတဲ့ ပုံစံမျိုးနဲ့ မဲ့ပြုံးလေး ပြုံးပြလိမ့်မယ် အဲ့ဒီ အချိန် အခိုက်အတန့်တွေဟာ သူလက်ရှိ လုပ်နေမိတဲ့ ရူးနှမ်းတဲ့ အရာတွေအားလုံးကို ရပ်တန့်ပစ်နိုင်တဲ့အထိ လုံလောက်ပါတယ် ။
#ကျေးကို

Post a Comment