(ဘဝမှာ သူများအသုံးချခံ လူမဖြစ်စေဖို့အတွက်)

(ဘဝမှာ သူများအသုံးချခံ လူမဖြစ်စေဖို့အတွက်)
         အဓိကကျတဲ့ အချက်(၅)ချက်
        🌻🌻🌻🌻🌻🌻🌻🌻

ရှောင်ပါ....(တဖြေးဖြေး သိလာတယ်)


(1)သူတပါးအပေါ် သနားတတ်လွန်တဲ့စိတ်ကိုလျော့ပါ...
🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂

  ငါသာလျှင် သူ့နေရာမှာဆိုတဲ့စိတ်နဲ့
 လူတိုင်းအပေါ် သနားတတ်တဲ့
    လူတွေကပဲ အမြဲတမ်း 
အဲ့ဒီစိတ်ကြောင့် သူတပါးရဲ့ အသုံးချခံအဖြစ်နဲ့ ဘဝမှာ ရှင်သန်နေရတတ်ပါတယ်။

ဒါကြောင့် လူတိုင်းအပေါ်
မျှတစွာ တွေးပေးပြီး သနားကြင်နာတတ်ခြင်းက လူတချို့အတွက်
လိုအပ်ချက်တခု ဆိုပေမယ့် လူတချို့အတွက် သင့်ရဲ့သနားတတ်တဲ့စိတ်ကို ဟန်ဆောင်မျက် နှာဖုံးနဲ့ချနင်းသွားမယ့် လူတွေရှိနေတတ်ကြပါတယ်။

(2)ကိုယ်ချင်းစာစိတ်ကို လူတိုင်းကိုမပေးပါနဲ့ ပြန်သုံးသပ်ပါ...
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

လူတဖတ်သားအပေါ် အမြဲတမ်း
ကိုယ်ချင်းစာစိတ်နဲ့ တွေးပေးတတ်တဲ့
သူတွေဟာ တခုခုဆိုရင် သူများရဲ့အသုံးချခံ အဖြည့်ခံ လူသားတွေပါပဲ...

အဲ့ဒီစိတ်ကို
အခွင့်ကောင်းယူပြီး ကိုယ့်သိက္ခာ ကို
ချနင်းကြမယ့် သူတွေအတွက်
အဓိက အားသာချက်တခုပါ။

ဒါကြောင့် လူတိုင်းအပေါ် ကိုယ်ချင်းစာနာတတ်တဲ့ စိတ်နဲ့မြင်ပေးတာကောင်းပေမယ့် ပေးသင့်တဲ့လူလား
မပေးသင့်တဲ့လူလားဆိုတာ
ပြန်လည်သုံးသပ်ဖို့လိုပါတယ်။

(3)အားနာတတ်တဲ့ အကျင့်ကိုဖျောက်ပါ...
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

လူတိုင်းအပေါ် အားနာတတ်တဲ့ စိတ်ကြောင့် ကိုယ့်ဘက်က ဘယ်လိုအခြေနေမျိုးပဲရောက်ရောက် ကူညီတတ်ကြတဲ့
လူတွေရှိတတ်ကြပါတယ်...

ဒီလိုကူညီလိုက်လို့ သူအဆင်ပြေသွားပေမယ့်ကိုယ်အရေးကြုံလါတဲ့အခါကိုယ့်ဘက်ကအဆင်မပြေပဲ
ကျန်နေခဲ့တဲ့ အချိန်တွေ များနေမှာပါ

ဒီလိုအခြေနေမျိုးက တကြိမ်တစ်ခါဆိုတာထက်
အကြိမ်ကြိမ် အခါခါ ဖြစ်နေတတ်တာမျိုးပါ ဒါက ကိုယ့်ရဲ့အားနာတတ်တဲ့စိတ်ကြောင့် သူတပါးရဲ့ချနင်းခြင်းကို
မသိလိုက်ပဲ ကိုယ့်စိတ်ရင်းကိုက
ကူညီချင်တတ်တဲ့ သူတွေရဲ့အားနည်းချက်တစ်ခုပါပဲ ။

ဒီအားနည်းချက်ကိုပဲ အခွင့်ကောင်းယူပြီးကိုယ့်သိက္ခာ ချနင်းသွားမယ့် လူတွေအများကြီးရှိနေတတ်တာမမေ့ပါနဲ့။

(4)အယုံ မလွယ်ပါနဲ့
🌾🌾🌾🌾🌾🌾

အပြုံးတွေရဲ့ နောက်ကွယ်က
ဝှက်ထားတဲ့ ဓားသွားတွေကို
ကျွန်တော်တို့မမြင်နိူင်ပါဘူး

ဒီလိုပဲ ဘဝမှာ ကိုယ်ယုံကြည်ရတဲ့လူတွေကပဲ ကိုယ့်နောက်ကျောကို
ဓားနဲ့ထိုးသွားတာချည်းပဲမဟုတ်လား???

ကိုယ့်ဒူးတောင် ကိုယ်မယုံကြည်ရတဲ့ခေတ်ကြီးထဲမှာ အယုံလွယ်ပြီး သနားတတ်တဲ့ သင့်ကို ချနင်းမယ့်
ဟန်ဆောင်မျက်နှာဖုံးတွေ နဲ့လူတွေ
နေရာတိုင်းမှာ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့ ။

(5)ရိုးသားပါ။ မတုံးအပါနဲ့
💐💐💐💐💐💐💐

ရိုးသားသည့်ဂုဏ် စား၍မကုန်ဆိုတဲ့
ဆိုရိုးစကားက မှန်တယ်ဆိုပေမယ့်
ရိုးသားခြင်းဆိုတဲ့ နောက်က
တုံးအခြင်းကို တွဲမထားပါနဲ့...

လူတိုင်းက ကိုယ့်လိုစိတ်မျိုး
ရှိချင်မှ ရှိနိူင်တဲ့အတွက်
လူတိုင်းအပေါ် အရိုးခံနဲ့ပေါင်းသင်းဆက်ဆံခြင်းမျိုးက လူတချို့အတွက်
ကောင်းပေမယ့် လူတချို့အတွက်
သင့်ရဲ့ရိုးသားခြင်းကို အခွင့်ကောင်းယူပြီးကိုယ့်သိက္ခာ ကျဆင်းအောင်
ချောက်တွန်းဖို့ စောင့်နေတဲ့ လူတွေရှိနေတတ်ပါတယ်။

ဒါကြောင့် ရိုးသားခြင်းက
ဂုဏ်ယူစရာဆိုပေမယ့် "တုံးအ"ပြီး
လူတကားချနင်းမယ် ခပ်နုံနုံ လူအတစ်ယောက်တော့မဖြစ်ပါစေနဲ့။

ဘဝမှာ ကိုယ်ကောင်းနေသ၍
ကိုယ့်ခေါင်းဘယ်မှ မရွေ့ဘူးဆိုပေမယ့်
ကိုယ့်အနား ရောက်လာသူတိုင်းက
ကိုယ့်အပေါ် ကောင်းဖို့ဆိုတာထက်
သူတို့အပေါ် ကောင်းနေလို့သာ
ကိုယ့်အနားမှာ ရှိနေခြင်းလည်း
ဖြစ်နိူင်ပါတယ်။

ဒါကြောင့်ဘဝမှာ အသုံးချခံ ချနင်းခံရမယ့် လူမဖြစ်စေဖို့အတွက်အဓိကကျတဲ့ အချက်(5)ချက်ကို တင်ပြပေးလိုက်ပါတယ်။

#မူရင်းရေးသားဖော်ပြသူအားလေးစားစွာခရက်ဒစ်ပေးပါသည်ခင်များ 

#လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည် 

#အလင်းသစ်

Post a Comment

Previous Post Next Post

Comments