စိတ်ကို လျော်ဖွတ် လိုက်ပါ
----------------
အဝတ်အစား တွေ ညစ်ပတ်တဲ့အခါ ဆပ်ပြာနဲ့ ပြန်ပြီး လျှော်ဖွပ်လေ့ ရှိ ကြတယ်၊ ညစ်ပတ်နေပေမဲ့ ဆပ်ပြာနဲ့လျှော်ရင် ပြောင်တယ်ဆိုတဲ့အသိကြောင့် အဝတ်အစားညစ်ပတ်တဲ့အခါ စိတ်မညစ်ကြဘူး။
မိမိတို့ရဲ့ စိတ်ဟာလည်း လောဘ ဒေါသ မောဟ တွေကြောင့် မကြာခဏ ညစ်နွမ်းလေ့ရှိကြတယ်၊ အဲဒီအခါကျရင် စိတ်ညစ်လိုက်တာ စိတ်ညစ်လိုက်တာ ဆိုပြီး ညည်းတွား လေ့ရှိကြတယ်။
ညစ် နေတဲ့ စိတ်ကိုရော ပြန်လည်သန့်စင်အောင် လျှော်ဖွတ် နိုင်တဲ့အရာ မရှိလို့လား။
ရှိတာပေါ့
သိပ်ရှိတာပေါ့
စိတ် ညစ်လာပြီဆိုရင် ဘုရားဝေယျာဝစ္စလုပ်တာမျိုး ဂုဏ်တော်ပွားတာမျိုး တရားထိုင်တာမျိုး စတဲ့ ကုသိုလ်ရေးအလုပ်တွေ လုပ်လိုက်မယ် ဆိုရင် စိတ်ဟာလည်း ခဏလေးနဲ့ ပြန်လည် သန့်စင်သွားပါတယ်။
ဒါဆိုရင်
စိတ်ညစ်လာတဲ့အခါ စိတ်ကို ပြန်လည်သန့်စင်အောင်မလုပ်ပဲ စိတ်ညစ်လိုက်တာ စိတ်ညစ် လိုက်တာ ဆိုပြီး ညည်းနေမယ်ဆိုရင်
အဆင်ပြေပါ့မလား။
အဝတ် ညစ် လာရင် ပြန်လည်လျှော်ဖွပ် ဖို့ ဆပ်ပြာရှိတယ်။
စိတ် ညစ်လာရင် ပြန်လည်လျှော်ဖွပ် ဖို့ ကုသိုလ်ဆေး ရှိတယ်။
ဆပ်ပြာရှိလျက် မလျော်ပဲ ပြစ်ထားတာပြီး ငါ့အဝတ်ညစ်ပတ်လိုက်တာ ဆိုပြီး ညည်းနေမယ်ဆိုရင် အဆင်မပြေနိုင်သလို
စိတ် ညစ် လာလို့ ကုသိုလ်အလုပ်မလုပ်ပဲ စိတ်ညစ်လိုက်တာဆိုပြီး ညည်းနေရင်လည်း အဆင်မပြေပါနိုင်ပါဘူး။
နေမကောင်း နေတာကို ဆေးရှိပါလျှက်
မသောက်ပဲ နေတာ
ဘယ်သူ့အပြစ်လဲ။
စိတ်ညစ် လာတဲ့ အခါတိုင်း ညည်းနေမဲ့အစား
ဘုရားစင်ရှေ့ သွားပြီး စိတ်ကို လျှော်ဖွပ် တဲ့အလုပ် လုပ်ကြည့်ပါ၊ ညစ်နေတဲ့စိတ်ဟာ ပြန်လည်ကြည်လင်လာတာကို အံ့သြဖွယ်ရာ တွေ့ ရှိရပါလိမ့်မယ်။
မေတ္တာဖြင့်
ဦးမြင့်ခိုင်

Post a Comment