တချို့မျက်လုံးတွေက ဆန်းကြယ်တယ်

တချို့မျက်လုံးတွေက 
ဆန်းကြယ်တယ် 


ကိုယ်ကောင်းနေရင် 
ကန်းနေသလောက် 
မရှိရှိတဲ့ အမှားမျိုးကျ
ကွက်ကွက်ကွင်းကွင်း မြင်တတ်တာမျိုးလေ

ကိုယ်ကောင်းတယ် မကောင်းဘူးဆိုတာထက်
ကိုယ်မကောင်းတာတွေချည်း
ကွက်ပြီး မြင်တတ်ကြတာပေါ့

ဒါကို 
စေတနာလို့ ခေါင်းစဉ်တပ်ပြီး
ထောက်ပြတာပါဆိုပြီး
စကားအလှလေးတွေ သုံးတတ်ကြသေးတယ်

#သျှင်ယွန်း

Post a Comment

Previous Post Next Post

Comments